မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ်သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ်သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်ခြင်း
Myanmar National Human Rights Commission/ Yangon / June 09, 2026
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများအား ပညာသင်စရိတ်ထောက်ပံ့ပေးအပ်သည့် အခမ်းအနားကို ၉-၆-၂၀၂၆ ရက်နေ့၊ နံနက်ပိုင်းတွင် ကော်မရှင်ရုံး၌ပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးဝန်ထမ်းများနှင့် ဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများ တက်ရောက်ကြပါသည်။
ဦးစွာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၊ ကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်းက အဖွင့်အမှာစကားပြောကြားရာတွင် ပညာရေးသည် လူတစ်ယောက်ရဲ့ ဘဝအာမခံချက် ဖြစ်သလို နိုင်ငံတော်နှင့် လူ့အဖွဲ့အစည်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ရင်းနှီးမြုပ်နှံမှုလည်းဖြစ်ပါကြောင်း၊ နိုင်ငံတော်နှင့် ရုံးဝန်ထမ်းမိဘများ၏ ပညာရေးကုန်ကျစရိတ် ဝန်ထုပ်ဝန်ပိုးများကို တစ်ဖက်တစ်လမ်းကနေ သက်သာစေဖို့နှင့် ကျောင်းသား/သူများ ပညာရေးမှာ ပိုမိုကြိုးစားချင်စိတ် ဖြစ်ပေါ်လာစေဖို့ ရည်ရွယ်ပြီး အခုလို ပညာသင်ထောက်ပံ့ကြေးကို နှစ်စဉ်ပေးအပ်ရခြင်း ဖြစ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်ပြီး နိုင်ငံတော်သမ္မတက ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံပြီး ပြည်ထောင်စုတည်ဆောက်ရေးကို ဆောင်ရွက်ရာမှာ အသိပညာ၊ အတတ်ပညာ၊ ပင်ကိုယ်အရည်အသွေး၊ စွမ်းရည်များနဲ့ ပြည့်စုံတဲ့ ဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ရန် ဦးတည်ချက်ထားပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းကို ပြောကြားခဲ့ပါကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများ၏ ကျောင်းသား/ကျောင်းသူများအနေဖြင့် ပညာကိုသင်ယူလေ့လာထားသူဟာ မိမိတတ်မြောက်ထားတဲ့ပညာနှင့် ဘဝကို ပြည့်စုံအောင်မြင်အောင် တည်ဆောက်နိုင်မှာဖြစ်တဲ့အတွက် မိမိကိုယ်တိုင်နှင့် မိမိပတ်ဝန်းကျင် လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်မှာဖြစ်ကြောင်း ပြောကြားပါသည်။
ထို့နောက် ကော်မရှင်ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက ကော်မရှင်ရုံးဝန်ထမ်းများ၏ အခြေခံပညာကျောင်းနေအရွယ် သားသမီးများအား ပညာသင်စရိတ်များကို ထောက်ပံ့ပေးအပ်ခဲ့ရာ ကျောင်းသားမိဘ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
Posted on Jun 8, 2026ပုံနှိပ်ခြင်း လုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီ လုပ်ငန်း ခွင့်ပြုထားရှိမှု နှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၅-၂၀၂၆)
အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
Posted on Jun 8, 2026အဂတိလိုက်စားမှု ကင်းရှင်းစေရေး " 1111 "ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း
ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ် တာဝန်ပေးခြင်း
Posted on Jun 4, 2026ချင်းပြည်နယ် တရားလွှတ်တော် တရားသူကြီး ခန့်အပ်တာဝန် ပေးခြင်း
