မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ စုစုပေါင်း ၅၁ ခု ဖွင့်လှစ်နိုင်ခဲ့

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ၊ စားသုံးသူ သတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ စုစုပေါင်း ၅၁ ခု ဖွင့်လှစ်နိုင်ခဲ့


Ministry of Information/ Naypyitaw / June 04, 2025
image_latest


နေပြည်တော် ဇွန် ၃

မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ၂/၂၀၂၅ ကို ယနေ့နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ရုံးအမှတ်- ၅၂ ၌ ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာများ တိုးချဲ့ဖွင့်လှစ်နိုင်‌ရေးနှင့်စပ်လျဉ်း၍ မကွေးခရိုင်၊ သရက်ခရိုင်နှင့် မင်းဘူးခရိုင်တို့တွင် တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် စုစုပေါင်း ၅၁ ခု ဖွင့်လှစ်နိုင်ခဲ့ပြီး တိုင်ကြားမှု လက်ခံဖြေရှင်းသည့်လုပ်ငန်းစဉ်ကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးနှင့် ကျန်ဒေသများတွင်လည်း တိုးချဲ့ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ လက်ရှိကာလတွင် စားသုံးသူတိုင်ကြားမှုအများဆုံးဖြစ်သော အွန်လိုင်းငွေကြေးဝန်ဆောင်မှုကဏ္ဍ၊ ဆက်သွယ်ရေးဝန်ဆောင်မှုကဏ္ဍနှင့် မော်တော်ယာဉ်အရောင်းကဏ္ဍများနှင့်ပတ်သက်၍ ဝန်ဆောင်မှုပေးသူဘက်က မှားယွင်းမှုများ၊ ပျက်ကွက်မှုများကြောင့် ဖြစ်ပေါ်လာသော စားသုံးသူနစ်နာဆုံးရှုံးမှုများကို ဖြေရှင်းပေးနိုင်ခဲ့ကြောင်း၊ ဖြေရှင်းဆောင်ရွက်ပေးရန် ကျန်ရှိနေသော တိုင်ကြားမှုများကိုလည်း ထိထိရောက်ရောက် ဖြေရှင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း။

စားသုံးသူ အသိပညာပေးဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်မှ ၂၀၂၅ ခုနှစ် ဧပြီလကုန်အထိ လူဦးရေ ၆ ဒသမ ၄၀ သန်းကို အသိပညာပေး‌ဆောင်ရွက်နိုင်ခဲ့ပြီး တစ်နိုင်ငံလုံးရှိ လူဦးရေ၏ ၁၂ ဒသမ ၄၈ ရာခိုင်နှုန်းကျော် လွှမ်းခြုံဆောင်ရွက်နိုင်ခဲ့ရာ စားသုံးသူအသိပညာပေးကဏ္ဍ ကိုလည်း နယ်ပယ်အသီးသီးတွင် တိုးချဲ့ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီများအနေဖြင့် စားသုံးသူကာကွယ်ရေးနှင့် လုပ်ငန်းသဘောသဘာဝချင်းဆက်စပ်နေသော ကုန်ဈေးနှုန်းတည်ငြိမ်‌ရေး၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးကိစ္စရပ်များ၊ စားသုံးသူကာကွယ်ရေးဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆက်စပ် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ယခင်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ကော်မရှင်က အဆုံးအဖြတ်ပေးရမည့် လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်အတွင်းရေးမှူး စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင်က ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့်စပ်လျဉ်း၍ ကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဆွေးနွေး၍ ဆုံးဖြတ်ချက်များ ချမှတ်သည်။

အဆိုပါအစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့် ဦးကျော်ရွှေထွန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက In person ဖြင့်လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်စားသုံးသူရေးရာကော်မတီဥက္ကဋ္ဌ စီးပွားရေးရာဝန်ကြီးများက အွန်လိုင်းဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၁ ရက်၊ ဇွန် ၆ ရက်၊ သောကြာနေ့။


Posted on Jun 06, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၁၀ ရက်၊ ဇွန် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Jun 05, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၉ ရက်၊ ဇွန် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jun 04, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၈ ရက်၊ ဇွန် ၃ ရက်၊ အင်္ဂါနေ့။


Posted on Jun 03, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025
AnnouncementsExplore more >

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 4, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

Posted on Jun 5, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၉/၂၀၂၅)

အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်

Posted on Jun 4, 2025

အိတ်ဖွင့်တင်ဒါပိတ်ရက်ပြင်ဆင်ချက်

HOT NEWS
January 4,