ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို ပြည်သူသို့ အသိပေးကြေညာခြင်း

ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (CEIR) စတင်အသုံးပြုဆောင်ရွက်မည့် အစီအစဉ်ကို ပြည်သူသို့ အသိပေးကြေညာခြင်း


Ministry of Information/ Naypyitaw / March 06, 2026
image_latest


၁။      ကမ္ဘာ့နိုင်ငံအချို့တွင် မိုဘိုင်းလက်ကိုင်ဖုန်း (Handset)များအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်း (ipad, Tablet, Notebook စသည်)များ၏ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI Code)ကို ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် (Central Equipment Identity Register- CEIR) ၌ မှတ်ပုံတင်စေ၍ နိုင်ငံအတွင်းရှိ ဆက်သွယ်ရေးကွန်ရက်များနှင့် ချိတ်ဆက်အသုံးပြုခြင်းလုပ်ငန်းစဉ်အား ဆောင်ရွက်လျက်ရှိပါသည်။

၂။       မြန်မာနိုင်ငံတွင်လည်း မိုဘိုင်းလက်ကိုင်ဖုန်း (Handset) သုံးစွဲသူပြည်သူများအနေဖြင့် စံချိန်စံညွှန်းနှင့်ကိုက်ညီပြီး နိုင်ငံတော်သို့ ကျသင့်အခွန်များ ပေးဆောင်ထားသည့် မိုဘိုင်းလက်ကိုင်ဖုန်း (Handset)များကို ပြည်တွင်းတွင် ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်ရန် ၂၀၂၆ ခုနှစ်၊ မတ်လပထမပတ်မှစ၍ ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ်(CEIR)အား စတင်အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ အများပြည်သူတို့ လက်ရှိအသုံးပြုနေသော မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များကို အခွန်ပေးဆောင် ရန်မလိုအပ်ဘဲ ဆက်လက်အသုံးပြုနိုင်ရန် CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် အလိုအလျောက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ အဆိုပါ ခွင့်ပြုစာရင်းတွင်ပါရှိနိုင်ရေးအတွက် ၂၀၂၆ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့ နောက်ဆုံးထားပြီး ဆက်သွယ်ရေးကွန်ရက် (MPT ၊ ATOM ၊ U9 ၊ Mytel) များ၏ SIM Card များကို မိုဘိုင်းလက်ကိုင်ဖုန်း (Handset)အတွင်း ထည့်သွင်း၍ ဖွင့်လှစ်အသုံးပြုထားရန် လိုအပ်မည်ဖြစ်ပါသည်။

၄။ မိုဘိုင်းလက်ကိုင်ဖုန်း (Handset)များနှင့် မိုဘိုင်းကွန်ရက်သုံးဆက်သွယ်ရေးပစ္စည်းများကို ပြည်ပမှ တင်သွင်းလိုသည့်ကုမ္ပဏီများအနေဖြင့် လုပ်ထုံးလုပ်နည်းနှင့်အညီ လိုင်စင်လျှောက်ထား၍ တရားဝင် တင်သွင်းဆောင်ရွက်ကြရမည်ဖြစ်ပြီး ကျသင့်အခွန်များကို‌ပေးဆောင်ပြီးပါက CEIR စနစ်ရှိ ခွင့်ပြုစာရင်းတွင် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

၅။ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှစ၍ ခွင့်ပြုစာရင်းတွင်မပါရှိသည့် မိုဘိုင်းလက်ကိုင်ဖုန်း(Handset)များကို မိုဘိုင်းဆက်သွယ်ရေးကွန်ရက်များနှင့် စတင်ချိတ်ဆက်အသုံးပြုချိန်မှ ရက်ပေါင်း (၃၀) အတွင်း ယာယီအသုံးပြုခွင့်ရရှိမည်ဖြစ်ပြီး ယင်းကာလအတွင်း ကျသင့်အခွန်နှင့် ဒဏ်ကြေးများပေးဆောင်ပြီးမှသာ ဆက်လက်အသုံးပြုခွင့်ရရှိမည်ဖြစ်ပါသည်။

၆။ အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ မိုဘိုင်းလက်ကိုင်ဖုန်း (Handset) ၏ မူရင်းအမှတ်အသား (International Mobile Equipment Identity - IMEI) ကို ထည့်သွင်းပြီး အီလက်ထရောနစ်ငွေပေးချေမှုနည်းလမ်းများဖြင့် ကျသင့်အခွန်နှင့် ဒဏ်ကြေးများကို ပေးဆောင်နိုင်မည် ဖြစ်ပါသည်။

၇။ နယ်စပ်ဒေသများ၊ အင်တာနက်ရရှိရန် ခက်ခဲသောဒေသများရှိ ပြည်သူများအတွက် အဆိုပါဒေသရှိ ပြည်တွင်းအခွန်များဦးစီးဌာနရုံးများတွင်ဖြစ်စေ၊ အကောက်ခွန်ဦးစီးဌာနရုံးများတွင်ဖြစ်စေ ကျသင့်အခွန်နှင့်ဒဏ်ကြေးများကို ပေးဆောင်နိုင်မည်ဖြစ်ပါသည်။

၈။ အသေးစိတ်သိရှိလိုပါက အင်တာနက်စာမျက်နှာတွင် လွှင့်တင်ထားသော https://www.ceir.gov.mm ၌ ကြည့်ရှု၍ဖြစ်စေ၊ CEIR Call Center နံပါတ်များဖြစ်သည့် ၁၅၇၇ နှင့် ၁၇၅၅ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း၍ဖြစ်စေ ဆောင်ရွက်နိုင်ပါကြောင်း အသိပေးအပ်ပါသည်။

CEIR နှင့် EIR စနစ် စီမံကိန်းဦးစီးကော်မတီ

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026
AnnouncementsExplore more >

စက်သုံးဆီအလုံအလောက်ရှိကြောင်းအသိပေးကြေညာချက်

Posted on Mar 5, 2026

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းသည် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အများပြည်သူသို့ စက်သုံးဆီများ တင်သွင်းရောင်းချဖြန့်ဖြူးပေးလျှက်ရှိပါသည်။

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Posted on Mar 4, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း