ဘားအံမြို့၌ အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ (အခွန်လွတ်) တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချ
ဘားအံမြို့၌ အမှန်တကယ်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများ၏ (အခွန်လွတ်) တောင်သူလယ်သမားဈေး ဖွင့်လှစ်ရောင်းချ
Ministry of Information/ Naypyitaw / May 03, 2026
ဘားအံ မေ ၂
ကရင်ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ယင်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများကို အားပေးမြှင့်တင်နိုင်ရန် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၎င်းထုတ်ကုန်များကို သက်သာသောနှုန်းထားများဖြင့် စားသုံးသူလက်ဝယ်သို့ တိုက်ရိုက်ရောက်ရှိစေရေးအတွက် ယနေ့နံနက်ပိုင်းက ဘားအံမြို့သီရိကွင်း၌ အမှန်တကယ်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ၏ (အခွန်လွတ်)တောင်သူ လယ်သမားဈေးကို ဖွင့်လှစ်ရောင်းချသည်။
အဆိုပါ တောင်သူလယ်သမားဈေးတွင်သန့်ရှင်းလတ်ဆတ်၍ အာဟာရပြည့်ဝသော ကြက်၊ ဝက်၊ ဆိတ်၊ အမဲသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နွားနို့၊ ဒိန်ချဉ်၊ ပျားရည်အစရှိသော ဒေသထွက်မွေးမြူရေးထုတ်ကုန်အရောင်းဆိုင်ခန်းများ၊ ကန်စွန်းရွက်၊ မှို၊ မုန်လာဥ၊ ပဲတောင့်ရှည်၊ ခရမ်းသီး၊ ခရမ်းချဉ်သီး၊ ချဉ်ပေါင်၊ ဘူးသီး၊ အာလူး၊ ဖရုံသီး အစရှိသော ဒေသထွက် ဟင်းသီးဟင်းရွက် (စားဖိုဆောင်သီးနှံ)အရောင်းဆိုင်ခန်းများ၊ ကရင်ပြည်နယ်ဆန်ကုန်သည်ကြီးများအသင်းနှင့် ဆီကုန်သည်ကြီးများအသင်းတို့၏ ပြင်ပပေါက်ဈေးထက် သက်သာသောဆန်အမျိုးမျိုး၊ စားသုံးဆီ၊ မြေပဲဆီအရောင်းဆိုင်ခန်းများ စုစုပေါင်းအရောင်းဆိုင်ခန်းပေါင်း ၃၀ ကျော်ဖြင့် အရည်အသွေးပြည့်ဝ၍ ဘေးဥပဒ်ကင်းရှင်းသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို အများပြည်သူထံတိုက်ရိုက်ရောင်းချခြင်းဖြစ်သည့်အတွက် ကုန်ဈေးနှုန်းတည်ငြိမ်လျော့နည်းကျဆင်းစေကာ ဒေသခံစိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများနှင့် စားသုံးသူများအတွက်ပါအကျိုးရှိ စေမည်ဖြစ်သည်။
မှာကြား
ထိုသို့ တောင်သူလယ်သမားဈေးတွင် အမှန်တကယ်စိုက်ပျိုး မွေးမြူထုတ်လုပ်သူများက အများပြည်သူသို့ သက်သာသောနှုန်းထားဖြင့် တိုက်ရိုက်ရောင်းချပေးနေမှုအခြေအနေများကို ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး အဆိုပါတောင်သူလယ်သမားဈေးကို လစဉ်ပထမအပတ်၏ စနေနေ့တွင် ဖွင့်လှစ်ရောင်းချပေးသွားမည်ဖြစ်ကာ ပြည်နယ်ဝန်ကြီးချုပ်က နောက်လာမည့်အပတ်တွင် ဈေးဆိုင်ခန်းများ ပိုမိုတိုးချဲ့ဖွင့်လှစ်နိုင်ရေးနှင့် ရောင်းချမည့်ကုန် ပစ္စည်းအရေအတွက် ပိုမိုတိုးတက် ရောင်းချနိုင်ရေး တာဝန်ရှိသူများ အားမှာကြားသည်။
ဆက်လက်၍ ဘားအံတက္ကသိုလ် အင်ကြင်းဆောင်ရှေ့၌ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား ကျောင်းသူမျိုးဆက်သစ်လူငယ်များ အသိပညာဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သည့် အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် နယ်မြေခံရေတပ် ကွပ်ကဲမှုဌာနချုပ်က ကြီးမှူးဖွင့်လှစ်သော ဘားအံရေကြောင်း လူငယ်စခန်း၏ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းစစ်ရေးပြလေ့ကျင့်ခြင်းကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းသား၊ သင်တန်းသူများအတွက် အားကစားပစ္စည်းများကို ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
