ဘားအံ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ

ဘားအံ၌ မြန်မာ့ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / February 14, 2025


ဘားအံ - ဖေဖော်ဝါရီ (၁၄)

တပို့တွဲလသည် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ထမနဲထိုးသည့်လတစ်လဖြစ်သည်နှင့်အညီ ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်(တပို့တွဲလပြည့်နေ့) မြန်မာ့ရိုးရာ ယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့ သီရိကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။

အဆိုပါပြိုင်ပွဲသို့ ဘားအံမြို့ပေါ်ရှိ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တပ်ရင်းတပ်ဖွဲ့များနှင့် ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှ ထမနဲထိုးပြိုင်ပွဲဝင် အသင်းပေါင်း ၆၄ သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရိုးရာယဉ်ကျေးမှု ထမနဲထိုးပြိုင်ပွဲမှတစ်ဆင့် ကရင်ပြည်နယ်ကြီး တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ် အစိုးရအဖွဲ့နှင့်လက်တွဲပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင်အသင်းများ၊ ကြီးကြပ်ဒိုင်များက ပြိုင်ပွဲဝင်ရန်သတ်မှတ်နေရာများတွင် နေရာယူ ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၁၉)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုးပြိုင်ပွဲ စတင်ယှဉ်ပြိုင်နိုင်ကြောင်း မင်္ဂလာရွှေမောင်းသုံးချက်တီး၍ အချက်ပေးကြေညာခဲ့ပြီး ပြိုင်ပွဲအားဖွင့်လှစ်ပေးခဲ့ရာ ပြိုင်ပွဲဝင်ထမနဲထိုး အသင်းများက အိုးစည်၊ ဒိုးပတ်၊ အတီး၊ အမှုတ်၊ အက၊အခုန်များ၊ ကရင်ရိုးရာဒုံးအကများဖြင့် သီဆိုကပြဖျော်ဖြေ၍ ပြိုင်ပွဲအား စတင်ယှဉ်ပြိုင်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက မြန်မာ့ရိုးရာယဉ်ကျေးမှုထမနဲထိုး ယှဉ်ပြိုင်နေမှု များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ပြိုင်ပွဲဝင်ထမနဲထိုးအဖွဲ့များယှဉ်ပြိုင်မှုအပြီး ဒိုင်အဖွဲ့များ အမှတ်ပေးအကဲဖြတ်နေစဉ်ကာလ တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ၁၃၈၅ ခုနှစ်၊ မြန်မာ့ရိုးရာထမနဲ ထိုးပြိုင်ပွဲအထိမ်းအမှတ် ဌာနဆိုင်ရာများ၏ အနည်းဆုံးအမြင့်ပေ ၄၀ နှင့်အထက်၊ အောက်ခြေ အချင်း ၈ ပေ ရှိ မီးပုံးပျံ ၁၁ လုံးကို လွှတ်တင်ခဲ့ကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာများနှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အထူးဆုနှင့် နှစ်သိမ့်ဆု ရရှိကြသည့် ထမနဲထိုးအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက က ဒုတိယဆု ရရှိသည့် ပြည်တွင်းအခွန်များထမနဲထိုးအဖွဲ့အား ဂုဏ်ပြုဆုများကို လည်းကောင်း ပြည်နယ်ဝန်ကြီးချုပ်က ပထမဆုရရှိသည့် ဘားအံတပ်နယ်ထမနဲထိုးအဖွဲ့အား ဂုဏ်ပြုဆုများကိုလည်းကောင်း အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြ သည်။

အလားတူ ၂၀၂၅ ခုနှစ် မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြု သောအားဖြင့် ပြည်သူ့ဆေးရုံကြီး(ဘားအံ)(၆)ခန်းတွဲ(၄)ထပ်ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီက အဆိုပါအဆောက်အဦသစ်ရှေ့၌ ကျင်းပသည်။

အဆိုပါအဆောက်အဦသစ်ကို ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြပြီး ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ပန်းပွားအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ၍ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြကာ အဆောက်အဦကမ္ပည်းမော်ကွန်းကြေးပြားကို အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေသန့်၊ လျှပ်စစ်နှင့် အခြားဆက်စပ်လုပ်ငန်းများ ပါဝင်သော (၁၇၇ ပေ x ၃၄ ပေ)ရှိ (၆)ခန်းတွဲ(၄)ထပ် ဝန်ထမ်းအိမ်ရာသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားသည်။

ဆက်လက်၍ ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို တိုးချဲ့သုံးထပ်လူနာဆောင်အပေါ်ထပ် ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ရာတွင်နေထိုင်ကြမည့် နိုင်ငံ့ဝန်ထမ်းကျန်းမာရေးဝန်ထမ်း မိသားစုများအနေဖြင့် အိမ်ရာစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီနေထိုင်ကြရန်၊ အိမ်ခန်းများရေရှည်တည်တံ့အောင် ထိန်းသိမ်းသွားကြရန်၊ အိမ်ခန်းများသန့်ရှင်းသပ်ရပ်မှုအပြင် ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးဆောင်ရွက်သွားကြရန် နှင့် သီးပင်စားပင်ပန်းအလှပင်များတပိုင်တနိုင်စိုက်ပျိုးရေးကိုလည်း ဆောင်ရွက်ကြစေလိုကြောင်း၊ ဝန်ထမ်းနှင့်ဝန် ထမ်းမိသားစုများ၏ လူမှုဘဝအဆင့်အတန်းမြင့်မားပြီး စိတ်ချမ်းသာပျော်ရွှင်စွာဖြင့် နိုင်ငံ့အကျိုး၊ ပြည်နယ်အကျိုးကို ဆထက်ထမ်းပိုးသယ်ပိုးဆောင်ရွက်ကြပါစေကြောင်း ပြောကြားသည်။

ထို့နောက် အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃) လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)က အဆောက်အဦနှင့်ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းတင်ပြပြီး ဝန်ထမ်းအိမ်ရာသစ်နှင့်ပတ်သက်သည့် စာရွက်စာတမ်းများ မှတ်တမ်းများကို ဆေးရုံအုပ်ကြီးထံ လွှဲပြောင်းပေးအပ်ကာ ဆေးရုံးအုပ်ကြီးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။

 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၉ ရက် ၊ မတ် ၁၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 11, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၈ ရက် ၊ မတ် ၁၀ ရက်၊ အင်္ဂါနေ့။


Posted on Mar 10, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026
AnnouncementsExplore more >

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

Posted on Mar 10, 2026

ရေးဖြေစာမေးပွဲ ဝင်ရောက်ဖြေဆိုမည့်သူများ၏ အမည်စာရင်းနှင့် ခုံနံပါတ်စာရင်း ကြေညာခြင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း

Posted on Mar 10, 2026

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)

Posted on Mar 10, 2026

နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်)၌ ဖွင့်လှစ်မည့်အရာထမ်းလောင်း(အထူး)သင်တန်းအမှတ်စဉ် (၁၆) သို့တက်ရောက်ရန် အကြောင်းကြားခြင်း (နိုင်ငံခြားရေးဝန်ကြီးဌာန)