ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သီလဝါဆိပ်ကမ်းဒေသအကွက်အမှတ် (၂၉) ရှိ ခေတ်မီသိုလှောင်ရုံအမှတ် (၁) လုပ်ငန်းစတင်ခြင်း အခမ်းအနားတက်ရောက်

ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး သီလဝါဆိပ်ကမ်းဒေသအကွက်အမှတ် (၂၉) ရှိ ခေတ်မီသိုလှောင်ရုံအမှတ် (၁) လုပ်ငန်းစတင်ခြင်း အခမ်းအနားတက်ရောက်


Ministry of Information/ Naypyitaw / June 01, 2026
image_latest


ရန်ကုန် မေ ၃၁

ပို့ဆောင်ရေးဝန်ကြီးဌာန မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၏ ကြီးကြပ်မှုဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလီမိတက် (MAGD-PL) ၏ ခေတ်မီသိုလှောင်ရုံ အမှတ် (၁) လုပ်ငန်းစတင်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သီလဝါဆိပ်ကမ်းဒေသရှိ အကွက်အမှတ် (၂၉) ၌ ကျင်းပသည်။

အခမ်းအနားသို့ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒီဂျစ်တယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် တာဝန်ရှိသူများ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ ညီနောင်အသင်းများနှင့် သီလဝါရှိ ဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် MAGDPL ကုမ္ပဏီဥက္ကဋ္ဌတို့က အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက အထိမ်းအမှတ်ကမ္ပည်းမော်ကွန်းကြေးပြားကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။

ယင်းနောက် ခေတ်မီသိုလှောင်ရုံအတွင်းရှိ ခန်းမတွင် ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံ၏ကုန်သွယ်မှုကို မြှင့်တင်ပေးနိုင်မည့် Transit Trade နှင့် Transshipment လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သီလဝါဒေသဆိပ်ကမ်းများသည် အဓိကအားကိုးရာနေရာများဖြစ်ကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများပိုင်လီမိတက် (MAGDPL) အနေဖြင့် သီလဝါဆိပ်ကမ်းဒေသတွင် နိုင်ငံတကာကုန်သွယ်မှုအတွက် လိုအပ်သော အခြေခံအဆောက်အအုံဖြစ်သည့် ခေတ်မီသိုလှောင်ရုံကြီးကို အောင်မြင်စွာ တည်ဆောက်လည်ပတ်လုပ်ကိုင်နိုင်ပြီဖြစ်သည့်အတွက် ကျန်ရှိသည့် သိုလှောင်ရုံသုံးလုံးကိုလည်း အဆင့်လိုက်ရင်းနှီးမြှုပ်နှံတည်ဆောက်သွားရန်နှင့် သီလဝါဆိပ်ကမ်းဒေသရှိ တည်ဆောက်ဆဲနှင့် တည်ဆောက်ရန်ကျန်သည့် လုပ်ငန်းရှင်များအနေဖြင့်လည်း အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ခေတ်မီသိုလှောင်ရုံတည်ဆောက်ခြင်းနှင့် သက်ဆိုင်သည့် အချက်အလက်များကို မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြပြီး သိုလှောင်ရုံတည်ဆောက်မှုဆိုင်ရာမှတ်တမ်း Video Clip ကို ရှင်းလင်းတင်ပြကြကာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့က ခေတ်မီသိုလှောင်ရုံအတွင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်နှင့် အသင်းအဖွဲ့အသီးသီးမှ ပြသထားသည့် ပြခန်းများ၊ ပြည်ပသို့တင်ပို့မည့် ပြောင်းစေ့များ စုပုံသိုလှောင်ထားမှုနှင့် ဆက်လက်တည်ဆောက်မည့် သိုလှောင်ရုံနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ဒေါပုံရုံးခွဲ) သို့ ရောက်ရှိကြပြီး Computer Based Examination (CBE) Centre ကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပြည်ထောင်စုဝန်ကြီးက CBE စနစ်ကို သတ်မှတ်ထားသည့် လုပ်ငန်းစဉ်များအတိုင်း စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်ရန်၊ သင်္ဘောသားများအနေဖြင့် ပင်လယ်ပြင်တွင် အန္တရာယ်ကင်းရှင်းရေးအတွက် ဆုံးဖြတ်ချက်မှန်ကန်စွာ ချမှတ်နိုင်ခြင်းသည် အရေးကြီးသဖြင့် Decision-making ဆိုင်ရာမေးခွန်းများ ထည့်သွင်းနိုင်ရေး၊ စံပြအဖြေများကို သင်ရိုးညွှန်းတမ်းများတွင် ထည့်သွင်းနိုင်ရေးနှင့် နောင်စာမေးပွဲများတွင် မေးမြန်းနိုင်ရေး၊ မေးခွန်းများကို ခေတ်နှင့်အညီ ပြင်ဆင်မွမ်းမံရေးအထူးအလေးထားဆောင်ရွက်ကြရန် ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၂ ရက် ၊ ဇွန် ၁ ရက်၊ တနင်္လာနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁ ရက် ၊ မေ ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်နေ့ ၊ မေ ၃၀ ရက်၊ စနေနေ့။


Posted on May 29, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၄ ရက် ၊ မေ ၂၉ ရက်၊ သောကြာနေ့။


Posted on May 28, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၃ ရက် ၊ မေ ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on May 27, 2026

၁၃၈၈ ခုနှစ်၊ နယုန်လဆန်း ၁၂ ရက် ၊ မေ ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 27, 2026
AnnouncementsExplore more >

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Jun 1, 2026

စစ်ကိုင်းခရိုင်ရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏...

Posted on May 29, 2026

ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့်ခေါ်ယူသည့် ကြော်ငြာပါရာထူး တွင် တာဝန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ သီးခြားစည်းကမ်းချက်များရှိသည့် ဌာနများ၏ ဆက်သွယ်ရန်ဖုန်းနံပါတ်များ

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)

Posted on May 29, 2026

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေး ကော်မတီတို့တွင် လစ်လပ်လျက်ရှိသော ရာထူးများအတွက် ကြော်ငြာခေါ်ယူခြင်း (ကြော်ငြာစာ အမှတ်၊ ၂/၂၀၂၆)