မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်

မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုဓာတ်မြေဩဇာများ ပေးအပ်


Ministry of Information/ Naypyitaw / August 31, 2025
image_latest


နေပြည်တော် ဩဂုတ် ၃၀

မြို့သစ်မြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သော မိုးစပါးစိုက်တောင်သူများသို့ သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုဓာတ်မြေဩဇာများပေးအပ်ပွဲနှင့် ဆောင်းမြေပဲစိုက်တောင်သူများအတွက် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် မျိုး၊ သွင်းအားစု၊ မြေဩဇာပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မြို့သစ်မြို့စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်းခန်းမ၌ကျင်းပရာ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးအတွင်း စိုက်ပျိုးသီးနှံအလိုက် သတ်မှတ်ပန်းတိုင်အထွက်နှုန်းပြည့်မီရေး ဆောင်ရွက်ပေးနေမှု၊ Drum Seeder များ တိုးချဲ့ထုတ်လုပ်သုံးစွဲနိုင်ရေး ဆောင်ရွက်ပေးနေမှုနှင့် ဆီထွက်သီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သီးနှံပေါ်ပေးစနစ်ဖြင့် သွင်းအားစုများထောက်ပံ့ရာတွင် ဈေးနှုန်းအနေဖြင့် ယူရီးယားတစ်အိတ်လျှင် ရန်ကုန်အထိုင်ပြင်ပပေါက်ဈေး ငွေကျပ် ၁၀၂၀၀၀ ရှိပြီး ယခုစီမံကိန်းဖြင့် ဖြန့်ဝေသောဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး ငွေကျပ် ၈၉၅၀၀ ဖြစ်ကြောင်း၊ ကွန်ပေါင်းတစ်အိတ်လျှင် ရန်ကုန်အထိုင်ပြင်ပပေါက်ဈေး ငွေကျပ် ၁၄၅၀၀၀ ရှိပြီး ယခုစီမံကိန်းဖြင့် ဖြန့်ဝေသော ဈေးနှုန်းမှာ ရန်ကုန်အထိုင်ဈေး ငွေကျပ် ၁၂၀၀၀၀ ဖြစ်ကြောင်း၊ သယ်ယူစရိတ်နှင့် သတ်မှတ်ကုန်ကျစရိတ်များအပါအဝင်ယူရီးယားနှင့် ကွန်ပေါင်းတစ်အိတ်လျှင် တောင်သူများ လက်ဝယ်အရောက် ပြင်ပဈေးထက် ငွေကျပ် ၂၀၀၀၀ မှ ၃၀၀၀၀ အထိ သက်သာနိုင်မည်ဖြစ်ကြောင်း၊ သွင်းအားစုဓာတ်မြေဩဇာများသုံးစွဲရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ လမ်းညွှန်ထားသော သတ်မှတ်ရက်အလိုက် ထည့်သွင်းရမည့် ပမာဏ၊ ထည့်သွင်းနည်းစနစ်များကို စနစ်တကျ မှန်ကန်စွာအသုံးပြုနိုင်မှသာ ပန်းတိုင်အထွက်နှုန်းရရှိမည်ဖြစ်ကြောင်း၊ သီးနှံပေါ်ပါက ယခုသွင်းအားစုတန်ဖိုးများ၊ မြန်မာ့လယ်ယာဖွံ့ဖြိုး ရေးဘဏ်မှချေးငွေများ၊ သမဝါယမချေးငွေများ၊ မြစိမ်းရောင်ချေးငွေများကို အပြေအကျေပြန်ဆပ်ရန် လိုအပ်ကြောင်းပြောကြားပြီး မြို့သစ်မြို့နယ်အတွင်းရှိ ကျေးရွာ ၂၀ မှ မိုးစပါးစိုက်တောင်သူများအတွက် ယူရီးယား၊ ကွန်ပေါင်းသွင်းအားစုဓာတ်မြေဩဇာများ ထောက်ပံ့ပေးအပ်သည်။

ထို့နောက် တိုင်းဒေသကြီးအတွင်း ဆောင်းမြေပဲစိုက်တောင်သူများအတွက် နိုင်ငံတော်ထောက်ပံ့ ရန်ပုံငွေဖြင့် မျိုး၊ သွင်းအားစု၊ မြေဩဇာပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ကျင်းပရာ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်ပမှစားသုံးဆီတင်သွင်းမှုလျှော့ချရန်အတွက် ဆီထွက်သီးနှံ မြေပဲနှင့် နေကြာတိုးချဲ့စိုက်ပျိုးရေးဆိုင်ရာများကို ရှင်းလင်းပြောကြားပြီး မကွေးမြို့နယ်နှင့် မြို့သစ်မြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာသုံးရွာအတွက် ဆောင်းမြေပဲမျိုးနှင့် သွင်းအားစုဓာတ်မြေဩဇာများကိုလည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်းတွင်းကြီးမြို့နယ်အတွင်းရှိ စီမံကိန်းကျေးရွာနှစ်ရွာအတွက် ဆောင်းမြေပဲမျိုးနှင့် သွင်းအားစုဓာတ်မြေဩဇာများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြရာ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Posted on Aug 30, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၇ ရက် ၊ သြဂုတ် ၂၉ ရက်၊ သောကြာနေ့။


Posted on Aug 29, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၆ ရက် ၊ သြဂုတ် ၂၈ ရက်၊ ကြာသပတေးနေ့။


Posted on Aug 28, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၅ ရက် ၊ သြဂုတ် ၂၇ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Aug 27, 2025
AnnouncementsExplore more >

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

Posted on Aug 31, 2025

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးများ ပြောင်းရွှေ့ခန့်ထားခြင်း

မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ

Posted on Aug 31, 2025

မန္တလေးတိုင်းဒေသကြီးအမျိုးသားလွှတ်တော် အချိုးကျကိုယ်စားပြုစနစ်(PR) မဲဆန္ဒနယ်များ ပြင်ဆင်သတ်မှတ်ကြေညာ

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)

Posted on Aug 29, 2025

တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနတိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနဧရာဝတီတိုင်း ဒေသကြီးညွှန်ကြားရေးမှူးရုံး (ပုသိမ်မြို့)