မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ (၃၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ (၃၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / December 08, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၇

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၏ (၃၇)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်နှင့် ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက တိရစ္ဆာန်ဆေးပညာရှင်များနှင့် မွေးမြူရေးပညာရှင် နှစ်မျိုးစလုံးကို အမိတက္ကသိုလ်ကြီးက အတူတကွ မွေးဖွားပေးလိုက်ပြီ ဖြစ်ရာ ပညာရှင်မောင်နှမများ အတူလက်တွဲ ပူးပေါင်းဆောင်ရွက်ကြမှသာ နိုင်ငံတော်၏ စားရေရိက္ခာဖူလုံရေး၊ ပြည်တွင်းထုတ်ကုန်မြင့်မားရေးနှင့်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အမှန်တကယ်ပြည့်စုံအောင် ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ပညာရှင်များ၏တန်ဖိုးကို အလေးအနက်ထားသည့် နိုင်ငံတော်အစိုးရအနေဖြင့်လည်း ပညာရှင်များတိုးမြှင့် မွေးထုတ်ပေးနိုင်ရန် စိုက်ပျိုးရေးနှင့်မွေးမြူရေးတက္ကသိုလ်(မအူပင်)ကို ယခုပညာသင်နှစ်ကစတင်ပြီး ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့၌ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း။

မိမိတို့တက္ကသိုလ်၏ “မွေးမြူဆေးကုတိုင်းပြည်ပြု” ဟူသည့် ဆောင်ပုဒ်နှင့်အညီ မြန်မာနိုင်ငံ၏ သားငါးမွေးမြူထုတ်လုပ်ရေးကဏ္ဍ တိုးတက်စေရန်အတွက် မိမိတို့သင်ယူလေ့လာထားကြသော ပညာဗဟုသုတများ အတွေ့အကြုံများကိုအသုံးချပြီး အများပြည်သူကို စိတ်ချမ်းမြေ့အောင် ဝန်ဆောင်နိုင်စွမ်းသော၊ လူ့အသိုင်းအဝိုင်းအတွက် အကျိုးရှိသော၊ အကျင့်စာရိတ္တအရ ယုံကြည်စိတ်ချရသော၊ သစ္စာနှင့်ကျင့်ဝတ်ရှိသော တာဝန်သိပညာရှင်များဖြစ်အောင် ကြိုးစားကြရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရပ်ပိုင်းဆိုင်ရာ အားကိုးအားထားပြုရသူများဖြစ်အောင် ကြိုးစားသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် ထူးချွန်ဆရာ ဆရာမနှင့် တန်းစဉ်ပေါင်းရမှတ် အများဆုံးဆုရ ကျောင်းသားကျောင်းသူများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။

အခမ်းအနားအစီအစဉ် ဒုတိယပိုင်းတွင်မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်ပညာရေးအဖွဲ့က ကောင်းစွာအောင်မြင် ပေါက်မြောက်ခဲ့ပြီဟု ကြေညာခြင်းခံရသော မွေးမြူရေးပညာဘွဲ့ BASc ဘွဲ့ရမောင်မယ် ၄၉ ဦး၊ တိရစ္ဆာန်ဆေးပညာဘွဲ့ DVM ၅၅ ဦး၊ မွေးမြူရေးမဟာပညာဘွဲ့ MASc ခြောက်ဦး၊ တိရစ္ဆာန် မဟာဆေးသိပ္ပံဘွဲ့ MVSc ၁၂ ဦး၊ ပါရဂူဘွဲ့ PhD သုံးဦးနှင့် အဝေးရောက်ဘွဲ့ယူသူတစ်ဦး စုစုပေါင်း ၁၂၆ ဦးကို ပါမောက္ခချုပ်က ဘွဲ့များ အပ်နှင်းချီးမြှင့်သည်။

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်အနေဖြင့် စတင်တည်ထောင်ခဲ့သည့် ၁၉၅၇ ခုနှစ် မှစတင်၍ ယနေ့အထိ (၆၈)နှစ်တာကာလအတွင်း BVS/BVSc ဘွဲ့ရ ၅၆၇၂ ဦး၊ BASc ဘွဲ့ရ ၃၀၃ ဦး၊ DVM ဘွဲ့ရ ၂၃၈ ဦး၊ Dip L.I.S ၂၂၀ ၊ Dip.L.P.A. ၄၄၉ ဦး၊ MPhil ၂၁ ဦး၊ MVM ကိုးဦး၊ MVSc ၃၅၀၊ MASc ခုနစ်ဦး၊ PhD ၂၈ ဦးတို့ကို မွေးထုတ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁ ရက် ၊ မတ် ၃ ရက်၊ အင်္ဂါနေ့။


Posted on Mar 03, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ ၊ မတ် ၂ ရက်၊ တနင်္လာနေ့။


Posted on Mar 02, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၄ ရက် ၊ မတ် ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 01, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၃ ရက် ၊ ဖေဖော်ဝါရီ ၂၈ ရက်၊ စ​နေနေ့။


Posted on Feb 28, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက် ၊ ဖေဖော်ဝါရီ ၂၇ ရက်၊ သောကြာနေ့။


Posted on Feb 27, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026
HOT NEWS
January 4,