ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၌ ငွေကျပ် သိန်း ၂၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ


Ministry of Home Affairs/ နေပြည်တော် / March 11, 2026
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိသည့် စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ တွေ့ရစဉ်။


     ၂၀၂၆ ခုနှစ်၊ မတ် ၉ ရက် နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ရန်ကုန် တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၅)ရပ်ကွက်၊ အေးရိပ်မွန်(၅)လမ်းမပေါ်၌ အင်းစိန်မြို့နယ်၊ ရွာမ(အနောက်)ရပ်ကွက်နေ ချစ်ကို(ခ)ဖိုးသေး(၃၃)နှစ် မောင်းနှင်ပြီး လှိုင်မြို့နယ်၊ အမှတ်(၁၆)ရပ်ကွက်နေ ဟိန်းမင်းဝင်းနိုင်(ခ)အဟုန်း(၃၅)နှစ် လိုက်ပါလာသည့် SHN-32/2P-XXXX TOYOTA CROWN မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်ပေါ်မှ ၎င်းတို့ သယ်ဆောင်လာသည့် စိတ်ကြွရူးသွပ်ဆေးပြား ၂၀,၀၀၀ ပြား(တစ်ပြားလျှင် ငွေကျပ် ၁,၀၀၀ နှုန်းဖြင့် ၎င်းဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၂၀၀)အား ဖမ်းဆီးရမိသဖြင့် ချစ်ကို(ခ)ဖိုးသေးနှင့် ဟိန်းမင်းဝင်းနိုင်(ခ)အဟုန်းတို့ နှစ်ဦးအား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပ ဒေအရ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026