ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကို ဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့

ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကို ဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့


Ministry of Information/ Naypyitaw / December 12, 2025
image_latest


အဂတိလိုက်စားမှုဆိုသည်မှာ ကိုယ်ကျိုးစီးပွားအတွက် အများပြည်သူ့အာဏာကို အလွဲသုံးစားပြုခြင်းဟူသော ဖွင့်ဆိုချက်ရှိသည်။ ရာထူးတာဝန်ကို အလွဲသုံးစားပြုပြီး ကိုယ်ကျိုးရှာဖွေခြင်းသည် လူ့ကျင့်ဝတ်ဖောက်ဖျက်မှုဖြစ်သကဲ့သို့ ဥပဒေကို ဖောက်ဖျက်ကျူးလွန်ခြင်းလည်းဖြစ်သည်။ အဂတိလိုက်စားမှု ကျယ်ပြန့်စွာ အမြစ်တွယ်နေသည့် လူ့အဖွဲ့အစည်းတွင် နောက်ဆက်တွဲဖြစ်ပေါ်လာသည့် အကျိုးဆက်များမှာလည်း များပြားကျယ်ဝန်းလှပြီး အန္တရာယ်လည်း ကြီးသည်။

လူ့အဖွဲ့အစည်းအတွက် အန္တရာယ်ကြီးမားလှသော အဂတိလိုက်စားမှုကို တိုက်ဖျက်ရာတွင် အများပြည်သူတို့အား အသိပညာမြှင့်တင်ပေးရန်အတွက် ၂၀၀၃ ခုနှစ် အောက်တိုဘာလ ၃၁ ရက် နေ့တွင် ကုလသမဂ္ဂ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကွန်ဗင်းရှင်းကို အတည်ပြုခဲ့ပြီးနောက် နှစ်စဉ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ကို ကျင်းပ ခဲ့သည်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့၏ဆောင်ပုဒ်မှာ “Uniting with Youth Against Corruption: Shaping Tomorrow's Integrity” “ဖြောင့်မတ်တည်ကြည်သော အနာဂတ်ကိုဖော်ဆောင်ဖို့ အဂတိတိုက်ဖျက်လူငယ်များနှင့် လက်ချင်းဆက်ကြပါစို့” ဟူ၍ ဖြစ်သည်။

မျက်မှောက်ကာလကမ္ဘာကြီးသည် ရှုပ်ထွေးလှသည့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသကဲ့သို့ မလုံခြုံမှုများ ပိုမိုများပြားလာခြင်း၊ တရားမျှတကင်းမဲ့မှုများ နက်ရှိုင်းလာခြင်း စသည်တို့နှင့်လည်း ပို၍ ကြုံတွေ့လာနေရသည်။ ယင်းအဖြစ်များ၏ အကြောင်းရင်းမှာ အဂတိလိုက်စားမှုများ၊ စီးပွားရေးဆိုင်ရာ ရာဇဝတ်မှုများနှင့် ဆက်စပ်လျက်ရှိသည်။ အဂတိလိုက်စားမှုများသည် လူ့အသိုက် အဝန်းကို ပျက်စီးယိုယွင်းစေသကဲ့သို့ နိုင်ငံသားများကို အကာအကွယ်ပေးရန် ရည်ရွယ်သည့်အဖွဲ့အစည်းများကိုလည်း အားနည်းစေသည်။

