မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ပို့ချသည့်သင်ခန်းစာများကို ကြိုးစားသင်ယူ၊ စာရင်းပညာ ပိုမိုပြန့်ပွားစေရေးအတွက် အသိပညာ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် ပြန်လည်မျှဝေ

မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေး ပို့ချသည့်သင်ခန်းစာများကို ကြိုးစားသင်ယူ၊ စာရင်းပညာ ပိုမိုပြန့်ပွားစေရေးအတွက် အသိပညာ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် ပြန်လည်မျှဝေ


Ministry of Information/ Naypyitaw / November 20, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၉

မြန်မာနိုင်ငံစာရင်းကောင်စီမှကြီးမှူး၍ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်၌ ဖွင့်လှစ်သည့် နိုင်ငံတကာ ဘဏ္ဍာရေးအစီရင်ခံခြင်းစံများ ဒီပလိုမာသင်တန်းအမှတ်စဉ် (၂)၊ အပိုင်း (၂) (Diploma in IFRS ၊ Batch-2 ၊ Level-II) သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော်ရှိ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပသည်။

ဦးစွာ ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဥက္ကဋ္ဌ ‌ဒေါက်တာခင်နိုင်ဦးက မြန်မာနိုင်ငံ၏ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုစနစ် ပြုပြင်ပြောင်းလဲရာတွင်လည်းကောင်း၊ အများပြည်သူ အကျိုးစီးပွားနှင့်သက်ဆိုင်သည့် လုပ်ငန်းအဖွဲ့အစည်းများနှင့် နိုင်ငံပိုင်ကဏ္ဍအဖွဲ့အစည်းများရှိ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးအစီရင်ခံခြင်းကို နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများနှင့်အညီ လိုက်နာရေးဆွဲထုတ်ပြန်ရာတွင်လည်းကောင်း၊ စာရင်းစံဆိုင်ရာ အသိပညာဗဟုသုတများ သိရှိနားလည်သည့် စာရင်းပညာတတ်ကျွမ်းသူ နိုင်ငံ့ဝန်ထမ်းများ တိုးပွားလာစေရန်နှင့် စာရင်းပညာပြန့်ပွားစေရန် ရည်ရွယ်၍ ယခုသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း။

ယခုသင်တန်းမှ နိုင်ငံတကာဘဏ္ဍာရေးအစီရင်ခံခြင်းစံများ၏ သဘောတရားများ၊ IFRS အသုံးပြုခြင်းဖြင့် ရရှိနိုင်မည့်အကျိုး‌ကျေးဇူးများ၊ မိမိတို့လုပ်ငန်းသဘာဝနှင့်သက်ဆိုင်သည့် စာရင်းရေးသွင်းချက်များ၊ စာရင်းရေးသွင်းရမည့် နည်းလမ်းများ၊ တန်ဖိုးသတ်မှတ်ခြင်းများ၊ ထုတ်ဖော်တင်ပြခြင်းများစသည့် ဘဏ္ဍာရေးရှင်းတမ်းများ ရေးဆွဲပြုစုရာတွင် သိရှိနားလည်သင့်သည့် နိုင်ငံတကာစာရင်းစံများနှင့် လိုက်လျောညီထွေဖြစ်စေမည့် စာရင်းစံဆိုင်ရာ အသိပညာ၊ ဗဟုသုတများကို ရရှိစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးအစီရင်ခံမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ပို့ချသည့် သင်ခန်းစာများကို ကြိုးစားသင်ယူကြရန်နှင့် စာရင်းပညာ ပိုမိုပြန့်ပွားစေရေးအတွက် အသိပညာ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် ပြန်လည်မျှဝေ၍ လက်တွေ့အသုံးချကြရန်၊ ပြောင်းလဲနေသော Standards များကို စဉ်ဆက်မပြတ်လေ့လာပြီး လိုက်နာကျင့်သုံးကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့် စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်သင်တန်းကျောင်းတာဝန်ခံက သင်တန်းဆိုင်ရာအချက်အလက်များကို ရှင်းလင်း ပြောကြားသည်။

အဆိုပါသင်တန်းတွင် နိုင်ငံပိုင်နှင့် ပုဂ္ဂလိကကဏ္ဍအတွက် နိုင်ငံတကာစာရင်းစံ ၁၀ ခု ပို့ချမည် ဖြစ်ပြီး ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ရှစ်ဦး၊ ဝန်ကြီးဌာန ၁၆ ခုမှ စုစုပေါင်း သင်တန်းသား ၃၀ တက်ရောက်မည်ဖြစ်ကာ သင်တန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၂၂ ရက်အထိ သင်တန်းကာလ သုံးလကျော်ကြာဖွင့်လှစ်သွားမည်ဖြစ်သည်။ IFRS သင်တန်းကို Batch တစ်ခုလျှင် သင်တန်း Level သုံးခုခွဲ၍ သင်ကြားပေးမည်ဖြစ်ပြီး Level တစ်ခုချင်းအလိုက် သင်တန်းတက်ရောက်အောင်မြင်သူများကို Certificate လက်မှတ်များ ပေးအပ်သွားမည်ဖြစ်ပြီး Level – III အထိ တက်ရောက်အောင်မြင်သူများအား ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်သည်။

သင်တန်းဖွင့်ပွဲသို့ ဒုတိယစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ (၁) ဒေါ်နိုင်သက်ဦး၊ မြန်မာနိုင်ငံစာရင်းကောင်စီဒုတိယဥက္ကဋ္ဌ (၂) ဦးဝမ်းတင်နှင့် ကောင်စီဝင်များ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ငွေတိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ သင်တန်းကထိကနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025
HOT NEWS
January 4,