မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကျင်းပ

မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးသိမ်းဆည်းရမိမှုနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ‌တော်အစိုးရ၏ ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲကျင်းပ


Ministry of Information/ Naypyitaw / January 25, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၂၄

လူသားမျိုးနွယ်တစ်ခုလုံးကို လူညွန့်တုံးပျက်စီးစေသည့် ဘိန်းဖြူ၊ မက်သ်အဖက်တမင်း (Methamphetamine)၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသည့်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးများကို အဓိကချက်လုပ်သည့်နေရာများ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့်ပစ္စည်းများ ပမာဏအများဆုံးဖော်ထုတ်သိမ်းဆည်းရမိမှုများနှင့် ပတ်သက်၍ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ၏ သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီးစခန်းလေဆိပ်၌ ကျင်းပပြုလုပ်ရာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့က ရှင်းလင်းပြောကြားကြသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးတို့နှင့်အတူနိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများတက်ရောက်ကြပြီး သီရိလင်္ကာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ တရုတ်နိုင်ငံတို့မှ သံတမန်များ၊ စစ်သံမှူးများနှင့် တာဝန်ရှိသူ များ၊ ကုလသမဂ္ဂမူးယစ်ဆေးဝါး နှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)မှ တာဝန်ရှိသူများ၊ ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ပြည်တွင်းရုပ်မြင် သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပသတင်းဌာနများမှ သတင်းထောက်များ တက်ရောက်လေ့လာသတင်းရယူကြသည်။

ထိုသို့ သတင်းစာရှင်းလင်းပွဲပြုလုပ်ရာတွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက မြန်မာနိုင်ငံအတွင်းသို့ မူးယစ်ဆေးဝါး စတင်ရောက်ရှိခဲ့သည့် နောက်ခံသမိုင်းကြောင်းဆိုင်ရာများ၊ အစိုးရနှင့် တပ်မတော်၏ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်း တိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့်အခြေအနေများနှင့် လက်ရှိအခြေအနေတွင် ဖော်ထုတ်ဖမ်းဆီးရမိမှုအခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် မူးယစ်ဆေးဝါးပူးပေါင်း တိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်းနိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ (ပြောကြားမှု အပြည့်အစုံအား သီးခြားဖော်ပြထားပါသည်။)

ထို့နောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုတိယရဲဗိုလ်ချုပ်ကြီး ဝင်းဇော်မိုးက ရှမ်းပြည်နယ် (မြောက်ပိုင်း) သီပေါမြို့နယ်နှင့် မိုင်းရယ်မြို့နယ်တို့အနီးဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ် ဆေးဝါး ချက်လုပ်သည့်နေရာများ၏ ပတ်ဝန်းကျင်နေရာများမှ ထပ်မံဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာများမှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိမှု အခြေအနေများ နှင့် ပတ်ဝန်းကျင်နေရာများအား ဆက်လက်ရှင်းလင်း ဖော်ထုတ် လျက်ရှိသည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။ (ပြောကြားမှုအပြည့်အစုံအား သီးခြား ဖော်ပြထားပါသည်။)

အခမ်းအနား အပြီးတွင် တက်ရောက်လာကြသူများက မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်း များ၊ ဖမ်းဆီးရမိပစ္စည်းများနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများအား မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြ သည်။

ယင်းနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် တာဝန်ရှိသူများသည် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာကြသည့် သံတမန်များနှင့် ပြည်တွင်း၊ ပြည်ပမှမီဒီယာအဖွဲ့များနှင့်အတူ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၃၃ ကီလိုမီတာအကွာရှိ မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာနှစ်နေရာသို့ ရဟတ်ယာဉ်များဖြင့် ရောက်ရှိကြရာ မူးယစ် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိမှုအခြေအနေများ၊ ထပ်မံဖော်ထုတ်ရမိသည့် နေရာ (၅/၆/၇/၈/၁၀/၁၂/၁၃/၁၄) တို့၌ မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ ဖော်ထုတ် ဖမ်းဆီးရမိမှု၊ မူးယစ်ဆေးဝါး ထုတ်လုပ်မှုနည်းစဉ် အဆင့်ဆင့် တို့နှင့်ပတ်သက်၍ မြန်မာနိုင်ငံ၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် သန့်လွင်မောင်ကရှင်းလင်းပြော ကြားပြီး ကုလသမဂ္ဂမူးယစ် ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC)မှ တာဝန်ရှိသူများနှင့် သတင်းမီဒီယာများ၏သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

ဆက်လက်၍ မူးယစ်ဆေးဝါး စစ်ဆင်ရေးတွင် ပါဝင်ခဲ့ကြသည့် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ် ဖွဲ့ဝင်များအတွက် စားသောက် ဖွယ်ရာပစ္စည်းများကို ပြည်ထဲရေး ဝန်ကြီးဌာနက ချီးမြှင့်ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူ ကြသည်။

ထို့နောက် ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးချက်လုပ် ရာတွင်အသုံးပြုသော ဓာတုပစ္စည်းများ၊ ဆက်စပ်ပစ္စည်းများ ခင်းကျင်းပြသထားရှိမှုအား လိုက်လံကြည့်ရှု လေ့လာကြပြီး မူးယစ်ဆေးဝါး ချက်လုပ်ရာ၌ အသုံးပြုခဲ့သည့် ယာယီအဆောက် အအုံများ၊ ဓာတုပစ္စည်းများ၊ မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်းများ ကို နေရာတစ်ခုချင်းစီအလိုက် လိုက်လံရှင်းလင်း ပြသခဲ့ကာ သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများအပေါ် တာဝန်ရှိသူများနှင့် ဖော်ထုတ်သိမ်းပိုက်ရာတွင် ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ယင်းနောက် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်နှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာ အဖွဲ့များသည် မိုင်းရယ်မြို့၏ အနောက်တောင်ဘက် ၉ ကီလို မီတာခန့်အကွာရှိ မူးယစ်ဆေးဝါး ထုတ်လုပ်သည့်နေရာသို့ ရောက်ရှိ ကြပြီး မူးယစ်ဆေးဝါးချက်လုပ် ရာ၌အသုံးပြုခဲ့သည့် ယာယီအဆောက်အအုံများ၊ ဓာတုပစ္စည်း များ၊ မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသော ဆက်စပ်ပစ္စည်းများကို တာဝန်ရှိသူများက နေရာတစ်ခုချင်းစီအလိုက် လိုက်လံ ရှင်းလင်းပြသခဲ့ကာ သိရှိလိုသည့် မေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြသည်။

ဆက်လက်ပြီး အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်နှင့် တာဝန်ရှိသူများ၊ သံတမန်များ၊ သတင်းမီဒီယာအဖွဲ့များသည် ယခင်ဖော်ထုတ်ရရှိခဲ့သည့် မူးယစ်ဆေးဝါးချက်လုပ်သည့် နေရာသုံးခုတို့မှ မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား မီးရှို့/ မြေမြှုပ်/ ဖောက်ခွဲဖျက်ဆီးခြင်းများ ဆောင်ရွက်ထားရှိမှုအားရဟတ်ယာဉ်များဖြင့် ကြည့်ရှုလေ့လာခဲ့ကြသည်။

ယနေ့တွင် မြေပြင်ကွင်းဆင်းသွားရောက်လေ့လာခဲ့ရာ၌ တာဝန်ရှိသူများ၏ ပြောကြားမှုများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်သည့် နေရာများအား ဖော်ထုတ်သိမ်းပိုက် ခဲ့ရာတွင် ပါဝင်ခဲ့ကြသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သတင်းမီဒီယာများ၏ မေးမြန်းမှုများအပေါ် ဖြေကြားမှုများကိုလည်း ယခုလိုပဲကြားသိရပါတယ် -

