မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိ

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိ


Ministry of Home Affairs/ နေပြည်တော် / February 08, 2026
မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ယာဉ်တိုက်မှုဖြစ်စဉ်မှ မော်တော်ယာဉ်နှင့် သုံးဘီးယာဉ်တို့၏ မှတ်တမ်းဓာတ်ပုံ။


     ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၌ ယာဉ်တိုက်မှု ဖြစ်ပွား၍ အမျိုးသမီး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

     ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၆ ရက် နံနက် ၅ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ ဆားတောင်ကျေးရွာ ရန်ကုန်-မန္တလေးကားလမ်းဟောင်း၊ မိုင်တိုင်အမှတ် ၂၈၄ မိုင် ၇ ဖာလုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ ပျော်ဘွယ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ရမည်းသင်းမြို့မှ ပျော်ဘွယ်မြို့သို့ တပ်ကုန်းမြို့နယ်၊ ရွေးစုကျေးရွာနေ မျိုးသန့်(၃၅)နှစ် မောင်းနှင်ပြီး ဇနီးဖြစ်သူ ဒေါ်ယုယုခိုင်(၄၃)နှစ်နှင့် တစ်ရွာတည်းနေ ဒေါ်တင်ဇာဦး(၄၂)နှစ်တို့ လိုက်ပါ လာသည့် ၁၂ ဟ/XXXX HIGO သုံးဘီးယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ လမ်းယာဘက်ဘေးတွင် ရပ်တန့်ထားသော ဆားလင်းကြီးမြို့နယ်၊ ဖောင်းကားကျေးရွာနေ ရန်ပိုင်ထွန်း(၃၉)နှစ် မောင်းနှင်သည့် SHN/2B-XXXX NISSAN TRUCK ၁၀ ဘီးယာဉ်အား နောက်မှ ဝင်ရောက်တိုက်မိခဲ့သဖြင့် ဒေါ်ယုယုခိုင်တွင် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး မျိုးသန့်နှင့် ဒေါ်တင်ဇာဦးတို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သောကြောင့် မျိုးသန့်နှင့် ရန်ပိုင်ထွန်း တို့နှစ်ဦးအား ပျော်ဘွယ်မြို့မရဲစခန်း ယာဉ်(ပ)၆/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026
AnnouncementsExplore more >

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

Posted on Mar 4, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်အား ဖြည့်စွက်ထုတ်ပြန်ခြင်း

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

Posted on Mar 3, 2026

စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည်သူသို့ အသိပေးကြေညာချက်

HOT NEWS
January 4,