မွန်ပြည်နယ်၊ သထုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
မွန်ပြည်နယ်၊ သထုံမြို့နယ်၌ လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိ
Ministry of Home Affairs/ Nay Pyi Taw / February 10, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်က မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် လိုင်စင်မဲ့မော်တော်ယာဉ် တစ်စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် သထုံမြို့နယ်၊ မြေနီကုန်းကျေးရွာ စိုက်/သိပ္ပံကျောင်းရှေ့ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်၌ သထုံမြို့မရဲစခန်းတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် သထုံမြို့မှ ဘီးလင်းမြို့သို့ မော်လမြိုင်မြို့၊ ဈေးကြိုရပ်ကွက်နေ အောင်မျိုးသူ(၃၄)နှစ် မောင်းနှင်လာသည့် YGN-20 5H/XXXX HONDA FIT မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်နှင့်ပတ်သက်သည့် သက်သေခံ အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ်ဖြစ်ကြောင်း သိရှိရသဖြင့် အောင်မျိုးသူအား သထုံမြို့မရဲစခန်း(ပ)၁၅/၂၀၂၅၊ ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း
Posted on Apr 29, 2026တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်အစားထိုး ဖြည့်စွက်ကြောင်းကြေညာခြင်း
တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း
Posted on Apr 29, 2026တပ်မတော်သား တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် တစ်ဦး အစားထိုးပြောင်းလဲခြင်း
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
Posted on Apr 27, 2026နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ စီမံရေးရာဌာနမှ ကန့်ကွက််နိုင်ကြောင်းကြော်ငြာခြင်း
