ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးကိုကိုလတ်ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးကိုကိုလတ်ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာပေးပို့


Ministry of Information/ Naypyitaw / April 10, 2026
image_latest


နေပြည်တော် ဧပြီ ၉

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ရွေးကောက်တင်မြှောက်ခြင်းခံရသော သမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထံသို့ မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန် ဦးကိုကိုလတ်ထံမှ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့သည်။

ရက်စွဲ၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၈ ရက်

ဦးမင်းအောင်လှိုင်

နိုင်ငံတော်သမ္မတ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

နေပြည်တော်

သမ္မတကြီးခင်ဗျား၊

သမ္မတကြီးအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံရသည့်အတွက် မြန်မာနိုင်ငံဆိုင်ရာ အိုက်စလန်နိုင်ငံဂုဏ်ထူးဆောင် ကောင်စစ်ဝန် ကျွန်တော့်အနေဖြင့် လှိုက်လှဲနွေးထွေးစွာ ဝမ်းမြောက်ဂုဏ်ယူပါကြောင်း ပြောကြားလိုပါသည်။

နိုင်ငံတော်အတွက် ယခုကဲ့သို့ အရေးကြီးသောအချိန်အခါသမယတွင် သမ္မတကြီးအား ရွေးကောက်တင်မြှောက်လိုက်ခြင်းသည် သမ္မတကြီး၏ ဦးဆောင်မှုအပေါ် ယုံကြည်အလေးထားမှုကို ထင်ဟပ်စေပါသည်။ သမ္မတကြီး၏ လမ်းညွှန်မှုအောက်တွင် မြန်မာနိုင်ငံသည် ပြည်သူများ၏ အကျိုးစီးပွားအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုများရရှိစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ကျွန်တော်အခိုင်အမာ ယုံကြည်ပါသည်။

အခါအခွင့်ကြုံခိုက် မြန်မာနိုင်ငံနှင့် အိုက်စလန်နိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး ပိုမိုခိုင်မာစေရန်နှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုတို့အပါအဝင် အပြန်အလှန် အကျိုးဖြစ်ထွန်းရရှိစေမည့် နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်သွားရန် ကျွန်တော်၏ကတိကဝတ်များကို ထပ်လောင်းအတည်ပြုပါသည်။

သမ္မတကြီးအား အစဉ်ချစ်ကြည်လေးစားလျက်ရှိပါကြောင်းနှင့် ယခုလိုအရေးကြီးသော တာဝန်များကို ထမ်းဆောင်ရာတွင် အောင်မြင်မှုများ ဆက်လက်ရရှိပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

လေးစားမှုဖြင့်

          ကိုကိုလတ်

          မြန်မာနိုင်ငံဆိုင်ရာ

          အိုက်စလန်နိုင်ငံဂုဏ်ထူးဆောင်ကောင်စစ်ဝန်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 08, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Apr 07, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Posted on Apr 06, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026
AnnouncementsExplore more >

အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

Posted on Apr 9, 2026

အခွန်အယူခံခုံအဖွဲ့ရုံးတွင်(၂၃-၄-၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀)နာရီမှစ၍ ခုံအဖွဲ့ရှေ့မှောက်၌ ကြားနာရန် ချိန်းဆိုထားသော အမှုများစာရင်း

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery...

Posted on Apr 3, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်