ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ကျင်းပ

ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲ ကျင်းပ


Ministry of Information/ Naypyitaw / May 05, 2026
image_latest


နေပြည်တော် မေ ၄

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း အမှတ်စဉ် (၁၂) သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၌ကျင်းပရာ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ပြည်သူ့ဘဏ္ဍာရေး စီမံခန့်ခွဲမှုသင်တန်းကျောင်း စီမံခန့်ခွဲမှုအဖွဲ့ အဖွဲ့ဝင်များ၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း၏ “ခိုင်မာသည့် ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုစနစ်ကို ဖော်ဆောင်ရန်အတွက် စွမ်းရည်ပြည့်ဝသည့် နိုင်ငံ့ဝန်ထမ်းများ မွေးထုတ်ပေးရန်” ဟူသော ရည်မှန်းချက်နှင့်အညီ ယခုသင်တန်းတွင် စီမံကိန်းနှင့် ဘတ်ဂျက်ရေးဆွဲ အကောင်အထည်ဖော်ခြင်း၊ စာရင်းပြုစုခြင်း၊ စာရင်းနှင့်လုပ်ငန်းစစ်ဆေးခြင်း၊ ဘဏ္ဍာရေးနှင့် စီမံခန့်ခွဲမှုစသည့် ဘာသာရပ်များကို သင်ကြားပို့ချ ပေးခဲ့ကြောင်း၊ သင်တန်းသား သင်တန်းသူများ အနေဖြင့် ယင်းဘာသာရပ်များကို လေ့လာမှတ်သား၍ နိုင်ငံ၏ မူဝါဒ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူ့ဘဏ္ဍာရေးစီမံခန့်ခွဲမှုများကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူတို့၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်ပေးကြရန်ဖြစ်ကြောင်း၊ သင်တန်းတွင် လေ့လာသင်ယူ ခဲ့ရသည်များကို ဌာနတွင်လက်တွေ့အသုံးချရေး၊ လုပ်ဖော်ကိုင်ဖက်ဝန်ထမ်းများအား ပြန်လည်မျှဝေဆွေးနွေးခြင်း၊ ဆက်လက်လေ့လာ ဆည်းပူးကြရေးတို့ကို အစဉ်တစိုက်လုပ်ဆောင်သွားကြရန်ဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းစွမ်းဆောင်ရည် တိုးမြင့်လာရေးအတွက် အစဉ်ကြိုးစားကြရန်ဖြစ်ပြီး စွမ်းဆောင်ရည်များ တိုးမြင့်လာသည်နှင့်အမျှ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် ထိရောက်စွာ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ကြမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးက သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု အခြေခံသင်တန်း အမှတ်စဉ် (၁၂) သင်တန်းသို့ ဝန်ကြီးဌာနများမှ သင်တန်းသား သင်တန်းသူ ၄၁ ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ သုံးလခွဲခန့် ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၅ ရက်၊ အင်္ဂါနေ့။


Posted on May 05, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၄ ရက်၊ တနင်္လာနေ့။


Posted on May 04, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၃ ရက်၊ တနင်္ဂနွေနေ့။


Posted on May 03, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၂ ရက်၊ မေ ၂ ရက်၊ စနေနေ့။


Posted on May 02, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁ ရက်၊ မေ ၁ ရက်၊ သောကြာနေ့။


Posted on May 01, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ဧပြီ ၃၀ ရက်၊ ကြာသပတေးနေ့။


Posted on Apr 30, 2026
AnnouncementsExplore more >

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)

Posted on May 1, 2026

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။