မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ရန်မန်းလမ်းသွယ်(၈)၊ ချမ်းမြသာယာ ရပ်ကွက်ရှိ နေအိမ်မီးလောင်မှု
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ရန်မန်းလမ်းသွယ်(၈)၊ ချမ်းမြသာယာ ရပ်ကွက်ရှိ နေအိမ်မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 09, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် မွန်းလွဲ ၂ နာရီ ၁ မိနစ်ခန့်က မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၄ x ၁၁၅ ကြား၊ ရန်မန်းလမ်းသွယ်(၈)၊ ချမ်းမြသာယာရပ်ကွက်ရှိ ပိုင်ရှင် ဦးလှဝင်းထွဋ်၏ ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း တစ်ထပ်နေအိမ်တွင် အားသွင်းပန်ကာ အားသွင်းထားရာမှ အပူလွန်ကဲပြီး အနီးရှိထရံသို့ မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ပြည်ကြီးတံခွန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၁၁ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၁၅ x ၁၅ ပေ၊ သွပ်မိုး၊ ထရံကာ၊ အထပ်သားခင်း တစ်ထပ် နေအိမ် တစ်လုံးနှင့် ၃၅ x ၁၀ ပေ၊ RC နှစ်ထပ်နေအိမ်၏ အပေါ်ထပ်ရှိ အလူမီနီယမ်တံခါး ခြောက်ချပ်တို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးလှဝင်းထွဋ်အား ပြည်ကြီးတံခွန်မြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိပါသည်။
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။