မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၅) သင်တန်းဆင်းပွဲ တက်ရောက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင် ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၅) သင်တန်းဆင်းပွဲ တက်ရောက်
Ministry of Information/ Naypyitaw / May 23, 2026
နေပြည်တော် မေ ၂၂
ပြည်ထဲရေးဝန်ကြီးဌာန မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲအုပ်လောင်းသင်တန်း အမှတ်စဉ် (၁၂၅) ရဲသီဟတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီ ခွဲတွင် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ရဲအရာရှိ လေ့ကျင့်ရေးကျောင်းစစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်သည် ဒုတိယရဲအုပ်လောင်းများ၏ အလေးပြုခြင်းကို ခံယူကာ သင်တန်းဆင်းတပ်ခွဲများအား စစ်ဆေးပြီး အနှေးလျှောက်၊ အမြန်လျှောက်ဖြင့် ချီတက်အလေးပြုခြင်းကို ခံယူသည်။
ထို့နောက် အကောင်းဆုံးကျောင်းသားဆုရ ဒုတိယရဲအုပ်လောင်း အိအိဖြူ၊ လေ့ကျင့်ရေး ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း မင်းခန့်လွင်၊ ဥပဒေဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အိအိဖြူ၊ ကွန်ပျူတာဘာသာရပ်ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း အိန္ဒြေသူ၊ အင်္ဂလိပ်စာဘာသာရပ် ထူးချွန်ဆုရ ဒုတိယရဲအုပ်လောင်း ထက်ထက်မျိုးအောင်တို့အား ဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဗိုလ်ချုပ် စိုးလှိုင်က သင်တန်းဆင်းဂုဏ်ပြုအမှာစကားပြောကြားသည်။
သင်တန်းဆင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲချုပ် (၂) ရဲဗိုလ်ချုပ် မျိုးမင်းထိုက်နှင့် ရဲအရာရှိကြီးများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဗဟိုမီးသတ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး အဆိုပါဒုတိယရဲအုပ်လောင်း သင်တန်းအမှတ်စဉ် (၁၂၅) ရဲသီဟတပ်ခွဲတွင် တပ်ဖွဲ့တွင်းမှ ဘွဲ့ရအမျိုးသား ၂၄၉ ဦး၊ အမျိုးသမီး ၁၁၄ ဦး စုစုပေါင်း ၃၆၃ ဦးတို့ကို သင်တန်းဆင်းပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