(၁) ကျွန်တော်လည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်လာရင် သမိုင်းကြောင်းနဲ့ယှဉ်ပြီး ပြောခဲ့ပါတယ်။ မူးယစ်ဆေးဝါးက မြန်မာနိုင်ငံမှာအမြစ်တွယ်ခဲ့တယ်။ အမြစ် တွယ်ခဲ့ရတဲ့ အကြောင်းအရင်း ကတော့ ဝေးသောအကြောင်း အရင်းပေါ့။ ကိုလိုနီခေတ်ကတည်းက အမြစ်တွယ်ခဲ့တယ်။ ကျွန်တော် ရှင်းပြပြီးသွားပြီ။ မြန်မာနိုင်ငံမှာ ဘိန်းဆိုတာမရှိဘူး။ ကိုလိုနီခေတ်မှာ ဘိန်းခန်းတွေ စထောင်တယ်။ ဒါကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်းတင်မဟုတ်ဘူး။ ကျွန်တော်လေ့လာခဲ့ မိသမျှတော့ တရုတ်မှာဆိုလည်း တော်တော်ကြီးကြီး ကျယ်ကျယ်ပဲ။ ဘိန်းစစ်ပွဲတွေဖြစ်ခဲ့တယ်။ သူကဒီဘိန်းကို လက်နက်တစ်ခု သဖွယ် အသုံးချပြီးတော့မှ ဒီအမြစ်တွယ်မှုက ဘယ်မှာပိုပြီး ကျွန်တော်တို့နိုင်ငံအတွက် ပိုဆိုး သွားလဲဆိုတော့ EAO တွေပေါ်လာ တဲ့အချိန်မှာ ပိုဆိုးသွားတယ်။ ဒီလုပ်ငန်းက ငွေရလွယ်တဲ့ လုပ်ငန်းကိုး။ ခင်ဗျားတို့၊ ကျွန်တော်တို့ ရောက်ပြီးသားဗျာ။ ငွေဘယ်လောက်ရလွယ်သလဲ ခင်ဗျားစဉ်းစားကြည့်။ ဒါပေမယ့် ခုချိန်လုပ်တဲ့အချိန်မှာ ငွေအရင်းအနှီးမြှုပ်နှံမှုက တော်တော်တော့ကြီးလိမ့်မယ်ထင်တယ်။ ခင်ဗျားတို့၊ ကျွန်တော်တို့တွေ့ခဲ့တဲ့ စက်ကိရိယာတွေ သူတို့လုပ်တဲ့နည်းစဉ်တွေ၊ သွင်းနေတဲ့ဓာတုဗေဒပစ္စည်းတွေ ပိုပြီးသိပါလိမ့်မယ်။ သို့သော် အကျိုးအမြတ်ကကြီးတယ်။ အကျိုးအမြတ်က ကြီးတဲ့အတွက် ကြောင့် ဒီဟာကို ထုတ်လုပ်ပြီးတော့ လုပ်နိုင်တဲ့ဟာကိုလုပ်တာ။ အဲဒီအတွက် ဘာလိုလဲဆိုတော့ ဒီလူတွေကို ဒီမူးယစ်ဆေးဝါး လုပ်ငန်းတွေကို ကာကွယ်နိုင်ဖို့အတွက် သေချာတယ်၊ လက်နက်ကိုင်အဖွဲ့အစည်းလိုတယ်။ အဲဒီ လက်နက်ကိုင်အဖွဲ့အစည်းကို တပ်ဆင်ဖို့အတွက် လက်နက်တွေလိုတယ်။ ဒါ့အပြင်သူတို့ကို ဘေးကနေကာကွယ်ပေးဖို့အတွက် လူတွေလိုတယ်။ အဲဒီအတွက်ကို လုပ်ဆောင်ကြခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့ ပြောပြီးသားပဲ။ ဒီနယ်မြေဒေသကထွက်တဲ့ မူးယစ်ဆေးဝါးက ခုနကပြောသလိုပေါ့။ လမ်းကြောင်း တစ်ခုတည်းတော့ မဖြစ်နိုင်ဘူး။ သေချာတာတစ်ခု ကတော့ ပင်လယ်ပြင်ဘက်က လည်း ထွက်တယ်။ နယ်စပ်ဒေသ တွေမှာလည်း အကုန်လုံးထွက် တယ်။ထွက်တယ်ဆိုတာ ဒီမူးယစ် ဆေးဝါးကိုပဲ မူတည်ပြီးတော့ ငွေရ တယ်။ အဲဒီငွေကနေ လက်နက်ဝယ်တယ်။ လက်နက်ကိုင်တပ်ဖွဲ့ထောင်တယ်။ လက်နက်ကိုင်တပ်ဖွဲ့ကိုပံ့ပိုးတယ်။ ပြီးရင် လက်နက်ကိုင်တပ်ဖွဲ့ကနေ အာဏာတည်ဆောက်တယ်။ အာဏာတည်ဆောက်ပြီးမှ မူးယစ်ဆေးဝါးကို ဆက်လုပ်တယ်။ ဒီသံသရာကြီး လည်နေတာဖြစ်တယ်။ အဲဒီတော့ ကျွန်တော်တို့ဘာလိုလဲ။ နှစ်ခုပေါ့။ နံပါတ်တစ် အချက်ကအာဏာလိုတယ်။

နံပါတ်နှစ်က ပြည်တွင်းအား။ ပြည်တွင်းအားဆိုတာသည် ခင်ဗျားတို့၊ ကျွန်တော်တို့သွားခဲ့ တဲ့နေရာတွေမှာ ခင်ဗျားတို့ တွေ့မှာပဲ။ ခင်ဗျားတို့၊ ကျွန်တော်တို့ သွားခဲ့တဲ့နေရာတွေမှာ ရွာကလေး တွေရှိတယ်။ သေချာတာတစ်ခုက အဲဒီမှာရှိတဲ့ ရွာသူ၊ ရွာသားတွေသည်လည်း မူးယစ်ဆေးဝါး ချက်လုပ်တဲ့ လုပ်ငန်းတွေမှာတော့ ပါလိမ့်မယ်။ ပါလိမ့်မယ်ဆိုတာ သူတို့က မူးယစ်ဆေးဝါးလို့ သိချင် မှသိမယ်။ မသိဖို့ ပိုများတယ်။ ကျွန်တော် ပြောနိုင်တာကတော့ ရာနှုန်းပြည့်နီးပါး သူတို့မသိဘူး။ ဘာလုပ်နေမှန်းကို သူတို့သိမှာ မဟုတ်ဘူး။ မသိဘဲနဲ့ သူတို့အနေ နဲ့ ပံ့ပိုးပေးတာတွေ ရှိကောင်းရှိမယ်။ စားစရာသောက်စရာတွေ လာရောင်းတာတွေ ရှိကောင်း ရှိမယ်။ ဒါမျိုးတွေ ရှိကောင်းရှိလိမ့်မယ်။ အဲဒီတော့ ကျွန်တော်တို့က မသင်္ကာဖွယ်ရာတွေ့ရင် ဒီနေ့ ကျွန်တော်ပြောတဲ့ စကားထဲမှာ ပြည်သူလူထုတွေရော၊ ဒေသခံမီဒီ ယာတွေရော၊ ဒေသခံပြည်သူတွေရဲ့ ပံ့ပိုးအား၊ ပြည်တွင်းအားလိုတယ်။

နံပါတ်နှစ် ပြည်ပအားလည်း လိုပါတယ်။ ဘာကြောင့် ပြည်ပ အားလည်းလိုလဲဆိုတော့ ဒီမူးယစ် ဆေးဝါးတွေဟာ ကမ္ဘာရဲ့အန္တရာယ် တွေဖြစ်တယ်။ ကမ္ဘာတစ်ဝန်းလုံး ကို တချို့နေရာတွေမှာ၊ AA ဆိုရင် မူးယစ်ဆေးဝါးကို အဆင့်ဆင့်ကနေ ဆွဲထုတ်တယ်။ ပင်လယ်ရေကြောင်းကနေသူတို့ တာဝန်ခံပြီးပို့တယ်။ ပင်လယ်ပြင်မှာ မိလိုက်တဲ့ လုပ်ငန်းတွေမှန်သမျှမှာ AA ပါဝင်ပတ်သက်တာချည်းပဲ။ AA ပါဝင်ပတ်သက်တယ်ဆိုတာမှာ သွယ်ဝိုက်ပြီးပါဝင်တာမဟုတ်ဘူး။ တိုက်ရိုက်ကိုပါဝင်ပတ်သက်တာ။ AA ကနေ ဗိုလ်မှူးကြီး အဆင့်ရှိတဲ့ ဘယ်သူ့ကိုဦးဆောင်ပြီး လုပ်ခိုင်း တယ်တို့၊ တပ်သားအဆင့် ရှိတဲ့ ဘယ်သူတို့ မျိုးစုံပါဝင်ပတ်သက် နေတာ ဖြစ်တယ်။ ဒါ့အပြင် ထိုင်းနိုင်ငံမှာလည်း မူးယစ် ဆေးဝါး တွေမိတယ်။ ထိုင်းက လည်း ကျွန်တော်တို့ကို ပြော တယ်။ မြန်မာနိုင်ငံထဲကထွက်လာတဲ့ဟာလို့ပြောတယ်။ လာအိုက လည်း ဒီလိုပဲပြောတယ်။ သူကဆီလိုအပေါက်ရှာပြီးထွက်နေတာဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက်မှုအားလည်း လိုပါတယ်။

