မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်
မဲစာရင်းကပ်ထားကြေညာခြင်းနှင့်စပ်လျဉ်း၍ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးကြေညာချက်
Ministry of Information/ Naypyitaw / December 22, 2025
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်
၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်၍ အပိုင်းလိုက်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် မဲစာရင်းများကို (ဒုတိယ)အကြိမ်အဖြစ် ၁၄ ရက် ကပ်ထားကြေညာခဲ့ပြီး ဖြစ်ပါသည်။ မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် ပြင်ဆင်၊ ဖြည့်စွက်စိစစ်ပြီး မဲစာရင်းများကို နောက်ဆုံးအကြိမ်အဖြစ် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ စတင်၍ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် ကပ်ထားကြေညာမည်ဖြစ်ပါသည်။
၂။ ရွေးကောက်ပွဲ အပိုင်း(၁)တွင် ပါဝင်သည့် မြို့နယ်များအတွက် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ ၂၅-၁၂-၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများတွင် လည်းကောင်း၊ ၂၆ - ၁၂ - ၂၀၂၅ ရက်နေ့မှ ရွေးကောက်ပွဲကျင်းပမည့် ၂၈ - ၁၂ - ၂၀၂၅ ရက်နေ့ မဲပေးခြင်းပြီးဆုံးသည့် အချိန်အထိ သက်ဆိုင်ရာမဲရုံများတွင်လည်းကောင်း ကပ်ထားကြေညာမည်ဖြစ်ပါသည်။
၃။ ရွေးကောက်ပွဲအပိုင်း (၁) တွင်ပါဝင်သည့် မြို့နယ် ၁၀၂ မြို့နယ်မှအပ ကျန်မြို့နယ်များ [ ရွေးကောက်ပွဲများ ကျင်းပခြင်းပြုမည်မဟုတ်ကြောင်း ကြေညာထားသည့် ( ၅၆ ) မြို့နယ်မပါ ] တွင် ၂၃ - ၁၂ - ၂၀၂၅ ရက်နေ့မှ ၅ - ၁ - ၂၀၂၆ ရက်နေ့အထိ ၁၄ ရက်ကြာ ကပ်ထားကြေညာမည်ဖြစ်ပါသည်။ မဲဆန္ဒရှင်များအနေဖြင့် မိမိမဲစာရင်းအမှတ်စဉ်များ သိရှိမှတ်သားထားပါက ရွေးကောက်ပွဲကျင်းပသည့်နေ့ မဲရုံ၌ မဲစာရင်း စိစစ်လက်မှတ်ရေးထိုးချိန်တွင် အချိန်ကြန့်ကြာမှုမရှိဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် မဲစာရင်းလာရောက်ကြည့်ရှု၍ မိမိတို့၏ မဲစာရင်းအမှတ်စဉ်များကို မှတ်သားထားခြင်းဖြင့် ပူးပေါင်းကူညီဆောင်ရွက်နိုင်ပါရန် အသိပေးကြေညာအပ်ပါသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်) ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ်ဝင်ခွင့် ရရှိသူများစာရင်း (နောက်ဆက်တွဲ)
Posted on Dec 18, 2025(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ဆုတံဆိပ်ရရှိမှု (၁၉-၁၂-၂၀၂၅)
Posted on Dec 20, 2025၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
Posted on Dec 20, 2025၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအချိန်စာရင်း ကြေညာ
