မော်လမြိုင်ကျွန်းမြို့ မိုးညိုပရိယတ္တိစာသင်တိုက်၌ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကျင်းပ
မော်လမြိုင်ကျွန်းမြို့ မိုးညိုပရိယတ္တိစာသင်တိုက်၌ ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းတုတော်များ ဗုဒ္ဓါဘိသေကအနေကဇာတင် အခမ်းအနားကျင်းပ
Ministry of Information/ Naypyitaw / January 09, 2026
နေပြည်တော် ဇန်နဝါရီ ၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မော်လမြိုင်ကျွန်းမြို့ရှိ မိုးညိုပရိယတ္တိစာသင်တိုက်၌ကျင်းပသည့် ပန်းပေါင်းစုံဗုဒ္ဓရုပ်ပွားဆင်းတုတော်အဆူ(၁၀၀၀) ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်အနားသို့ တက်ရောက်ကြည်ညိုသည်။
ဦးစွာ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နိုင်ငံတော် ဝိနည်းဓိုရ်မိုးညိုပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသအမှူးပြုသော ဆရာတော်သံဃာတော်များ၊ စာချ၊ စာသင်သံဃာတော်များက ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ မိသားစုနှင့် ဧည့်ပရိသတ်များက စာချ၊ စာသင်သံဃာတော်များအား သင်္ကန်းနှင့်ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြပြီး မိုးညိုပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်ကြီးများ ရွတ်ဖတ်ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညိုကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်ကြီးများအား သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး ဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသထံမှ အနုမောဒနာတရားနာယူကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များနှင့် စာသင်တိုက်ရှိ စာချစာသင်သံဃာတော်များအား အာရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။
ဗုဒ္ဓဘိသေကအနေကဇာတင် လှူဒါန်းပူဇော်ပြီးဖြစ်သည့် ပန်းပေါင်းစုံ ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို မော်လမြိုင်ကျွန်းမြို့ပေါ် ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ကျေးရွာများမှ ပူဇော်လိုသူပြည်သူများအား ဖြန့်ဝေလှူဒါန်းသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)
Posted on Jan 9, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၁၂-၂၀၂၅)

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းတစ်ပိဿာ ငွေကျပ် ၆၁၀၀ ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ
Posted on Jan 9, 2026စားသုံးသူပြည်သူများ စားသုံးဆီဝယ်ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းသော စားသုံးဆီများကို သင့်တင့်သောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်စေရန်နှင့် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။