အခု အားလုံးလည်း တွေ့ခဲ့ပြီးပြီ၊ ဒီနေ့မှာ အားလုံးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ မူးယစ်တပ်ဖွဲ့မှူး ကိုယ်တိုင်ရှင်းပြပြီးပြီ၊ မြန်မာနိုင်ငံဓာတုဗေဒ ပညာရှင်တွေလည်း ရှင်းပြပြီးပြီ၊ မူးယစ်ဆေးဝါးက ဘယ်လိုထုတ်တယ်၊ ဘယ်လိုချက်တယ်ဆိုတာ။ ဒီပစ္စည်းတွေက မြန်မာနိုင်ငံမှာမရနိုင်ဘူး။ သို့သော် ဘယ်လိုလုပ်ရောက်လာလဲ။ ဘယ်လိုလုပ်ရောက်လာလဲဆိုရင် နောက်ကွယ်ကနေ တော်တော်ကို အင်အားတောင့်တင်းတဲ့၊ အကာအကွယ်ပေးနိုင်တဲ့၊ လက်နက် မရှိဘဲနဲ့ ရောက်လာစရာအကြောင်း မရှိဘူး။ ဒီဟာတွေသည် ဒီကနေ ပြီးရောက်လာတာဖြစ်တယ်။ အဲဒီ တော့ပြန်ပြီးစဉ်းစားကြည့်။ ဒီလူတွေက ချက်လုပ်တဲ့လူတွေဆီကနေပြီးဘာယူမလဲ။ ငွေယူမယ်လို့ပြောရအောင် ဒီလူတွေမှာ တောထဲ တောင်ထဲမှာရှိနေတဲ့လာချက်နေတဲ့သူတွေက ငွေဘယ်လိုလွှဲမလဲ။ ရှင်းရှင်းလေးရယ်။ ကုန်ကြမ်းပေးပြီးတော့ ကုန်ချောယူမှာ ဒီကောင်တွေ၊ ဒါပဲ။ ဒီလုပ်ငန်းပဲ။ အဲဒီတော့ ကုန်ချောတွေဘယ်လို ထွက်သွားတယ်ဆိုတာ အပိုင်းလိုက်ခွဲထားတာပဲဖြစ်ရမယ်။ ဒီချက်လုပ်တဲ့လူတွေနဲ့ လုပ်အား ခံစားခွင့်ရှိသူတွေက တစ်မျိုး၊ ကုန်ချောယူသွားတဲ့ လူတွေရဲ့ ပို့ဆောင်ပေးပုံကတစ်မျိုး၊ ပြီးရင် အဆက်အသွယ်တွေနဲ့ လုပ်တဲ့ပုံက တစ်မျိုး၊ အဆင့်ဆင့်အလွှာ လွှာရှိနေတဲ့ဟာမျိုးဖြစ်တယ်လို့ပဲ ကျွန်တော်တော့မြင်ပါတယ်။

အဓိကပြောရရင် ကျွန်တော် တို့ကလည်း ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ကာကွယ်အောင် ပြောမှာပေါ့။ ဒီနယ်မြေဟာ တပ်မတော်ကစိုးမိုးတဲ့နယ်မြေမို့ ဒါကြောင့်လာဆောက်တယ်၊ ဒါကြောင့်လာလုပ်တယ် ပြောမှာပေါ့။ ခင်ဗျားဘယ်လိုပဲပြောပြော၊ တပ်မတော်ပဲပြောပြော၊ EAOs ပဲပြောပြော။ ပလောင်ပဲပြောပြော၊ ရှမ်းပဲပြောပြော၊ ကချင်ပဲပြောပြော၊ ပအို့ဝ်ပဲပြောပြော၊ ကိုးကန့်ပဲပြောပြော၊ ခင်ဗျားကို ဘယ်ကောင်မှဘယ်သူမှ နိုင်ငံတကာသွားလို့ ဒီကောင်ကကိုးကန့်ပါ၊ ဒီကောင်က ပလောင်ပါ။ ဒီကောင်က ကချင်ပါ၊ ဒီကောင်ကမွန်ပါ၊ ဒီကောင်ကကရင်ပါလို့မပြောဘူး။ ခင်ဗျားကို မြန်မာလို့ပဲပြောမှာ။ မြန်မာလို့ပဲပြောရင် မြန်မာလို့ပဲသိမှာ။ အဲဒီတော့ ကျွန်တော်ပြောချင်တာက မြန်မာစကားပုံတစ်ခုရှိတယ်။ မြေနိမ့်ရာလှံစိုက်ဆိုတာရှိတယ်။ မြေနိမ့်ရင် လှံစိုက်ခံရမှာပဲ။ လှံအစိုက်မခံချင်ရင် မြေမနိမ့်စေနဲ့၊ မြေနိမ့်နေလို့ လှံစိုက်ခံရတာ။

တစ်ခါတလေ ကျွန်တော်ပြော တယ်။ မြေနိမ့်တဲ့သူရဲ့အပြစ်လား၊ လှံစိုက်တဲ့ သူရဲ့အပြစ်လား။ ကျွန်တော်တို့ နည်းနည်းတော့ စဉ်းစားဖို့လိုတယ်လို့ ထင်တယ်။ လှံစိုက်တဲ့သူတွေချည်းပဲအပြစ်မတင်နဲ့။ မြေနိမ့်နေတာ ဘယ်သူတွေလဲ။ ကျွန်တော်တို့ နိမ့်နေတာ။ ဘာကြောင့် နိမ့်နေတာလဲ။ ကျွန်တော်တို့မစည်းရုံးလို့ နိမ့်နေတာ။ ဘာလို့မစည်းရုံးလဲ လောဘ ဇောတွေတိုက်နေလို့ မစည်းရုံးနေတာ။ မစည်းရုံးနေသမျှကတော့ မြေနိမ့်နေဦးမှာပဲ။ မြေနိမ့်နေသမျှကတော့ သေချာတယ်။ နိုင်ငံတကာက လှံစိုက်မှာ။ ဒါက ကျွန်တော်တို့နိုင်ငံ တစ်နိုင်ငံတည်းမှ မဟုတ်ဘူး။ နိုင်ငံတကာမှာ နိမ့်ကျနေတဲ့ နိုင်ငံမှန်သမျှ သနားလို့လှူတာရှိကောင်းရှိမယ်။ လူသားချင်းစာနာထောက်ထားလို့ပေးချင်တာ ပေးတာရှိမယ်။ သို့သော်လည်း နိုင်ငံတကာမှာ လှံစိုက်ဖို့ကတော့အသင့်ပဲ။ လူ့လောကကြီးမှာလည်း အဲ့လိုပဲ။ ကျွန်တော်ဒီနေရာမှာ ဘာကိုပြောချင်လဲဆိုတော့ ခင်ဗျားတို့ မီဒီယာတွေလည်း အင်တာဗျူးတွေလုပ်ခဲ့ပြီးပါပြီ။ မူးယစ်ဆေးဝါးကို ဘက်ပေါင်းစုံကနေ တိုက်ဖျက်ရမယ်။ ဘက်ပေါင်းစုံ ဆိုတာတပ်တို့၊ ရဲတို့ ဒါတွေချည်းပဲ မဟုတ်ဘူး။ ရှုထောင့်ပေါင်းစုံကလို့ ပြောခြင်းဖြစ်တယ်။

