မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး၊ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ ကျင်းပပြုလုပ်ခြင်း
Myanmar National Human Rights Commission/ Yangon / March 01, 2024
၁။ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး မိသားစုများ၏ မြန်မာ့ရိုးရာထမနဲထိုး ပြိုင်ပွဲကို ၁-၃-၂၀၂၄ ရက်နေ့၊ ၁၄:၃၀ နာရီအချိန်တွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး အဆောက်အဦ အမှတ် (၁) ၃ ထပ်ဆောင်ရှေ့ လေဟာပြင်တွင် ကျင်းပပြုလုပ်ရာ ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်နှင့် ယခင်ကော်မရှင်ဥက္ကဋ္ဌတာဝန် ထမ်းဆောင်ခဲ့ကြသော သံအမတ်ကြီး (ငြိမ်း) ဦးဝင်းမြ၊ သံအမတ်ကြီး (ငြိမ်း) ဦးလှမြင့်၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်နှင့် ကော်မရှင်ရုံး အရာထမ်း/ အမှုထမ်း မိသားစုများ စုံညီစွာပါဝင်တက်ရောက် ဆင်နွှဲခဲ့ပါသည်။
၂။ ထမနဲထိုးပြိုင်ပွဲတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးပေါ်လွင်စိန်က အဖွင့်အမှာစကားပြောကြားရာ တပို့တွဲလသည် ယာဂုနှင့် ထမနဲပွဲများကို ရှေးမြန်မာမင်းများ လက်ထက်ကတည်းက ကျင်းပလာခဲ့ပြီး ယနေ့ခေတ်အထိ ကျင်းပလျက်ရှိပါကြောင်း၊ ထမနဲပွဲသည် စည်းလုံးညီညွတ်ခြင်း၏ သင်္ကေတ ဖြစ်သကဲ့သို့ ထမနဲ၏ အရသာကောင်းခြင်းသည် စည်းလုံးညီညွတ်ခြင်း၏ ပြယုဂ်ဖြစ်စေသည်ဟု ရှေးလူကြီးများ ဆိုစကားရှိခဲ့ကြောင်း၊ ယနေ့ထမနဲထိုးပြိုင်ပွဲသည်လည်း ကော်မရှင်ဝန်ထမ်းများ၊ မိသားစုများ ချစ်ခင်စည်းလုံးညီညွတ်မှုများ တိုးတက်ရရှိစေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၃။ ထို့နောက် ထမနဲထိုးပြိုင်ပွဲကို ကော်မရှင်ရုံးဌာန (၆) ခုမှ အရာထမ်း၊ အမှုထမ်းများဖြင့် ဖွဲ့စည်းထားသော အသင်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ပါဝင်ယှဉ်ပြိုင်ကြရာ ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဝန်ထမ်းမိသားစုများက အားပေးခဲ့ကြပြီး ပြိုင်ပွဲအပြီးတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြသော အသင်းများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ ကြာသာပတေးနေ့။
Posted on Jan 23, 2025
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Jan 22, 2025
၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၆ ရက် ၊ ဇန်နဝါရီ ၁၉ ရက်၊ တနင်္ဂနွေနေ့။
Posted on Jan 19, 2025
သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန ပြင်ပမှ ခေါ်ယူသော အငယ်တန်းစာရေး၊ စာရင်းကိုင်-၄၊ စာပေလက်ထောက်-၄၊ ပြတိုက်လက်ထောက်-၄ ရာထူးနေရာများအတွက်...
Posted on Jan 22, 2025
ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
Posted on Jan 21, 2025ဒုတိယဦးစီးမှူးအဆင့် ရာထူး(၁၆)နေရာအတွက် လူတွေ့(နှုတ်ဖြေ) ဖြေဆိုရမည့်သူများ၏ ခုံအမှတ်စာရင်း ထုတ်ပြန်ခြင်း
နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း
Posted on Jan 20, 2025နေပြည်တော်ကောင်စီဝင် ခန့်အပ်တာဝန်ပေးခြင်း