မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ

မြန်မာ-တရုတ် နိုင်ငံခြားရေးဝန်ကြီးများ နှစ်နိုင်ငံဆွေးနွေးပွဲကျင်းပ


Ministry of Information/ Naypyitaw / April 26, 2026
image_latest


နေပြည်တော် ဧပြီ ၂၅

နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် နေပြည်တော်သို့ တရားဝင်ခရီးစဉ်ရောက်ရှိနေသည့် တရုတ်ကွန်မြူနစ် ပါတီဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ယနေ့ညနေပိုင်းတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံဆွေးနွေးသည်။

အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ပိုမိုခိုင်မာစေရေး၊ အေးအတူပူအမျှအသိုက်အဝန်း ထူထောင်ထားရှိမှု၊ ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုတို့ကို အရှိန်အဟုန်မြှင့်တင်နိုင်ရန် ကိစ္စရပ်များကို ဆွေးနွေးကြသည်။ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် တည်ငြိမ်အေးချမ်းမှုကိုထိန်းသိမ်းရန် ဆက်လက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးကြိုးပမ်းမှုများကို တရုတ်နိုင်ငံက ပံ့ပိုးကူညီရေး၊ မြန်မာနိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ပံ့ပိုးကူညီသွားရေး၊ နယ်စပ်ဒေသများတွင် အွန်လိုင်းလိမ်လည်မှုများနှင့် တရားမဝင်လုပ်ငန်းများ ဆောင်ရွက်နေခြင်း ကိုတိုက်ဖျက်ရာ၌ နှစ်နိုင်ငံအိမ်နီး ချင်းကောင်းပီသစွာဖြင့် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေး၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် အပြန်အလှန်ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအပေါ် ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား အစဉ်တစိုက်ထောက်ခံပေးခြင်းနှင့် ကူညီပံ့ပိုးမှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံရပ်တည်ပါကြောင်း၊ တရုတ်သမ္မတ မစ္စတာရှီကျင့်ဖျင် အဆိုပြုထားသော ကမ္ဘာလုံးဆိုင်ရာ အစီအမံလေးခုကိုလည်းထောက်ခံပါကြောင်း၊ အရှေ့အလယ်ပိုင်းဒေသငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးကို ကာကွယ်စောင့်ရှောက်ခြင်းနှင့် မြှင့်တင်ခြင်းဆိုင်ရာ အဆိုပြုချက်လေးချက်ကို ထောက်ခံပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအရေးကြီးပါကြောင်း၊ တရုတ်နိုင်ငံမှပေးအပ်ခဲ့သော ငလျင်ဒဏ် ပြန်လည်ထူထောင်ရေးဆိုင်ရာ အကူအညီများအတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် နှစ်နိုင်ငံနယ်စပ်တွင် တည်ငြိမ်အေးချမ်းရေးနှင့် နယ်စပ်နေပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ပံ့ပိုးကူညီပေးရန် မေတ္တာရပ်ခံလိုပါကြောင်း၊ ဒေသတွင်းနှင့်နိုင်ငံတကာ မျက်နှာစာတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi က မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ပြီး နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် အစိုးရသစ်တစ်ရပ်ဖွဲ့စည်းပြီးနောက် ယခုလိုလည်ပတ်ခွင့်ရရှိသည့်အတွက် ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ဆက်လက်ပံ့ပိုးမည်ဖြစ်ပါကြောင်း၊ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို အခြေခံသည့် မြန်မာနိုင်ငံက ယုံကြည်အားကိုး နိုင်လောက်သော အိမ်နီးချင်းနိုင်ငံအဖြစ် ရပ်တည်မည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာနများအကြား ပိုမိုနီးကပ်သည့်ပူးပေါင်းမှု မြှင့်တင် သွားမည်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံအကြား အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုပိုမိုခိုင်မာစေရေးအတွက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံအကြီးအကဲများအကြား သဘောတူညီချက် များကို ထိရောက်စွာ အကောင်အထည်ဖော်ရေး ကြိုးပမ်းသွား မည်ဖြစ်ကြောင်း၊ ကဏ္ဍစုံတွင်အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ပါကြောင်းနှင့် နှစ်နိုင်ငံအကြားရှိ စီမံကိန်း များကို အရှိန်အဟုန်မြှင့်၍ တိုးချဲ့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