ကျွန်တော်တို့ လူငယ်တွေ အခုအချိန်တွေမှာ ပြောကြတယ်။ လူငယ်တွေကြားထဲမှာ မူးယစ် ဆေးဝါးက ဘယ်လောက်အန္တရာယ် များလဲဆိုတာ ကျွန်တော်တို့ ပြောရမယ်။ ပြောတဲ့နေရာမှာ ဒီအတိုင်းပါးစပ်လေးနဲ့ ပြောလို့မရဘူး။ ဒီနေ့ ဓာတုဗေဒဝန်ရုံးက ပြောလိုက်တယ်။ မူးယစ်ဆေးဝါး ဆိုတာ ဘယ်လောက်အန္တရာယ် များတဲ့ ဓာတုဗေဒပစ္စည်းတွေက နေ ပေါင်းစပ်ထားတာ။ မူးယစ်ဆေးဝါးပေါင်းစပ်တဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်စစ်တွေဆိုတာ လက်နဲ့တောင်ကိုင်လို့ရတာမဟုတ်ဘူး။ အဲဒါတွေနဲ့ ပေါင်းစပ် ထားတာ။ နောက်ပြီးမှ အချိုပေါ် သကာလောင်းပြီး လုပ်ထားတာ ဖြစ်တဲ့အတွက် မွှေးကြိုင်နေ တယ်လို့ ထင်ရတာ။ ဒီဟာတွေသည် အဆိပ်ကို မျိုနေတယ်ဆိုတာ လူငယ်တွေ သိအောင်လုပ်ရမှာ။ နံပါတ်တစ် လူငယ်တွေသိရင် မသုံးတော့ဘူး။ မသုံးတော့ရင် မဝယ်တော့ဘူး။ ဘယ်မှာရောင်းမလဲ။ Dimension တစ်ခု။ နောက် Dimension တစ်ခုက ဒီမူးယစ် ဆေးဝါးနဲ့ပတ်သက်ပြီး အွန်လိုင်း လောင်းကစားလိုမျိုး မသိချင်ယောင် မဆောင်နဲ့ မမြင်ချင်ယောင် မဆောင်နဲ့။ မသိချင်ယောင် မဆောင်အောင် မမြင်ချင်ယောင် မဆောင်အောင် ကျွန်တော်တို့ ဘာလုပ်ရမလဲ။ တာဝန်ရှိသူတွေ မှာပဲဖြစ်ဖြစ် တာဝန်မရှိသူတွေ မှာပဲဖြစ်ဖြစ် ခင်ဗျားတို့ ကျွန်တော် တို့မှာ သားသမီးတွေရှိတယ်။ မီဒီယာတွေမှာလည်း သားသမီး တွေရှိတယ်။ မိဘတွေကိုသိအောင် ပြောရမယ်။ မသိချင်ယောင် မဆောင်နဲ့၊ မမြင်ချင်ယောင် မဆောင်နဲ့။ ခင်ဗျားတို့သားသမီး တွေပါ ပါသွားမယ်ဆိုတာ ကျွန်တော်တို့ သိအောင်ပြောရ မယ်။ ဒါက Dimension တစ်ခု။

နောက် Dimension တစ်ခုက မဟုတ်တာလုပ်နေတဲ့ EAO တွေနဲ့ ပတ်သက်ပြီး ဒီကိစ္စတွေကို ငါတို့ သည်းခံမှာမဟုတ်ဘူး။ ငါတို့ အစိုးရတင်မဟုတ်ဘူး။ ငါတို့ ပြည်သူလူထု၊ ငါတို့မိဘတွေ၊ ငါတို့ သားသမီးတွေကသည်းခံမှာ မဟုတ်ဘူးဆိုတာ သိအောင်လုပ်ရ မယ်။ ဒါက Dimension တစ်ခု။ နောက် Dimension တစ်ခုကအစိုးရ။ အစိုးရနဲ့ပတ်သက်လာ လျှင် အစိုးရတစ်ရပ်မှာလည်း ကောင်းတဲ့လူရှိသလို မကောင်းတဲ့လူလည်းရှိတယ်။ ကောင်းတဲ့ လူပဲဖြစ်ဖြစ် မကောင်းတဲ့လူပဲဖြစ်ဖြစ် ငါတို့သည် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းမှာ ပါကို ပါမယ်။ တက်တက်ကြွကြွပါမယ်။ ခင်ဗျားတို့ မဟုတ်တာလုပ်ရင် လည်း ခင်ဗျားတို့ကို ထောက်ပြ မယ်။ ဒီ Dimension ပေါင်းစုံ ကနေပြီး ကျွန်တော်တို့ တိုက်ဖျက် မှ ရမယ်လို့ထင်ပါတယ်။

(၂) P2P မှာ ချက်လို့ရတဲ့ နည်း လမ်း ၄ မျိုးရှိတယ်။ ခုနက ကျွန်တော်ပြခဲ့တဲ့ဟာ အရှင်းဆုံးပဲ Hydrogen Gas ရယ်၊ Gas Cylin-der ဘေးနားက ဘာလဲဆိုတော့ အစိမ်းလေးတွေက Hydrogen နဲ့ အသုံးပြုထားတာ။ Methylamine ဆိုတဲ့တစ်ခုရယ် Hydrogen Gas ရယ် P2P ရယ်။ အဲဒီသုံးခုပဲလိုတယ်။ အဲဒီသုံးခုကို Proce-ssing လုပ်လိုက်ရင် Compre-ssing Steel Container နှစ်ခုတွဲ ကြီးက Hydrogen ဖြတ်လိုက်တာနဲ့ Methamphetamine ထွက်လာတယ်။ Liquid state မှာပဲ ရှိသေးတယ်။ ဒါက နည်းစဉ်တစ်ခု။ ကျွန်တော်တို့ ဖမ်းဆီးရမိ ခဲ့တဲ့ Chemecial တွေ သွားကြည့်လို့ရှိရင် နည်းစဉ်လေးမျိုးထဲမှာ ဘာတွေ့လဲဆိုတော့ နည်းစဉ်သုံးမျိုးကို ချက်လုပ်နေတာကိုသွားတွေ့ရတယ်။ နောက်တစ်ခုက ဘာလဲဆိုရင် Pressurize metal reactor ဒါကလည်း Final State ဆိုတာ ထွက်လာတဲ့အချိန်မှာ Methamphetamine အက်စစ်ပါ တဲ့ဟာကိုပဲ ထွက်ဦးမယ်။ ဒါကြောင့် ဒီမှာဘယ်လောက် ချက်နိုင်သလဲလို့ပြောရင် နည်းလမ်းတစ်ခုအနေနဲ့ လွယ် လွယ်ပြောရရင် reactor က ထွက်လာနိုင်တဲ့ စွမ်းအားဘယ်လောက်ရှိလဲဆိုရင် reactor ရဲ့ကွန်တိန်နာတွေကိုကြည့်လိုက်ခြင်းအားဖြင့် ဘယ်လောက် ထွက်မယ်ဆိုတာ သိနိုင်တယ်။ အဲဒီမှာမှ ဘာ State တွေ ထွက်လာလဲဆိုရင် Methamphe-tamine Acid State ပဲ ထွက်မှာ ဖြစ်တယ်။ အဲဒီရလာတဲ့ Acid State ကို ဘယ်ကိုပြောင်းမလဲဆိုတော့ Alkali State ကိုပြောင်းမယ်။ Acid ကို Dilute လုပ်ရမှာ။ သူ့ process တွေရှိတယ်။ ကျွန်တော်တို့က Production လုပ်နေတဲ့သူလည်း မဟုတ်ဘူး။ သူ့ရဲ့သီအိုရီအရ။ အဲဒါပြီးသွားရင် ဘာရမလဲဆိုတော့ အရည်ပဲရမှာပါ။ အဲဒီအရည်ကို ဘာလုပ် မှာလဲဆိုတော့ စစ်ထုတ်ရမှာပါ။ ပြီးရင် ဟိုက်ဒရိုကလိုရစ် HCl ဆိုတာ ရေမှာပျော်ဝင်နိုင်တဲ့အခြေ အနေကိုရောက်မယ်။ အဲဒီအရည်ကနေပြီးတော့ အရည်ကြည်တွေထွက်လာပြီး Freezer တွေမှာထားမယ်။ Bucket တွေမှာထား မယ်။ ပြီးရင် Solid State ကို ပြန်ပြီးတော့ ပြောင်းမယ်။ Solid State ကို ပြန်ရောက်တဲ့ အချိန်မှာ ဘာရမလဲဆိုတော့ Solid ကြီးပဲ လုံးဝမရဘူး ဘာတွေရောနေလဲ Solid နဲ့ Liquid နဲ့ ရောနေမယ်။ တချို့နေရာမှာ Washing Machine တွေသုံးတယ်။ လျှော်ဖို့မဟုတ်ဘူး။ spin လုပ်ဖို့ လှည့်ဖို့အတွက်သုံး တယ်။ အောက်မှာရှိနေတဲ့ အဝတ် တွေလျှော်ပြီးရင် အခြောက်ခံသလိုပဲ အရည်တွေက အောက်ကျသွားတယ်။ အဖတ်တွေက ကျန်နေခဲ့ တယ်။ အဲဒါက နည်းလမ်းတစ်ခု။

