ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကြည့်ရှုအားပေး

ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲကြည့်ရှုအားပေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / October 12, 2025


ဘားအံ အောက်တိုဘာ ၁၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ၏ (၆/၂၀၂၅) ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက မဲစာရင်းပြုစုရာတွင် အခြေခံရမည့်အသက်(၁၈)နှစ်နှင့်အထက် အတည်ပြုလူဦးရေစာရင်းထပ်မံပေးပို့ ရာတွင် ပြည့်စုံမှန်ကန်ရေး၊ နောက်ဆုံးအကြိမ်ထုတ်ပြန်မည့်မဲစာရင်းပြည့်စုံမှန်ကန်ရေး၊ မဲပေးခွင့်ရှိသူတိုင်းမဲပေးနိုင် ရေး၊ မဲပေးခွင့်မရှိသူများမဲစာရင်းတွင်ပါဝင်ခြင်းမရှိစေရေးအတွက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီတွင်ပါဝင်ဖွဲ့စည်းထားသည့် ပြည်နယ်/ခရိုင်/မြို့နယ်သက်ဆိုင်ရာဌာနဆိုင်ရာအဖွဲ့အစည်း အဆင့် ဆင့်က အထူးအလေးအနက်ထား ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီတွဲဘက်အတွင်းရေးမှူး ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညွှန်ကြားရေးမှူးဦးကျော်မြင့်က မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက် ပြီးစီးမှု၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူပြီးစီးမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းပြုစုရာ တွင် အခြေခံရမည့်လူဦးရေစာရင်းနှင့်မဲစာရင်းကြေညာခြင်းတို့ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲအရာရှိက ပထမအကြိမ်မဲစာရင်းကပ်ထားကြေညာရာ၌ မဲစာရင်းလာရောက်ပြင်ဆင် ခြင်း၊ ဖြည့်စွက်ခြင်း၊ ကန့်ကွက်ခြင်းဆောင်ရွက်မှု၊ မြေပြင်ကွင်းဆင်းကော်မတီစာရင်းနှင့်ပထမအကြိမ်မဲစာရင်း နှိုင်းယှဉ်ချက်တို့ကို ရှင်းလင်းတင်ပြကာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဝိုင်းဝန်းအကြံပြုဖြည့်စွက်ဆွေးနွေးကြသည်။

ယင်းနောက် မြို့နယ်မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များက သက်ဆိုင် ရာမြို့နယ်များအလိုက် ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များအပေါ်လိုက်နာဆောင်ရွက်ပြီးစီးမှု၊ မဲစာရင်းကပ် ထားကြေညာဆောင်ရွက်မှု၊ မဲစာရင်းကြေညာကပ်ထားမှုအပေါ် တောင်းဆို၊ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်မှုများ ဆောင်ရွက်ထားရှိမှုအခြေအနေ၊ယာယီနေရပ် စွန့်ခွာပြည်သူများမဲစာရင်းပါရှိရေးနှင့် ဆန္ဒမဲပေးနိုင်ရေးဆောင်ရွက် ထားရှိမှုအခြေနေများကို ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ်အမှာ စကားပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ အုပ်စု(ခ) ဘားအံဇုန် အုပ်စုပတ်လည်ပြိုင်ပွဲများကို ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်းတွင် အိမ်ရှင် အဖြစ် လက်ခံကျင်းပလျက်ရှိရာ အောက်တိုဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၃ နာရီက အုပ်စုအဖွင့်ပွဲစဉ်အနေဖြင့် နေပြည်တော်ကောင်စီအသင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ဘောလုံးအားကစားဝါသနာရှင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာများက တစ်ခဲနက်ကြည့်ရှုအားပေး ခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ရန်ကုန်တိုင်းဒေသကြီးအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနမှကြီးမှူး၍ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး အုပ်စု(ခ)ဘားအံဇုန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော်ကောင်စီနှင့် ကရင်ပြည်နယ်အသင်းတို့ပါဝင်ကာ အောက်တိုဘာလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ထိ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ရာ မည်သူမဆိုအခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းနှင့် ရှုံးထွက် ပွဲစဉ်များနှင့်ဗိုလ်လုပွဲစဉ်တို့ကို ရန်ကုန်မြို့ရှိ ဘောလုံးအားကစားကွင်းများတွင် ဆက်လက်ယှဉ်ပြိုင်ကစား သွားကြမည်ဖြစ်ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Posted on Nov 14, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Posted on Nov 13, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025
AnnouncementsExplore more >

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Posted on Nov 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

HOT NEWS
January 4,