နှစ်နိုင်ငံ ဆွေးနွေးပွဲအပြီးတွင် မန္တလေးငလျင်ဒဏ်သင့် ဘုန်းတော်ကြီးများနှင့် သီလရှင်ကျောင်းများအတွက် တရုတ်နိုင်ငံအစိုးရမှလှူဒါန်းသည့် အသင့်နေအိမ်များ လွှဲပြောင်းလက်ခံခြင်းဆိုင်ရာ စာလွှာလဲလှယ်ခြင်းနှင့် မြန်မာအာကာသအေဂျင်စီနှင့် တရုတ်အမျိုးသား အာကာသစီမံခန့်ခွဲမှုဌာနတို့အကြား အာကာသပူးပေါင်းဆောင်ရွက်မှုနှင့် အာကာသ ဟင်းလင်းပြင်ငြိမ်းချမ်းစွာ အသုံးပြုမှုဆိုင်ရာနားလည်မှု စာချွန်လွှာလဲလှယ်ခြင်းတို့ကို နှစ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးများ ရှေ့မှောက်တွင်ပြုလုပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေက တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ Jasmine Hotel ၌ ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ အဆိုပါ ညစာစားပွဲသို့ မြန်မာအာကာသအေဂျင်စီမှအမှု ဆောင်အရာရှိချုပ် ဒေါက်တာစိုးမြင့်မောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် သာသနာရေးရာဝန်ကြီးဌာနတို့မှ ဒုတိယဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၁ ရက် ၊ ဧပြီ ၂၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Apr 26, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၁၀ ရက် ၊ ဧပြီ ၂၅ ရက်၊ စနေနေ့။


Posted on Apr 25, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၉ ရက် ၊ ဧပြီ ၂၄ ရက်၊ သောကြာနေ့။


Posted on Apr 24, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လဆန်း ၈ ရက် ၊ ဧပြီ ၂၃ ရက်၊ ကြာသပတေးနေ့။


Posted on Apr 23, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၇ ရက် ၊ ဧပြီ ၂၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 22, 2026

၁၃၈၇ ခုနှစ်၊ ကဆုန်လဆန်း ၆ ရက် ၊ ဧပြီ ၂၁ ရက်၊ အင်္ဂါနေ့။


Posted on Apr 21, 2026
AnnouncementsExplore more >

သတင်းအေဂျင်စီလုပ်ငန်း ပိတ်သိမ်းကြောင်း အသိပေးကြေညာချက်

Posted on Apr 24, 2026

​​​​​​​ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေပုဒ်မ ၆၊ ပုဒ်မခွဲ(ခ)အရ ပြန်ကြားရေးဝန်ကြီးဌာနသည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၈ ပါ စည်းကမ်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းသည်ဟု သံသယရှိသော ထုတ်ဝေစာကို ပုံနှိပ်၊ ထုတ်ဝေခဲ့ကြောင်း ခိုင်လုံသောအထောက်အထားဖြင့် သတင်းပေးပို့ခြင်းကို လက်ခံရရှိလျှင် သော်လည်းကောင်း၊ ကိုယ်တိုင်သိရှိလျှင်သော်လည်းကောင်း သတ်မှတ်ချက်နှင့်အညီ စစ်ဆေးပြီး ငြိစွန်းကြောင်းတွေ့ရှိပါက လုပ်ငန်းအသိအမှတ်ပြုလက်မှတ်ကို ပြန်လည်ရုပ်သိမ်းခြင်း သို့မဟုတ် ကာလအကန့်အသတ်ဖြင့် ရပ်ဆိုင်းခြင်း ပြုနိုင်ပါသည်။ သတင်းအေဂျင်စီလုပ်ငန်း အသိအမှတ်ပြုလက်မှတ် ရယူထားသူဆလိုင်းရန်လင်းမာန်၏ Chin World သတင်းအေဂျင်စီ၊ ဦးဂျေမှိန်း ထန်းစန်းငါ၏ KHONUMTHUNG MEDIA GROUP သတင်းအေဂျင်စီနှင့် ဦးမင်းထက်အောင်၏ မျက်မှောက်ခေတ်(Nowadays News) သတင်းအေဂျင်စီတို့သည် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေ ပုဒ်မ ၈၊ ပုဒ်မခွဲ(ခ)ပါ စည်းကမ်းချက်ကိုလိုက်နာခြင်းမရှိဘဲ နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ အများပြည်သူအေးချမ်းသာယာရေးတို့ကို ထိခိုက်စေသည့် အကြောင်းအရာများကိုရေးသားလွှင့်တင် ဖော်ပြခဲ့သည့်အတွက် ၎င်းတို့အား ထုတ်ပေးထားသည့် သတင်းအေဂျင်စီလုပ်ငန်းများကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့မှစ၍ ပိတ်သိမ်း လိုက်ကြောင်းနှင့် ၎င်းသတင်းအေဂျင်စီများအနေဖြင့် မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြု၍ဖြစ်စေ၊ နည်းပညာတစ်ရပ်ရပ်ကို အသုံးပြု၍ဖြစ်စေ ရေးသားထုတ်လွှင့်ဖော်ပြခြင်းမပြုရန် ကြေညာအပ်ပါသည်။

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၃ / ၂၀၂၆

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆

Posted on Apr 23, 2026

စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၂ /၂ဝ၂၆