နောက်နည်းစဉ် တစ်ခုက Bucket တွေနဲ့ထားတယ်။ ခုနကပြောခဲ့တဲ့ Steel Tray တွေရှိတယ်။ Steel Tray ဟောင်းတွေ ဘာဖြတ် သလဲဆိုရင် Boiler ဖြတ်တယ်။ အပူငွေ့ဖြတ်တယ်။ အပူငွေ့ဖြတ် ရင်းနဲ့ အပူငွေ့နဲ့အတူအေးသွားမယ်။ အေးသွားရင် ဘာဖြစ်သလဲဆိုရင် Liquid State ကနေ Solid State ကို ပြောင်းသွားတဲ့နည်းစဉ်တစ်ခု။ ခုနတုန်းကပြောတဲ့ Small Bucket လေးတွေနဲ့ထည့်ပြီးတော့ မှ Freezer ထဲမှာ အအေးခံတယ်။ အအေးခံရင်လည်း လုံးဝ Solid ကြီးပြောင်းသွားတာမဟုတ်ဘူး။ Solid နဲ့ Liquid ရောနေတဲ့ အခြေ အနေတစ်ခုကိုရောက်သွားတယ်။ ပြီးရင် သူ့ရဲ့ထုတ်လုပ်နိုင်တဲ့ Quality ပိုပြီးတော့ ကောင်းနိုင်ဖို့အတွက်နည်းစဉ်တစ်ခု။ ပြီးတော့ မှ အရေးအကြီးဆုံး နည်းစဉ်တစ်ခု က Tartaric Acid ကို တွေ့တယ်။ Tartaric Acid ဆိုတာ ဘာလဲဆိုရင် Purification ကောင်းဖို့ Quaility ကောင်းဖို့ ထွက်လာတဲ့ အိုက်စ်က အရည်အသွေး မကောင်းဘူး။ Tartaric Acid နဲ့ လုပ်တော့မှ သန့်စင်မှုရာခိုင်နှုန်းက ၉၈ ရာခိုင်နှုန်း၊ ၉၉ ရာခိုင်နှုန်း လောက်အထိကို ရောက်သွားတယ်။ မဟုတ်ရင်တော့ ဈေးကွက်မှာ တွေ့နေတဲ့ဟာတွေက သာမန် ပဲ ဖြစ်တယ်။ ဒီ Equipment တွေကိုကြည့်တယ်။ သုံးနေတဲ့ Che-mical တွေကို ကြည့်ပြီးတော့မှ သူတို့ရဲ့ထုတ်လုပ်နိုင်တဲ့ ထုတ်လုပ်နိုင်စွမ်းရယ်၊ ဘယ်လိုနည်းစဉ်တွေနဲ့ ထုတ်လုပ်နေတယ်ဆိုတာကို ကျွန်တော်တို့တွေ့ရတာဖြစ်ပါတယ်။ ဒါဟာဆိုရင် ကျွန်တော်ပြောတဲ့ P2P Method ကိုပဲ အသုံးပြုတာဖြစ်ပါတယ်။ လွန်ခဲ့သောဆယ်စုနှစ်တုန်းကတော့ ထုတ်လုပ်တဲ့နည်းလမ်းက တစ်မျိုးရှိသေးတယ်။ ဆူဒို အဖက် ဒရင်းကို အသုံးပြုပြီးတော့ ထုတ်လုပ်တဲ့နည်းလမ်းရယ်၊ နည်းစဉ်ရယ် ရှိသေးတယ်။ နည်းလမ်း ၅ မျိုး၊ နည်းစဉ်က အခု P2P မှာလုပ်ငန်းစဉ် ၄ မျိုးရှိတယ်။ ၄ မျိုးနဲ့ ထုတ်လုပ်လို့ ရပါ တယ်။ တချို့နေရာတွေမှာပြီးခဲ့တဲ့ နေရာတွေမှာ ဘာတွေ့လဲဆိုရင် တရုတ်လိုရေးထားတာ တွေ့ တယ်။ ရှမ်းလိုရေးထားတာတွေ့တယ်။ မြန်မာလိုတွေ့တယ်။ ဒီနေရာကို လုံခြုံရေးအရ လက်နက်ကိုင်အဖွဲ့တွေက Cover ပေးထားတယ်။ Local People တွေက အဓိကလုပ်တဲ့ အလုပ်က စိုက်ပျိုးရေး၊ မွေးမြူရေးတွေပဲ လုပ်ကြတယ်။ မြန်မာနိုင်ငံအတွက် မဟုတ်ဘူး၊ ကမ္ဘာအတွက်ပါ အကျိုးအမြတ်ရတယ်။ We save the world. We try to save the world. မူးယစ်ဆေးဝါးပြဿနာက မူးယစ် ဆေးဝါးဆိုတာ တစ်ဦးတစ်ယောက် တည်းကို၊ ကဏ္ဍတစ်တည်းကို ထိခိုက်တာ မဟုတ်ဘူး။ အခု ကျွန်တော်တို့နိုင်ငံမှာ မူးယစ်ဆေးဝါးကနေစခဲ့တဲ့ ပြဿနာက ငွေတွေအမြောက်အမြားရတယ်။ တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်ဝယ်တဲ့ နေရာကိုရောက် တယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး ထိခိုက် တယ်။ သုံးစွဲတဲ့သူတွေအနေနဲ့ ပြည်သူတွေကို ထိခိုက်တယ်။ ပြည်သူတွေမှာ တိုက်ရိုက်ထိခိုက် တာရှိတယ်။ သွယ်ဝိုက်ထိခိုက် တာရှိတယ်။ အဲတော့ မူးယစ် ဆေးဝါးပြဿနာဟာ မြန်မာနိုင်ငံ မှာရှိတဲ့ ပြည်သူတစ်ယောက် တည်းကို ထိခိုက်တာမဟုတ်ပါ ဘူး။ ပြီးခဲ့တဲ့ တစ်ခေါက်ကလည်း ဝန်ကြီး ရှင်းပြခဲ့တယ်။ လူသား မျိုးနွယ်တစ်စုလုံးကို ထိခိုက်တာ ဖြစ်တယ်။ ဒါကြောင့် ခုနတုန်းက ပြောသလို We save the world. We try to save the world. We try to save the human being. မြန်မာနိုင်ငံတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ အိုက်စ်ဆိုတာ Methamphetamine အခဲ Crystal ကို အိုက်စ် လို့ခေါ်တာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံနဲ့ ပတ်ဝန်းကျင်နိုင်ငံတွေမှာ ဖြစ်ပေါ် နေတာဟာ စိတ်ကြွရူးသွပ်ဆေး ပြား၊ စိတ်ကြွရူးသွပ်ဆေးပြား မှာ Methamphetamine ဘယ် လောက်ပါလဲဆိုရင် Quality အကောင်းဆုံးက ၃၀ ရာခိုင်နှုန်း ပါတယ်။ ကျန်တဲ့ ၆၀ ရာခိုင်နှုန်းနဲ့ ၆၅ ရာခိုင်နှုန်းက ကဖင်းပါတယ်။ ကဖင်းကို မြန်မာနိုင်ငံမှာ တားထားတယ်။ တခြား Chemical တွေနဲ့ ဆိုးဆေးတို့ဘာတို့ပါရင် ၁၀၀ ရာခိုင်နှုန်းဖြစ်သွားရင် 1 tablet။ ဒါကြောင့်မို့လို့ အခုမိတဲ့ အိုက်စ်ကို 3.5 လောက်နဲ့ မြှောက်လိုက်ရင် ခုနတုန်းက ကဖင်းတွေရော တခြားဟာတွေနဲ့ရောရင် ဘာထွက်မလဲဆိုတော့ အဲဒါက မက်သ်အဖက်တမင်း Tablet၊ အဲဒါကိုရာဘ Tablet လို့ခေါ်တယ်။ ဒါကမက်သ်အဖက်တမင်း Crystal ကနေထုတ်လုပ်တာပါပဲ။

