မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး 13th Asean Para Games ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင်စားသောက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုး 13th Asean Para Games ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင်စားသောက်နေမှု လိုက်လံကြည့်ရှုစစ်ဆေး


Ministry of Information/ Naypyitaw / January 17, 2026
image_latest


နေပြည်တော် ဇန်နဝါရီ ၁၆

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်လှမိုးနှင့် အဖွဲ့ဝင်များသည် ယနေ့တွင် 13th Asean Para Games ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့များ၏ တည်းခိုနေထိုင်စားသောက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးကာ အားပေးစကားပြောကြားသည်။

ဦးစွာ မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် နံနက်ပိုင်းတွင် နာခွန်ရာချာဆီးမား(ခိုရတ်)မြို့၊ Suranaree University of Technology တွင် ဖွင့်လှစ်ထားသည့် Sports Village အတွင်းရှိ ပြေးခုန်ပစ်၊ ရေကူးနှင့်ထိုင်လျက် ဘော်လီဘောအားကစားအဖွဲ့များ၏ တည်းခိုနေထိုင် စားသောက်မှုများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားသမားများနှင့် တွေ့ဆုံ၍ အားပေးစကားပြောကြားကာ လိုအပ်သည်များ ညှိနှိုင်း‌ဆောင်ရွက်ဖြည့်ဆည်းပေးသည်။

ထို့နောက် မြန်မာနိုင်ငံ မသန်စွမ်းအားကစား အဖွဲ့ချုပ်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် 13th Asean Para Games ဖွင့်ပွဲ/ပိတ်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပမည့် Majesty the King’s 80th Birthday Anniversary Commemorative Stadium သို့ သွားရောက်လေ့လာကြည့်ရှုသည်။

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် Centre Point Terminal 21 Hotel Korat ရှိ Power Lifting အားကစားအဖွဲ့၊ Imperial Hotel Korat ရှိ (မျက်မမြင်) စစ်တုရင်အားကစားအဖွဲ့၊ Leuis Residence Hotel Korat ရှိ စားပွဲတင်တင်းနစ်အား ကစားအဖွဲ့၊ Fortune Hotel Korat ရှိ ဂိုးလ်ဘောအားကစားအဖွဲ့နှင့် ခုနစ်ယောက်တစ်ဖက် ဘောလုံး အားကစားအဖွဲ့တို့ကို တွေ့ဆုံအားပေးစကား ပြောကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ကြောင်းသိရသည်။            

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁ ရက် ၊ မတ် ၁၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 18, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလကွယ်နေ့ ၊ မတ် ၁၇ ရက်၊ အင်္ဂါနေ့။


Posted on Mar 17, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၄ ရက် ၊ မတ် ၁၆ ရက်၊ တနင်္လာနေ့။


Posted on Mar 16, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၃ ရက် ၊ မတ် ၁၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 15, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၂ ရက် ၊ မတ် ၁၄ ရက်၊ စ​နေနေ့။


Posted on Mar 14, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၁ ရက် ၊ မတ် ၁၃ ရက်၊ သောကြာနေ့။


Posted on Mar 13, 2026
AnnouncementsExplore more >

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

Posted on Mar 16, 2026

အမြဲတမ်းအတွင်းဝန်/ညွှန်ကြားရေးမှူးချုပ်အဖြစ် တာဝန်ပေးအပ်ခြင်း

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

Posted on Mar 16, 2026

၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ ပြဋ္ဌာန်း

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း

Posted on Mar 16, 2026

နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ အများပြည်သူသို့အသိပေးကြော်ငြာခြင်း