မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၁,၈၃၃ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၌ ငွေကျပ် ၁,၈၃၃ ဒသမ ၂ သိန်းတန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးများ ဖမ်းဆီးရမိ
Ministry of Home Affairs/ နေပြည်တော် / November 07, 2025
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၅ ရက် ည ၁၁ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ မန္တ လေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၆)၊ သစ်တောလမ်းမပေါ်၌ ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၅)နေ စိုးဝင်း(ခ)စိုးဝင်းထွန်း(၄၁)နှစ် မောင်းနှင်လာသော ဆိုင်ကယ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် Happy Water ၁ ဒသမ ၃ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၁,၂၀၀ နှုန်းဖြင့် ဒေ သကာလတန်ဖိုး ငွေကျပ် သိန်း ၁,၅၆၀)၊ ကက်တမင်း ၀ ဒသမ ၄၅၈ ကီလို (တစ်ကီလိုလျှင် ငွေကျပ် သိန်း ၄၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် ၁၈၃ ဒသမ ၂ သိန်း)နှင့် အက်တက်စီဆေးပြား ၁၅၀ ပြား (တစ်ပြားလျှင် ငွေကျပ် ၆၀,၀၀၀ နှုန်းဖြင့် ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၉၀)တို့အား ဖမ်းဆီးရမိသဖြင့် စိုးဝင်း(ခ)စိုးဝင်းထွန်း အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ဧရာဝတီတိုင်းဒေသကြီးအတွင်း ရွေးကောက်ပွဲများကျင်းပခြင်းမပြုမည့် နယ်မြေများစာရင်း ထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
Posted on Dec 6, 2025ရွေးကောက်ပွဲများ ကျင်းပခြင်းမပြုမည့် နယ်မြေများ စာရင်းထုတ်ပြန်ကြေညာ