(၃) ဒီနေရာကတော့ အဓိက အိုက်စ် မူးယစ်ဆေးဝါးနဲ့ နံပါတ်ဖိုး ဘိန်းဖြူထုတ်လုပ်တဲ့ နေရာဖြစ်ပါတယ်။ လက်ရှိအိုက်စ်ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ Acid ၊ ဓာတုဗေဒပစ္စည်းတွေ အများဆုံး တွေ့ရပါတယ်။ နောက်ပြီး အိုက်စ် ထုတ်လုပ်တဲ့နေရာမှာ အသုံးပြုတဲ့ အခြောက်ခံဗန်းတွေ၊ မွှေစက်တွေ၊ ဒါတွေကို တွေ့ရှိခြင်းအားဖြင့် မူးယစ်ဆေးဝါး အိုက်စ်ထုတ်လုပ် တဲ့နေရာလို့ အတည်ပြုခြင်းဖြစ်ပါ တယ်။ ဒီစစ်ဆင်ရေးကိုတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ကစပြီး လေးညအိပ်ငါးရက် မနားတမ်း လမ်းလျှောက်ပြီးတော့ မြေပြင်ကင်းထောက်ခြင်း၊ ဝေဟင်ကနေပြီး သတင်းရယူခြင်းနဲ့ပေါင်းစပ်ပြီး ဒီနေရာကို ဆက်လက်ဖမ်းဆီးရှာဖွေ ဖော်ထုတ်မိတာဖြစ်ပါတယ်။ ဧက ၃၅/၄၀ ခန့် လောက်တော့ ရှိပါတယ်။ တိုက်ပွဲကတော့ ဇန်နဝါရီ ၉ ရက်နေ့မှာ တစ်ကြိမ်ဖြစ်ပါတယ်။ ထိတွေ့မှုတော့ရှိပါတယ်၊ ဒဏ်ရာရအကျအဆုံးတော့မရှိပါဘူး။ ရန်သူကျွန်တော်တို့နဲ့ ထိတွေ့တဲ့အချိန် မှာ ခန့်မှန်း ၃၅ / ၄၀ လောက်တော့ ရှိပါတယ်။ ကျွန်တော်တို့က အင်အားများတော့ သူတို့ ချက်ချင်းပြန်ဆုတ်ပြေးပါတယ်။ သူတို့ခွဲခွဲပြီးလုပ်တာပါ။ ကျွန်တော်ထင်တာတော့ သူတို့တွေ စက်ရုံတစ်ခုနဲ့တစ်ခုတော့ အချိတ်အဆက် တစ်ခုတော့ရှိမယ် ထင်ပါတယ်။ ဒီဂိုဒေါင်ကြီးကအလုံပိတ်ပါ။ မိုးလုံ လေလုံနဲ့ အိုက်စ်အခြောက်ခံတာ တွေထားတဲ့နေရာဖြစ်ပါတယ်။ လူဝင်မယ်ဆိုရင်တောင် တော်တော်နဲ့ ဝင်လို့မရပါဘူး။ ဂိုဒေါင်တစ်ခုနဲ့ တစ်ခုကဆက်စပ်ပါတယ်။

(၄) (၇)ရက်နေ့ကနေ ကျွန်တော် တို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်နေရာကို ရောက်ဖို့အတွက် လေးညအိပ် ငါးရက် ညရောနေ့ ရော မနားမနေဘဲ တောက်လျှောက် လာခဲ့ရပါတယ်ဗျ။ အဲ့အချိန်မှာ ကျွန်တော်တို့ ချောင်းတွေမြောင်းတွေ အများကြီးဖြတ်ခဲ့ရပါတယ်ဗျ။ နောက်ပြီးတော့ ရွာတွေ တွေ့တဲ့အချိန်မှာ ရွာတွေကို ရှောင် ပါတယ်ဗျ။ လမ်းကို ကျွန်တော် တို့ လုံးဝမသုံးပါဘူးဗျ။ ကျွန်တော်တို့ တပ်မတော်ရော ကျွန်တော်တို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲကွန်မန် ဒိုတပ်ဖွဲ့တွေရော သွားတဲ့အချိန်မှာ တပည့်တွေ တအားပင်ပန်းဆင်းရဲ ပါတယ်ဗျ။ ဒါပေမယ့် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ရည်မှန်းချက်နေရာကို မရောက်မချင်း တောက်လျှောက် ချီတက်ခဲ့တဲ့အချိန်မှာ နောက်ဆုံးတော့ ငါးရက်မြောက် နေ့မှာ ကျွန်တော်တို့ရည်မှန်းချက် နေရာကို ရောက်ရှိခဲ့ပါတယ်ဗျ။ ရည်မှန်းချက်နေရာကို ရောက်အောင်သွားရမယ်။ ဒီနေရာကို ကျွန်တော်တို့သွားကိုသွားရမှာ ဖြစ်တဲ့အတွက် ဒီနေရာကို ငါတို့ မဖြစ်မနေသွားကို သွားရမယ်ဆိုတဲ့ စိန်ခေါ်မှုတစ်ရပ်ရှိပါတယ်ဗျ။ ကျွန်တော်တို့သွားတဲ့အချိန်မှာ ရန်သူကကျွန်တော်တို့ကို ကြားဖြတ်ညမှာ တိုက်ခိုက်ခံရပါတယ် ဗျ။ ခန့်မှန်း ၃၅/၄၀ လောက် ရှိမယ်ဗျ။ ကျွန်တော်တို့လည်း သူတို့ကို ပြန်ပြီးပစ်ခတ်ခဲ့ပါတယ် ခင်ဗျ။ ထိတွေ့မှုဖြစ်တဲ့အချိန်မှာ သူတို့စွန့်ခွာပြေးသွားပါတယ်ဗျ။ လက်ရှိအနေနဲ့တော့ သူတို့ရဲ့ နယ်မြေဖြစ်တဲ့အတွက် လုံခြုံမှုရှိ တယ်ဆိုတာတော့ ကျွန်တော်တို့က ပကတိပြောလို့မရပါဘူးဗျ။ တိုက်ပွဲကတော့ သူတို့က ကျွန်တော်တို့ကို ကြားဖြတ်တိုက်တယ်၊ ဟန့်တားတယ်။ အဓိက သူတို့ရည်ရွယ်ချက်ကတော့ ဒီနေရာတွေကို ကျွန်တော်မရောက်ဖို့အတွက် တားဆီးတဲ့ပုံစံမျိုးဖြစ်ပါတယ်ဗျ။ လက်ရှိအနေအထားတော့ကျွန်တော် တို့အားလုံး စိုးမိုးထားနိုင်ပါပြီဗျ။ ဒီမူးယစ်ဆေးဝါးနဲ့ ပတ်သက်လာ ရင်တော့ ကျွန်တော်တို့က လုံးဝ လက်မခံနိုင်ပါဘူးဗျ။ အားလုံးအမြစ် ပြတ်ပြီးတော့ ချေမှုန်းမှာပါဗျ။