ယမန်နှစ်က ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ လူငယ်စာစီစာကုံး ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်စာစီစာကုံး ၁၃၀၀ ကျော် တင်သွင်းယှဉ်ပြိုင်ခဲ့ကြရာ လူငယ်များသည် အဂတိလိုက်စားမှုကြောင့် ဖြစ်ပေါ်လာသည့် အကျိုးဆက်များကို ဦးစွာရင်ဆိုင်ခံစားကြရသူများဖြစ်ကြောင်း ရေးသားဖော်ပြမှုများ ပါရှိခဲ့သည်။ အဂတိလိုက်စားမှုများကြောင့် ဖြစ်ပေါ်လာသည့် ပညာသင်ကြားမှု အကန့်အသတ်များ၊ အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှုများ၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် အလှမ်းဝေးနေမှုများ စသည်တို့ကို လူငယ်များ ခံစားနေကြရကြောင်း ရေးသားခဲ့ကြသည်။ ၎င်းအကျိုးဆက်များက လူငယ်များ၏ အလားအလာများကို အတားအဆီးဖြစ်စေသကဲ့သို့ လူ့အဖွဲ့အစည်းနှင့် တရားဥပဒေစိုးမိုးမှုအပေါ် ယုံကြည်မှုကိုလည်း လျော့ပါးစေသည်။

ယနေ့ကမ္ဘာပေါ်တွင် လူငယ်ဦးရေ ၁ ဒသမ ၉ ဘီလီယံရှိပြီး ကမ္ဘာ့လူဦးရေစုစုပေါင်း၏ လေးပုံတစ်ပုံခန့်ရှိရာ အဂတိလိုက်စားမှုကို ကိုင်တွယ်ဖြေရှင်းခြင်းက လူငယ်များ၏အနာဂတ်ကို လုံခြုံမှုရှိစေ ရန်အတွက် မဖြစ်မနေလိုအပ်သည်။ အဂတိကင်းစင်သည့်အနာဂတ်ကို တည်ဆောက်ရာတွင် ယနေ့လူငယ်များနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည်ဖြစ်သည်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များကို အရေးပါသော အခန်းကဏ္ဍမှ ပါဝင်စေခြင်း၊ နည်းပညာသစ်များကို အသုံးချခြင်း၊ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု တာဝန်ခံမှုနှင့် အဖွဲ့အစည်းဆိုင်ရာစနစ်များ အားကောင်းစေခြင်းတို့ဖြင့် လုပ်ငန်းများ အောင်မြင်အောင် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ အပြောမှား၊ အပြုမှား အချို့အတွက် အခိုင်အမာကာကွယ်မှုပြုကြရန်လည်းလိုသည်။

ဉာဏ်ရည်တု (AI) အပါအဝင် ယနေ့နည်းပညာသစ်များသည် အဂတိလိုက်စားမှုများကို ကာကွယ်ရန်၊ ရှာဖွေတွေ့ရှိရန်နှင့် ဖော်ထုတ်ရန်အတွက် အစွမ်းထက်ပြီး ၎င်းနည်းပညာများနှင့် ရင်းနှီးကျွမ်းဝင်သူများမှာ လူငယ်များပင်ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍတွင် ဖြောင့်မတ်တည်ကြည်ခြင်းနှင့် ကျင့်ဝတ်လိုက်နာသော စီးပွားရေးလုပ်ငန်းလုပ်ဆောင်မှုများသည် အရေးကြီးပြီး လူငယ်များအတွက် တရားမျှတသည့် အခွင့်အလမ်းများနှင့် သင့်တင့်လျောက်ပတ်သည့် အလုပ်အကိုင်များကို ရရှိစေရန်လည်း သေချာစေသည်။ ဖြောင့်မတ်တည်ကြည်သော ယဉ်ကျေးမှုကို ပညာရေးကဏ္ဍမှ စတင်ပြုစုပျိုးထောင်ပေးကာ အဂတိလိုက်စားမှုကိုဆန့်ကျင်သည့် မျိုးဆက်များကို ပုံဖော်ပေးသကဲ့သို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် လူငယ်များကို ပါဝင်စေခြင်းဖြင့် ဖြောင့်မတ်တည်ကြည်သော လူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်ကြပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၈ ရက်၊ ဒီဇင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Dec 12, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025
AnnouncementsExplore more >

ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံး ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့်ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းများအိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

Posted on Dec 12, 2025

၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် အသုံးပြုရန်အတွက် Network Security System တပ်ဆင်နိုင်ရေး စက်ပစ္စည်းများကို ပြည်တွင်းသုံးမြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

HOT NEWS
January 4,