ပြိုင်ပွဲတိုင်း အနိုင်ရရေးသည် ပခုံးထက်က အမျိုးသားရေးတာဝန်

ပြိုင်ပွဲတိုင်း အနိုင်ရရေးသည် ပခုံးထက်က အမျိုးသားရေးတာဝန်


Ministry of Information/ Naypyitaw / December 07, 2025
image_latest


ထိုင်းနိုင်ငံတွင် ကျင်းပသည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲကြီး၏ ဖွင့်ပွဲအခမ်းအနား မစတင်သေးသော်လည်း အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲများ စတင်ခဲ့ပြီးဖြစ်သည်။ ပွဲစဉ်များအစတွင် မြန်မာအမျိုးသမီးအသင်းအဖွင့်လှခဲ့ပြီး အမျိုးသားအသင်း အဖွင့်မလှခဲ့သည့်တိုင် ဆက်လက်ကြိုးစားရန် အခွင့်အလမ်းများနှင့်အတူ မြန်မာနိုင်ငံတစ်ဝန်းမှ ပရိသတ်များက အားပေးနေကြဦးမည်ဖြစ်သည်။

(၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် အားကစားနည်း ၅၄ မျိုး ထည့်သွင်းကျင်းပသည့်အနက် မြန်မာနိုင်ငံက အားကစားနည်း ၃၈ မျိုးတွင် အဆင့်မီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားလေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။ နိုင်ငံကိုကိုယ်စားပြု၍ ယှဉ်ပြိုင်ကြရမည့် နိုင်ငံ့လက်ရွေးစင်အားကစားသမားများ ကျန်းမာကြံ့ခိုင်မှု၊ နည်းစနစ်ပိုင်နိုင်ကျွမ်းကျင်မှု၊ အားကစားစွမ်းဆောင်ရည်မြင့်မားမှု၊ စံချိန်စံညွှန်းကောင်းမွန်မှုတို့အပါအဝင် အားကစားသမားများ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း၊ အားကစားပညာရပ်ပိုင်းတို့ကို လေ့ကျင့်ပြင်ဆင်ချိန်ကာလအတွင်း ပြင်းပြင်းထန်ထန်၊ ပြည့်ပြည့်ဝဝဆောင်ရွက်ခဲ့ကြပြီးဖြစ်ရာ ပြိုင်ပွဲဝင်ကာလတွင်မူ မိမိတို့၏ အောင်စိတ်ကို အမြင့်ဆုံးမြှင့်တင် အားကုန်ကြိုးပမ်း ယှဉ်ပြိုင်သွားကြရမည်ဖြစ်သည်။ ပြိုင်ပွဲတွင် အောင်ပွဲရရှိမှုသည် အမိနိုင်ငံတော်၏အလံကို အမြင့်ဆုံးသို့လွှင့်ထူပြီး နိုင်ငံ၏ဂုဏ်ကိုပါ မြှင့်တင်နိုင်ခြင်းဖြစ်သည့်အလျောက် မြန်မာနိုင်ငံကိုယ်စားပြု အားကစားအဖွဲ့ဝင်အားလုံးက ဇွဲ၊ လုံ့လ၊ ဝီရိယကို အရင်းပြုပြီး နိုင်ငံ့တာဝန်ကျေပွန်ကြရန်လိုသည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မြန်မာအသင်းသည် အားကစားနည်း ၁၉ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ကာ ရွှေတံဆိပ် ၂၁ ဆု၊ ငွေတံဆိပ် ၂၅ ဆု၊ ကြေးတံဆိပ် ၆၈ ဆု စုစုပေါင်း ၁၁၄ ဆု ဆွတ်ခူးနိုင်ခဲ့သည်။ ယခု (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအသင်းက အားကစားနည်း ၃၈ နည်းတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ရာ အားကစားနည်းနှစ်ဆပိုမိုယှဉ်ပြိုင်လာနိုင်ခြင်းဖြစ်ပြီး အောင်မြင်မှုတွင်လည်း နှစ်ဆပိုမိုမြင့်မားလာရန် မြန်မာပြည်သူတစ်ရပ်လုံးက မျှော်လင့်စောင့်စားနေကြမည်ဖြစ်သည်။

(၃၂) ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာအသင်း၏ အောင်မြင်မှုအတွက် နိုင်ငံတော်က ဆုကြေးငွေစုစုပေါင်းကျပ် ၃၃၃,၃၀၀,၀၀၀/-(ကျပ်သုံးထောင့်သုံးရာသုံးဆယ့် သုံးသိန်းတိတိ) ချီးမြှင့်ခဲ့ပြီး ယခုပြိုင်ပွဲကြီးက ပေါ်ထွက်လာမည့် အားကစားအောင်မြင်မှုများကိုလည်း ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အကြီးအကဲက ပြောကြားထားပြီးဖြစ်သည်။

“အရှေ့တောင်အာရှအားကစားပြိုင်ပွဲသည် အာဆီယံဒေသတွင်း၌ အမြင့်မားဆုံးအားကစားပြိုင်ပွဲတစ်ခုဖြစ်သည့်အတွက် ယခုပြိုင်ပွဲမှတစ်ဆင့် အာရှနှင့်ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိ ဆက်လက်ပြီးဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မျှော်မှန်းကြိုးပမ်းသွားကြစေလိုကြောင်း၊ အားကစားပြိုင်ပွဲဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုး၏ ကျန်းမာကြံ့ခိုင်မှု၊ ဇွဲ၊ လုံ့လ၊ ဝီရိယ ကြိုးပမ်းအားထုတ်မှုများနှင့် စည်းလုံးညီညွတ်မှုများကို တရားမျှတစွာဖော်ထုတ်ပြသနိုင်သည့် စွမ်းရည်ယှဉ်ပြိုင်မှုလည်းဖြစ်ကြောင်း၊ အမိမြန်မာနိုင်ငံတော်နှင့် မြန်မာနိုင်ငံသားအားလုံး၏ ဂုဏ်သိက္ခာနှင့်သက်ဆိုင်၍လည်း ပြိုင်ပွဲတိုင်းအနိုင်ရရှိရေးသည် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် မြန်မာအားကစား အဖွဲ့ဝင်အားလုံး၏ ပခုံးထက်တွင်ရှိနေသည်ကိုလည်း သတိပြုနှလုံးသွင်းထားကြရမည်ဖြစ်ကြောင်း” (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာအားကစားအဖွဲ့အား အောင်နိုင်ရေးအလံအပ်နှင်းပွဲတွင် နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

ပြိုင်ပွဲတိုင်းတွင်အနိုင်ယူကာ နိုင်ငံတော်အတွက် ဆုတံဆိပ်များဆွတ်ခူးပြီး အားကစားလူချွန်လူကောင်းများအဖြစ် ပြသနိုင်ရေးအတွက် အားကစားအဖွဲ့ဝင်အားလုံးက ရေကုန်ရေခန်း အားထုတ်ကြိုးပမ်းနိုင်ကြပါစေကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၁ ရက်၊ ဒီဇင်ဘာ ၅ ရက်၊ သောကြာနေ့။


Posted on Dec 05, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်နေ့ ၊ ဒီဇင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Dec 04, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၄ ရက် ၊ ဒီဇင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 03, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁၃ ရက် ၊ ဒီဇင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Dec 02, 2025
AnnouncementsExplore more >

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

Posted on Dec 6, 2025

ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ

HOT NEWS
January 4,