(၅) မူးယစ်ဆေးဝါးတွေကို အကြီး အကျယ် ထုတ်လုပ်နေတဲ့ နေရာ အမှတ် ၄ ဖြစ်ပါတယ်။ နေရာအမှတ် ၄ မှာ နှစ်နေရာလေး ကွဲနေတာပါ။ ရောက်ခဲ့တဲ့နေရာကတော့ အသစ်ပေါ့။ ဒါကတော့ အဟောင်း ပါ။ အဟောင်းဆိုပေမယ့်လည်း ချက်လုပ်တာကတော့ ချက်လုပ်နေတဲ့အနေအထားရှိတယ်။ နေရာ ၄ မှာ အဓိက ဒါချက်တာကတော့ Methaphetamine ဖြစ်ပါတယ်။ နေရာ ၁ ၊ ၂ ၊ ၃ မှာသည် အိုက်စ်ပေါ့။ Crystal Meth ကို အဓိကထားပြီး ထုတ်လုပ်နေပြီးတော့ ဒီမှာဆိုရင် Packaging တွေပေါ့၊ Tablet ထုတ်လုပ်တာတွေလည်း တွေ့ပါလိမ့်မယ်။ ဒါတစ်ခုရှိပါတယ်။ ဒီမှာ သူကထုတ်လုပ်တဲ့ နည်းစဉ်တွေက ၄၊ ၅ ခုလောက် ရှိတယ်။ ရှိတဲ့ အခါကျတော့ ကျွန်တော်တို့က ကိုယ်တွေက ထုတ်လုပ်သူမဟုတ်တဲ့ အခါကျတော့ ဘယ်လိုမျိုး ပြန်ကြည့်ရ သလဲဆိုရင် သူတို့ဘာ Chemical တွေ သုံးခဲ့လဲပေါ့။ စခန်းကို သိမ်းပိုက်ရမိတဲ့အချိန်မှာ ဘာ Chemical တွေ ကျန်ခဲ့လဲပေါ့၊ အဲဒါကို ကြည့်ပြီးတော့မှ နောက်ကြောင်းပြန်ပြီးတော့ Tracing လိုက်တဲ့ Method ကို သုံးပြီးတော့ ကြည့်နေတဲ့သဘောပေါ့။ ထုတ်လုပ်မှုနည်းစဉ် ၄၊ ၅ ခုမှာ သူက ၃ ခု လောက်ကတော့ ကျိန်းသေသုံးတဲ့ အနေအထားရှိပါတယ်။ အဓိက Methaphetamine ကို ချက်လုပ်တဲ့နေရာမှာ Precursor လို့ခေါ်တဲ့ Methaphetamine ရအောင် အစပျိုးရတဲ့ ဓာတုပစ္စည်းရှိပါတယ်။ P2P လို့ခေါ်တဲ့ Precursor ပေါ့။ အဲဒီ P2P က တိုက်ရိုက် ရတာမဟုတ်ပါဘူး။ P2P က Pre Precursor တွေကို ပြန်ပြီးတော့ ချက်တဲ့အနေအထားပါ။ P2P ဖြစ်အောင်ချက်ပြီးတော့ နောက်ထပ်နည်းစဉ်ပေါ့ လမ်းခွဲ ၄ ခုရှိ တယ်။ အဲဒီလမ်းခွဲ ၄ ခုအတိုင်း ထည့်ပြီးတော့ ချက်လိုက်ရင် ကျွန်တော်တို့ မြင်နေရတဲ့ Methaphetamine Crystal အိုက်စ်ကိုရတာပေါ့။ အဲဒီမှာတွေ့ တဲ့ Chemical တွေ အကုန်လုံးကလည်း အများအားဖြင့် နည်းလမ်း ၃ ခုလောက်ကို အသုံးပြုတဲ့ အနေအထားလေး တွေ့ရပါတယ်။

