မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ပဲခူးအချုပ်ထောင်နှင့် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းတို့အား ကြည့်ရှုစစ်ဆေးခြင်း
Myanmar National Human Rights Commission/ Yangon / March 20, 2026
မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ကော်မရှင်ဥပဒေပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်များနှင့် အညီ ၂၀-၃-၂၀၂၆ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်ရှိ ပဲခူးအချုပ်ထောင်နှင့် ပဲခူး မြို့မရဲစခန်းအချုပ်ခန်းတို့အား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပဲခူးအချုပ်ထောင်အား ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသားများကို အိပ်ဆောင်များတွင် တွေ့ဆုံကာ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးများဖြစ်သော နေထိုင်စားသောက်မှုအခြေအနေ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေ၊ ရောဂါအခြေအနေအပေါ် မူတည်၍ ပြင်ပဆေးရုံများသို့ တင်ပို့ကုသပေးမှု အခြေအနေ၊ သန့်ရှင်းသော သောက်ရေပေးဝေမှု အခြေအနေနှင့် ချိုးရေ၊ သုံးရေ လုံလောက်စွာ ရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေ၊ မိသားစုနှင့် ဧည့်တွေ့ဆောင်ရွက်ပေးနေမှုအခြေအနေ၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာလက်ခံရရှိမှု အခြေအနေ၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများ ရရှိမှုအခြေအနေ၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ကိုယ်လက်လှုပ်ရှားအားကစား ဆောင်ရွက်ပေးမှုအခြေအနေ၊ ယုံကြည်ရာ ကိုးကွယ်သည့် ဘာသာအလိုက် ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ရမ်ဇာန်ဥပုသ်ကာလ အစ္စလာမ်ဘာသာဝင် (၁၁) ဦးတို့၏ ဝတ်ပြုကိုးကွယ်နေမှု၊ အစားအသောက်စီစဉ်ပေးမှုအခြေအနေ၊ စာမတတ်သူ အကျဉ်းသား/သူ၊ အချုပ်သား/သူများ အတွက် အခြေခံ အရေး၊ အဖတ်၊ အတွက် ပညာသင်ကြားပေးနေမှုအခြေအနေ၊ အကျဉ်းသား၊ အချုပ်သားများအား အချုပ်ထောင် ဝန်ထမ်းများကလည်းကောင်း၊ အကျဉ်းသား၊ အချုပ်သား အချင်းချင်းကလည်းကောင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ/ မရှိ၊ ဧည့်တွေ့ လာရောက်ကြသည့် အကျဉ်းသား/ အချုပ်သား မိသားစုဝင်တို့ ဧည့်တွေ့ရာတွင် အဆင်ပြေမှု ရှိ မရှိ၊ အကျဉ်း သား/အချုပ်သား ထောင်ဝင်စာပစ္စည်းနှင့် စားသောက်ဖွယ်ရာများပေးပို့ရာတွင် အဆင်ပြေမှု ရှိ/ မရှိစသည်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး သီးခြားလွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အချုပ်သား (၁၀) ဦးကို တစ်ဦးချင်း လက်ခံတွေ့ဆုံ၍လည်းကောင်း၊ ဧည့်တွေ့ရန်လာရောက်သည့် မိသားစု (၁၂) ဦးတို့ကို တွေ့ဆုံပြီး အဆင်ပြေမှု ရှိ မရှိ မေးမြန်းကာ တင်ပြချက်များကို မှတ်တမ်း တင်ခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးပေးခန်း၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေ/ ချိုးရေကန်များနှင့် အတွင်း/အပြင် မိလ္လာများ သန့်ရှင်းမှု ရှိ/မရှိနှင့် ထောင်ဝင်စာ တွေ့ဆုံနေမှု အခြေအနေ၊ အကျဉ်းသား/သူ၊ အချုပ်သား/သူတို့ နေ့လယ်စာ သုံးဆောင်နေမှုအခြေအနေတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ယခင်စစ်ဆေးစဉ်က တွေ့ရှိချက်အပေါ် အကြံပြုချက်များကို ဆောင်ရွက်ပြီးစီးမှုများကိုလည်း ကြည့်ရှုစစ်ဆေးခဲ့ပြီး အချုပ်သားများ ဖတ်ရှုလေ့လာနိုင်ရန်အတွက် ဗဟုသုတရဖွယ်စာအုပ် စာပေအုပ်ရေ (၅၀) အုပ်ကို ကော်မရှင်မှ ပေးအပ်လှူဒါန်းခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့သည် ပဲခူးမြို့မရဲစခန်းအချုပ်ခန်းကို ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများအတွင်း နေထိုင်စဉ်နှင့် အမှုစစ်ဆေးစဉ်ကာလအတွင်း ညှဉ်းပန်းနှိပ်စက်ခံရမှု ရှိ မရှိ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ နေထိုင်စားသောက်ရေး စီစဉ်ပေးမှု၊ အချုပ်ခန်း အတွင်း မိလ္လာသုံးစွဲမှုနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု ရှိ မရှိနှင့် တရားရုံးထုတ်စဉ် မိသားစုဝင်များ အကျိုးဆောင်ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့အား အချုပ်သား/ အချုပ်သူများနှင့် တွေ့ဆုံမေးမြန်းပြီး အချုပ်ခန်းအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ကြည့်ရှုစစ်ဆေးရေးအဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာသို့ ကော်မရှင်ဥပဒေနှင့်အညီ အကြံပြုပေးပို့သွားမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်...
Posted on Jan 28, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
