ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မင်းဘူးပြည်သူ့ဆေးရုံကြီးနှင့် မကွေးပြည်သူ့ဆေးရုံကြီး ကြည့်ရှုစစ်ဆေး
ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း မင်းဘူးပြည်သူ့ဆေးရုံကြီးနှင့် မကွေးပြည်သူ့ဆေးရုံကြီး ကြည့်ရှုစစ်ဆေး
Ministry of Information/ Naypyitaw / May 22, 2026
နေပြည်တော် မေ ၂၁
ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်းနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်ကိုကိုတို့သည် ယနေ့နံနက်ပိုင်းတွင် မင်းဘူးပြည်သူ့ဆေးရုံကြီးကို လှည့်လည်ကြည့်ရှုကာ အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် မကွေးပြည်သူ့ဆေးရုံကြီး၌ ဆောက်လုပ်ရေးဝန်ကြီးဌာနက ငါးထပ်ကုသဆောင်သစ် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်ကာ အဆောက်အအုံ အရည်အသွေးကောင်းမွန်စွာ၊ ဖွဲ့စည်းတည်ဆောက်ပုံ မှန်ကန်စွာဖြင့် အချိန်မီပြီးစီးစေရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။ မကွေးပြည်သူ့ဆေးရုံကြီး အထွေထွေရောဂါကုသဆောင်၊ ဆီးချိုနှင့် ဟော်မုန်းရောဂါကုသဌာန၊ ဆီးနှင့်ကျောက်ကပ်ကုသဌာန၊ ကလေးကုသဆောင်၊ မွေးကင်းစအထူးကြပ်မတ်ကုသ ဆောင်၊ မျက်စိရောဂါကုသဆောင်တို့ကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် အစည်းအဝေးခန်းမ၌ ဆေးရုံအုပ်ကြီး၊ ပါမောက္ခ/အထူးကု ဆရာဝန်ကြီးများ၊ လက်ထောက်ဆရာဝန်များ၊ သူနာပြုများ၊ ဆေးရုံဝန်ထမ်းများနှင့်တွေ့ဆုံကာ ဆေးကုသရေး လုပ်ငန်းများနှင့် သင်ကြားရေးလုပ်ငန်းများ ပိုမိုတိုးတက်စေရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
“ပြည်သူအတွက် လိုအပ်သောအကူအညီကို ဖြည့်ဆည်းပေးခြင်း” (Public Feedback Program) အစီအစဉ် ကြေညာခြင်း
Posted on May 21, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက်...
Posted on May 19, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုတိုင်းရင်းသားကျေးရွာ(ရန်ကုန်)ရှိ မြေနေရာအချို့နှင့် အဆောက်အဦအချို့အား နှစ်တို/ နှစ်ရှည် ငှားရမ်းဆောင်ရွက်နိုင်ရန်အတွက် စိတ်ဝင်စားသူများအား ဖိတ်ခေါ်ခြင်း (Expression of Interest)
ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား...
Posted on Feb 28, 2026ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသရှိ ငလျင်ဒဏ်သင့် ကျေးရွာများရှိ အိမ်ထောင်စု(၅၀) တွင် အိမ်သုံး Solar System တပ်ဆင်ခြင်းလုပ်ငန်းအတွက် တင်ဒါအောင်မြင်သော ကုမ္ပဏီအား ကြေညာခြင်း
