ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ
ဘူတန်ဘုရင့်နိုင်ငံမှ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ နေပြည်တော်မှ ပြန်လည်ထွက်ခွာ
Ministry of Information/ Naypyitaw / April 18, 2025

နေပြည်တော် ဧပြီ ၁၈
ဘူတန်ဘုရင့်နိုင်ငံ ဆေးဘက်ဆိုင်ရာ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ မှ Dasho Tashi Wangyal ခေါင်းဆောင်သောအဖွဲ့ဝင် ၃၆ ဦးတို့သည် ဒုတိယအသုတ်အဖြစ် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် ဘူတန်ဘုရင့်နိုင်ငံသို့ ပြန်လည်ထွက်ခွာကြရာ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သံအမတ်ကြီး ဦးကျော်ထွန်းနှင့် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီမှ တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။
ဘူတန်ဆေးအဖွဲ့တွင် အဖွဲ့ဝင် ၈၇ ဦးပါဝင်ပြီး ယင်းတို့အနက် အဖွဲ့ဝင် ၅၁ ဦး သည် ပထမအသုတ်အဖြစ် ယမန်နေ့က ဘူတန်ဘုရင့်နိုင်ငံသို့ ပြန်လည်ထွက်ခွာသွားကြပြီးဖြစ်သည်။ ဘူတန်ဆေးဘက်ဆိုင်ရာအဖွဲ့သည် ပြည်ထောင်စုနယ်မြေ နေပြည်တော် ပျဉ်းမနားမြို့ ပေါင်းလောင်းအားကစားကွင်း၌ ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ(ပေါင်းလောင်း)တွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ပါရဂူများ၊ ဆရာဝန်၊ သူနာပြုနှင့် ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် ပူးပေါင်း၍ ဧပြီ ၃ ရက်မှ ၁၆ ရက်အထိ ငလျင်ဘေးဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးဝါးကုသပေးခြင်းနှင့် ခွဲစိတ်ကုသခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။