မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပုသိမ်အကျဉ်းထောင်၊ ပုသိမ်မြို့ရှိ ရဲစခန်းအချုပ်ခန်းများနှင့် စက်တော်ရာဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပုသိမ်အကျဉ်းထောင်၊ ပုသိမ်မြို့ရှိ ရဲစခန်းအချုပ်ခန်းများနှင့် စက်တော်ရာဘိုးဘွားရိပ်သာတို့အား ကြည့်ရှုစစ်ဆေးခြင်း


Myanmar National Human Rights Commission/ Yangon / September 10, 2025


   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင်နှင့် ဦးသန်းဝင်းတို့ ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့်အညီ ၉-၉-၂၀၂၅ ရက်နေ့မှ ၁၀-၉-၂၀၂၅ ရက်နေ့အထိ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ပုသိမ်အကျဉ်းထောင်၊ စက်တော်ရာဘိုးဘွားရိပ်သာနှင့် ပုသိမ်မြို့ရှိရဲစခန်းအချုပ်ခန်းများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်အကျဉ်းထောင်အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင်တွေ့ဆုံပြီး အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ တစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများရရှိခြင်း ရှိ/ မရှိနှင့် စပ်လျဉ်းသည့် နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ ရောဂါအခြေအနေအပေါ်မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသောသောက်ရေ ပေးဝေမှုနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံခွင့်ပေးနိုင်မှုအခြေအနေ၊ ထောင်ဝင်စာ ပစ္စည်းများ စုံလင်စွာ လက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှု အခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစား ဆောင်ရွက်ပေးမှု အခြေအနေ၊ ယုံကြည်ရာကိုးကွယ်သည့်ဘာသာအလိုက် ဝတ်ပြုကိုးကွယ်ခွင့်အခြေအနေ၊ အသက်မွေးဝမ်းကျောင်းပညာသင်ကြားပေးနေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေးခြင်း၊ တွေ့ဆုံ မေးမြန်းခြင်းများ ပြုလုပ်ခဲ့ပါသည်။ ထို့ပြင် အကျဉ်းသား/သူများအား အကျဉ်းထောင်ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/ မရှိ အခြေအနေစသည်တို့ကို မေးမြန်းခဲ့ပြီး ထောင်ဝင်စာ လာရောက်တွေ့ဆုံသည့် အကျဉ်းသား မိသားစု ဝင် (၂၈) ဦးတို့ကိုတွေ့ဆုံ၍ အကျဉ်းသားနှင့် တွေ့ဆုံရာတွင် အခက်အခဲ ရှိ/ မရှိ၊ အကျဉ်းသားအတွက် ပစ္စည်းပေးပို့ရာတွင် အဆင်ပြေမှု ရှိ/ မရှိ စသည်တို့ကို တွေ့ဆုံမေးမြန်းပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူ (၁၅) ဦးကိုလည်း သီးခြား တွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့ပါသည်။

   ဆက်လက်၍ အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ အကျဉ်းထောင်ဆေးရုံဆောင်၊ စာကြည့်တိုက်၊ ထောင်ဝင်စာတွေ့ဆုံသည့်နေရာ၊ စားဖိုကြီး၊ ထမင်းစားဆောင်၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေ/ချိုးရေကန်များနှင့် အတွင်း/အပြင် မိလ္လာ များ သန့်ရှင်း မှု ရှိ/မရှိနှင့် ထောင်ဝင်စာတွေ့ဆုံသည့်နေရာတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး အကျဉ်းသားများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ် စာအုပ်စာပေများကို ကော်မရှင်မှ လှူဒါန်းခဲ့ပါသည်။

   ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် စက်တော်ရာဘိုးဘွားရိပ်သာ၌ လက်ခံစောင့်ရှောက်ပေး လျက်ရှိသော ဘိုးဘွားများအား အိပ်ဆောင်များတွင် သွားရောက်တွေ့ဆုံပြီး အခြေခံလူ့အခွင့် အရေးဖြစ်သော လွတ်လပ်မှု၊ မျှတမှု ရှိ မရှိနှင့် သက်ဆိုင်သည့် အပြည်ပြည်ဆိုင်ရာ ဥပဒေများနှင့်အညီ လူသားချင်း စာနာထောက်ထားမှုကို အခြေခံ၍ စောင့်ရှောက်ထားခြင်း ရှိ မရှိ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ထိုသို့ စစ်ဆေးရာတွင် ဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက် ပေးနေမှုအခြေအနေ၊ အစားအစာ နှင့် အာဟာရဖြည့်ဆည်းကျွေးမွေးမှုအခြေအနေ၊ သန့်ရှင်းသော သောက်ရေနှင့် သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ လွတ်လပ်စွာ ယုံကြည်ကိုးကွယ် နိုင်မှုအခြေအနေ၊ ဘိုးဘွားအိပ်ဆောင်များ၊ ရေချိုးခန်း၊ သန့်စင်ခန်း၊ စားဖိုဆောင်များ၊ ကျန်းမာရေးနှင့် ညီညွတ်အောင် ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ဘိုးဘွားများ အနားယူအပန်း ဖြေရန် စီစဉ်ဆောင်ရွက်ပေးထားမှု အခြေအနေနှင့် အသက် (၈၅)နှစ် ပြည့်ပြီးသော သက်ကြီး အဘိုး၊ အဘွားများအား လူမှုရေးပင်စင်‌ ထောက်ပံ့ကြေးရရှိရေး၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာ ထုတ်ယူရရှိရေး ဆောင်ရွက်ပေးမှုအခြေအနေနှင့် ဘိုးဘွားများ၏ ကာယသုခ၊ စိတ္တသုခ ပြည့်ဝစေပြီး လောကီ၊ လောကုတ္တရာနှစ်ဖြာသော အကျိုးရရှိရေး စီစဉ်ဆောင်ရွက် ပေးထားမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ရိပ်သာ၌ လက်ခံစောင့် ရှောက်ထားသော အဘိုးအဘွား စုစုပေါင်း (၄၁) ဦးအား နွေးထွေးပျူငှာစွာ အားပေးစကားများ ပြောကြားခဲ့ပါသည်။

   ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပုသိမ်မြို့မရဲစခန်းအချုပ်ခန်းနှင့် နယ်မြေရဲစခန်း အချုပ်ခန်း တို့အား ဝင်ရောက်ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ် ကာလအတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ အခြေအနေ၊ မိသားစုနှင့် တွေ့ဆုံနိုင်မှု အခြေအနေ၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေးစီစဉ်ပေးမှုအခြေအနေ၊ အချုပ်ခန်း အတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ၊ တရားရုံးထုတ်စဉ် မိသားစု ဝင်များ၊ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှုအခြေအနေတို့အား အချုပ်သား/အချုပ်သူ များနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းများအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

   ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ ကော်မရှင်ဥပဒေနှင့် အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၁ ရက် ၊ ဇွန် ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 10, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၀ ရက် ၊ ဇွန် ၉ ရက်၊ အင်္ဂါနေ့။


Posted on Jun 09, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၇ ရက် ၊ ဇွန် ၆ ရက်၊ စနေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၈ ရက် ၊ ဇွန် ၇ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၉ ရက် ၊ ဇွန် ၈ ရက်၊ တနင်္လာနေ့။


Posted on Jun 08, 2026

၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၆ ရက် ၊ ဇွန် ၅ ရက်၊ သောကြာနေ့။


Posted on Jun 05, 2026
AnnouncementsExplore more >

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

Posted on Jun 8, 2026

ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

Posted on Jun 8, 2026

အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ‌ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း

Posted on Jun 4, 2026

ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း