ဥပမာဆိုရင် ကျွန်တော်တို့ ဒီမှာ ဒါအဆင့်တွေမှာဆိုရင်တော့ ထားပါတော့နော်၊ ဒါ ဆိုဒီယမ် ဆိုင်ယာနိုက် (Sodium Cyanide) ကို ဘန်ဇိုင်းကလိုရိုက် (Benzyl Chloride) ရယ်၊ အယ်လ်ကိုဟော (Alcohol) ရယ်၊ အဲဒါတွေနဲ့ ပေါင်းလိုက်တယ်ဆိုရင် ကျွန်တော် တို့ ဘန်ဇိုင်းဆိုင်ယာနိုက် (Benzyl Cyanide) ရသွားပြီ။ ဘန်ဇိုင်း ဆိုင်ယာနိုက်ကိုသန့်လိုက်ပြီ။ သန့်တဲ့အခါမှာ ဆာလ်ဖျူရစ် အက်စစ်(Sulfuric Acid)၊ ဆိုဒီယမ် ဘိုင်ကာဗွန်နိတ် (Sodium Bicarbonate)၊ ဆိုဒီယမ်ကလိုရိုက် (Sodium Chloride) နဲ့ ထပ်ပေါင်းတယ်ဆိုရင် ဒါဘန်ဇိုင်းဆိုင်ယာ နိုက်ကို ပိုပြီးတော့ သန့်တဲ့ဟာရသွားပြီ။ ရပြီးတော့မှ အဲဒီဘန်ဇိုင်း ဆိုင်ယာနိုက်ကို တစ်ခါအခု ကျွန်တော်ရွတ်သွားတဲ့ Chemical တွေ အကုန်လုံး ဒီမှာမြင်နေရတဲ့ အတိုင်းပဲ၊ ကျွန်တော်မှတ်တမ်း တင်ထားပြီးသားပေါ့နော်။ ဆိုဒီယမ်၊ အီသိုင်းအက်စီတိတ် (Ethyl Acetate)၊ အီသာ (Ether) စသဖြင့် ပေါ့။ အဲဒါတွေ ရတယ်။ ပြီးရင် APAAN ဆိုတာလေး ရှိတယ် ခင်ဗျ။ အဲဒီ APAAN ကနေပြီးတော့ P2P ကိုသွားတာ သူတို့က နှစ်ဆင့် သုံးဆင့် ခံပြီးတော့ သွားတာပေါ့ နော်။ အဲဒီတော့ ဒီ Chemical နဲ့ ယူတဲ့အခါမှာ နည်းလမ်း သုံးခု လောက်နဲ့ သူတို့ ချက်ပါတယ်။ သုံးထားတဲ့ Chemical တော်တော် များများကို ဒီမှာ မျက်မြင်ပေါ့၊ စမ်းသပ်စစ်ဆေးလို့ရပါတယ်။ ဒါသည် တော်တော်ကြီးကိုမှ အကြီးအကျယ် ထုတ်လုပ်နေတာ။ ရသမျှ Chemical တွေ အားလုံးကို ရသမျှနည်းလမ်းပေါင်းစုံနဲ့ တော်တော်ကြီးကို ထုတ်လုပ်နေတဲ့ အနေအထားရှိတယ်။ နောက်တစ်ခုက အိုက်စ်ပဲ မဟုတ်ဘူး၊ Methaphetamine Tablet တွေ လည်းပါတယ်။ အခု မီဒီယာရောက် နေတဲ့ စခန်းမှာဆိုရင် မျက်မြင် လည်း တွေ့ခဲ့ရပြီ။ ဒါ ဟီးရိုးအင်း (Heroin) ပေါ့၊ ဘိန်းဖြူထုတ်လုပ်နေတဲ့ အနေအထားလေးရှိတာပေါ့။ ဘိန်းဖြူထုတ်လုပ်တဲ့ ပစ္စည်းတွေ ကျွန်တော်ပြခဲ့တယ်၊ ဖန်ပေါင်းချောင် သေးသေးလေးထဲမှာ မည်းမည်းအရည်တွေပေါ့၊ အဲဒီအရည်က ဘိန်းဖြူ Raw Opium ပေါ့၊ သူတို့ အစပျိုးချက် လုပ်ထားတဲ့ဟာတွေဖြစ်ပါတယ်။ ဒီမှာတွေ့ခဲ့တဲ့သံမဏိတိုင်ကီ လေးလုံးရှိတယ်။ အနံ့နည်းနည်းဆိုးပါတယ်။ ဘိန်းဖြူစပြီးတော့ ချက်လုပ်တဲ့ အရာတွေလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီအဖွဲ့တွေ အနေနဲ့ မူးယစ်ဆေးဝါးမျိုးစုံကို နည်းလမ်းပေါင်းစုံနဲ့သူတို့ရဲ့ ကိုယ်ကျိုးစီးပွား အကျိုးအမြတ် အတွက် ချက်လုပ်နေတာဖြစ်ပါ တယ်။ ဘယ်လိုပဲ ပြောပြောကျွန်တော်တို့ မြန်မာနိုင်ငံ မြန်မာ့မြေကတော့ ဒဏ်ရာတွေအများကြီးရခဲ့တာပေါ့။ ပြီးခဲ့တဲ့ နေရာမှာ ကြည့်ခဲ့ရတယ်၊ သစ်တောတွေ အကုန်လုံးကလည်း ခန်းခြောက် နေတာ၊ ဒါမျိုးပြန်ဖြစ်ဖို့ စိမ်းလန်း စိုပြည်တဲ့ သစ်တောတွေ ပြန်ဖြစ်ဖို့ခက်ခဲသွားပြီ။ ရင်နာစရာလည်း ကောင်းတယ်။ မြန်မာ့မြေကို ဒဏ်ရာတွေရအောင်လုပ်တယ်။ ဒါတွေကို ဆက်မဖြစ်အောင် ဝိုင်းဝန်းပြီး တားဆီးရမယ်။ ကာကွယ်ရမယ်။ ယခင်က မူးယစ်ဆေးဝါးဆိုတာ ဘိန်းစိုက်တာ၊ Organic ပေါ့၊ ဘိန်းစိုက်ပြီး ဘိန်း ကနေတစ်ဆင့် ဒီလိုမျိုး ဟီးရိုးအင်း တွေချက်တာ။ အခုနောက်ပိုင်းကျ တော့ ကျွန်တော်တို့ Synthetic ခေါ်တာပေါ့။ အခု မြင်တဲ့အတိုင်းပဲ ဒီ Chemical တွေ အကုန်လုံးကလည်း လောင်စားမယ်၊ အသက်ရှူလမ်းကြောင်းပိတ်ဆို့မယ်၊ အက်စစ်တွေဆိုတော့ တော်တော် ဆိုးတဲ့ Chemical တွေ ဖြစ်ပါတယ်။ အဲဒါတွေကို ပေါင်းပြီးတော့ သူတို့နည်းစဉ်မှာထည့်ချက်မယ်။ ဒီ Chemical အကုန်လုံးက အဆိပ်တွေပါ။ ဒီအဆိပ်တွေကို လူငယ်တွေပေါ့၊ ဒါမသိတော့ သူတို့က End product လေးကိုပဲ ကြည့်ပြီး တော့မွှေးတယ်ပေါ့၊ ကောင်းတယ်ပေါ့ဆိုရင်တော့ ဒါအဆိပ်တွေကို စားနေရတဲ့အတွက် သိပ်တော့ အဆင်မပြေဘူး။ ကျန်းမာရေးတွေ၊ အသက်အန္တရာယ်တွေ၊ လူညွန့် တုံးမဲ့အနေအထား အများကြီးရှိတယ်။ ဒါကြောင့် ဒီနေရာကို လာကြည့်ရုံသာမကဘဲ လူငယ်တွေကို ဒါနဲ့ပတ်သက်ပြီး အသိပညာတွေ လက်ဆင့်ကမ်းစေချင် တယ်။ Happy Water ဆိုရင် သူတို့ သုံးမျိုးလောက်စပ်သုံးတယ်၊ သုံးမျိုးလောက်စပ်သုံးတာ ကောင်းတယ်ဆိုးတယ် စတာတွေပေါ့၊ ဒါပေမယ့် သူကပြီးသွားရင် ကျန်းမာရေးတော်တော်ကြီးကို ထိခိုက်ပြီးတော့ နောက်နှစ်ရက် သုံးရက်လောက် သူတို့ ဘာမှမလုပ်နိုင်တော့ဘူး၊ အဲဒီတော့ ကျွန်တော်တို့ လုပ်အားတွေ ဆုံးရှုံးတာပေါ့။ ဒါကြောင့် အသိစိတ်နဲ့ကာကွယ်ရမယ်။ Chemical နဲ့ ပတ်သက်လို့ရှိရင်လည်း တချို့က ဘာလုပ်တာလဲဆိုတော့ လမ်းလွဲသုံးတာပေါ့၊ ဥပမာ ကော်စတစ်ဆိုဒါ (Caustic Soda)၊ ဒါက Industrial use ၊ အဲဒါတွေကို နည်းပညာပိုင်းဆိုင်ရာ လမ်းလွဲသုံးလိုက်တဲ့အခါကျတော့ ဒီလို မူးယစ်ဆေးဝါးတွေထွက်လာတာပေါ့။ ဒါကြောင့် ကျွန်တော်နိုင်ငံမှာ သတ်မှတ်ထားတဲ့မူးယစ်ဆေးဝါးတွေ၊ စိတ်ပြောင်းဆေးဝါးတွေ ထိန်းချုပ်ထားရုံမဟုတ်ဘဲ ကျွန်တော်တို့မှာ Surveillance ပေါ့၊ စောင့်ကြည့်ရမယ့် Chemical တွေလည်း နည်းနည်းရှိနေသေး တာပေါ့။ ဒီ Surveillance Chemical တွေကို ကျွန်တော်တို့ ထိန်းချုပ်နိုင်မှသာ ဒီလိုနေရာတွေ မရောက်ဘဲ နိုင်ငံတော်အတွက် အဆင်ပြေမှာပါ။

ကျွန်တော်တို့က နိုင်ငံတကာ မှာ သွားပြီးတော့ အစည်းအဝေးတက်ရင်လည်း ရွှေတြိဂံဒေသ မြန်မာနိုင်ငံလို့ပဲပြောနေကြတာ။ နာလိုခံခက်နဲ့ နားထောင်ခဲ့ရတာပေါ့။ အခုလိုမျိုး ဒီလိုမျိုးတွေ ဖြစ်တယ်ဆိုတော့ ခုလိုချေမှုန်းနိုင်တယ်၊ သိမ်းပိုက်နိုင်တယ်။ Production လျော့သွားရင် အဆင်ပြေမှာပေါ့။ လူသားအရေးဆိုတော့ ကမ္ဘာကြီးရဲ့အရေးပေါ့။ မြန်မာ့တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့အပါအဝင် ကျွန်တော်တို့တွေ အကုန်လုံးက ကမ္ဘာကိုကယ်တင်ဖို့လုပ်နေတာပေါ့၊ We are trying to save the world ပေါ့၊ ကမ္ဘာကို ကယ်တင်ဖို့လုပ်နေတာ။ ဒီ Chemical တွေအားလုံး တော်တော်များများက မြန်မာနိုင်ငံက ထုတ်လုပ်တာတစ်ခုမှမရှိပါဘူး။ သက်ဆိုင်ရာကတော့ ခုနကျွန်တော်ပြောခဲ့တဲ့ ထိန်းချုပ်ထားတဲ့အရာတွေကို သေချာစစ်ဖို့လိုမယ်။ Control မလုပ်ထားတဲ့ အရာတွေလည်းရှိတယ်။ ထိန်းချုပ်ရတာ နည်းနည်းခက်တယ်။ အများစုက ဒါတွေအကုန်လုံး နယ်စပ်ဒေသကနေ သောင်းကျန်း သူကိစ္စတွေ ဖြစ်ပေါ်လာတဲ့အခါ၊ နယ်မြေစိုးမိုးမှု လျော့သွားတဲ့အခါ လွတ်လွတ်လပ်လပ်သယ်ဆောင်ပြီး လုပ်နိုင်တဲ့အနေအထားကို ရောက်သွားတာပေါ့။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ၊ ဇန်နဝါရီ ၂၀ ရက်၊ အင်္ဂါနေ့။


Posted on Jan 20, 2026