ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်ပြည်နယ်ဧည့်ရိပ်သာတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ကရင်ပြည်နယ်ဧည့်ရိပ်သာတည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး
Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ရုံး / April 30, 2025
ဘားအံ - ဧပြီ (၃၀)
ကရင်ပြည်နယ်အတွင်း နိုင်ငံတော်အဆင့်အကြီးအကဲများ၊ အရေးကြီးပုဂ္ဂိုလ်များနှင့်နိုင်ငံတကာမှအထူးဧည့် သည်တော်များ ရောက်ရှိတည်းခိုနေထိုင်နိုင်ရေး ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်လျက်ရှိသော ကရင်ပြည်နယ်ဧည့်ရိပ်သာတည်ဆောက်ရေးလုပ်ငန်းခွင်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူ များက ဧပြီလ ၃၀ ရက်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အဆိုပါဧည့်ရိပ်သာမှာ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီး၊ စိန်ပန်းပြာလမ်းနှင့်စိန်ပန်းနီလမ်းထောင့် တွင်တည်ရှိပြီး Meeting room နှင့် Dining room အပါအိပ်ခန်းပေါင်း ၂၉ ခန်းပါဝင်သော (၁၅၀ပေ x ၄၈ပေ) RC(၆)ထပ် အဆောက်အဦနှင့် ဆက်စပ်လုပ်ငန်းများပါဝင်ကာ ပင်မဆောင်တည်ဆောက်ရေးလုပ်ငန်းအနေဖြင့် ရာနှုန်းပြည့်ပြီးစီးနေပြီး အဆောက်အဦအတွင်း ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများ ထည့်သွင်းရန်နှင့် ဆက်စပ် လုပ်ငန်းများသာ ပြီးစီးရန်ကျန်ရှိနေခြင်းဖြစ်သည်။
ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဧည့်ရိပ်သာပရိဝုဏ်စိမ်းလန်းစိုပြေရေး၊ ပန်းအလှပင်များစိုက် ပျိုးနိုင်ရေး၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများ၊ ဧည့်ရိပ်သာပင်မဆောင်အတွင်း ပရိဘောဂ၊ အသုံးအဆောင်ပစ္စည်းများ ထည့် သွင်းနိုင်ရေး၊ ဧည့်ရိပ်သာဝန်ထမ်းများနေထိုင်ရန် (၂)ခန်းတွဲ(၃)ထပ်ဝန်ထမ်းအိမ်ရာနှင့် အခြားဆက်စပ်လုပ်ငန်းများ တည်ဆောက်မည့်မြေနေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ အဆောက်အဦအထူးအဖွဲ့(၁၃) ဒုတိယညွှန်ကြား ရေးမှူး(မြို့ပြ)ဦးမြင့်သူနှင့်တာဝန်ရှိသူများက ဧည့်ရိပ်သာအဆောက်အဦ အထူးအချောသတ်လုပ်ငန်းဆောင်ရွက်ခြင်း၊ မြို့ပြလုပ်ငန်း၊ လျှပ်စစ်လုပ်ငန်း၊ ရေသန့်လုပ်ငန်း၊ ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများနှင့် ပြင်ပဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်ဧည့်ရိပ်သာပတ်ဝန်းကျင် သန့်ရှင်း သာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ အဆောက်အဦများစနစ်တကျရှိစေရေး လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ် ခွင့်ပြုဘဏ္ဍာရန်ပုံငွေဖြင့်တည်ဆောက်သော Youth Centre(လူငယ်စင်တာ)(၁၄၀ပေx၈၀ပေ) RC သုံးထပ် အဆောက် အဦတည်ဆောက်ပြီးစီးမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက တည်ဆောက်ရေး လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံတက္ကသိုလ်ပင်မဆောင်၌ တောင်ပိုင်း ရေတပ်ကွပ်ကဲမှုဌာနချုပ်မှကြီးမှူးဖွင့်လှစ်သည့် ဘားအံရေကြောင်းလူငယ်စခန်း၏ ရေကြောင်းလူငယ်အခြေခံ သင်တန်း အမှတ်စဉ်(၁/၂၀၂၅)ဖွင့်လှစ်သင်ကြားပို့ချမှုကို သွားရောက်ကြည့်ရှုအားပေးရာ သင်တန်းနည်းပြများ၏ အခြေခံစစ်ရေးပြလေ့ကျင့်ခန်း သင်ကြားပို့ချပေးနေမှု၊ စာသင်ခန်းများအတွင်း သင်တန်းနည်းပြများ၏ ရေကြောင်း ဘာသာရပ်များကို သင်ကြားပို့ချပေးနေမှုနှင့် သင်တန်းနားချိန်တွင် သင်တန်းသား၊သင်တန်းသူများ၏ နေလည်စာ သုံးဆောင်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးကြပြီး သင်တန်းတာဝန်ခံအရာရှိကြီးနှင့် တာဝန်ရှိသူ များအား လိုအပ်သည်များမှာကြား၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။





စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
Posted on Mar 3, 2026စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Posted on Mar 3, 2026၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းအတွက် ပစ္စည်းများဝယ်ယူရန် တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း
Myanmar National Human Rights Commission Statement No. ( 2 / 2026)
Posted on Mar 2, 2026The Acting President of the Republic of the Union of Myanmar, in commemoration of the Full Moon Day of Tabaung in the year 1387 ME and Peasants’ Day falling on 2 March 2026,
