ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ် ငါးစီး ဆင့်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ် ငါးစီး ဆင့်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိ
Ministry of Home Affairs/ နေပြည်တော် / April 06, 2026
၂၀၂၆ ခုနှစ်၊ ဧပြီ ၃ ရက်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၌ မော်တော်ယာဉ် ငါးစီး ဆင့်တိုက်မှုဖြစ်ပွား၍ အမျိုးသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဧပြီ ၃ ရက် ည ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အတွင်းပဒံကျေးရွာ၊ အမှတ်(၅)လမ်းမကြီးပေါ်ရှိ နည်းပညာတက္ကသိုလ်လမ်းဆုံအနီး၌ ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ အမှတ်(၉)ယာဉ်ထိန်းရဲဒုတပ်ဖွဲ့စုမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အမှတ်(၅)လမ်း မကြီးအတိုင်း အနောက်မှအရှေ့သို့ ကုလားကြီးစုကျေးရွာနေ ဦးနိုင်နိုင်အေး(၃၇)နှစ် မောင်းနှင်လာသည့် BGO-11/8D-XXXX I-ZONE TRUCK မော်တော်ယာဉ်သည် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လားရာတူရှေ့မှ အင်းစိန်မြို့နယ်၊ ကမ်းနား(အနောက်)ရပ်ကွက်နေ ဦးဖုန်းမြင့်ကျော်(၅၀)နှစ် မောင်းနှင်လာသည့် YGN-8/5F-XXXX TOYOTA PROBOX မော်တော်ယာဉ်အား ဝင်ရောက်တိုက်မိပြီး အမှတ်(၁၀)ရပ်ကွက်နေ ဦးအောင်ထွန်းလင်း(၃၃)နှစ် မောင်းနှင်သည့် YGN-6/8F-XXXX I-ZONE TRUCK မော်တော်ယာဉ်၊ မင်္ဂလာဒုံမြို့နယ်၊ ပုလဲမြို့သစ်၊ ကာယရပ်ကွက်နေ ဦးနိုင်လင်းထွန်း(၄၅)နှစ် မောင်းနှင်သည့် YGN-3/BB-XXXX TOYOTA PROBOX မော်တော်ယာဉ်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဦးဉာဏ်ဌေး(၃၄)နှစ် မောင်းနှင်လာသော YGN-7/6M-XXXX SUZUKI ERTIGA မော်တော် ယာဉ်တို့အား ဆင့်တိုက်မှုဖြစ်ပွားခဲ့ကာ အဆိုပါမော်တော်ယာဉ်များအနက်မှ YGN-6/8F-XXXX I-ZONE TRUCK ယာဉ်မောင်းဖြစ်သူ ဦးအောင်ထွန်းလင်း(၃၃)နှစ်တွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့သောကြောင့် နိုင်နိုင်အေး အား လှိုင်သာယာ(အနောက်ပိုင်း)မြို့မရဲစခန်း ယာဉ်(ပ)၈/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/၂၇၉ ဖြင့် အမှုဖွင့်အရေး ယူထားကြောင်း သတင်းရရှိပါသည်။
မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်
Posted on Apr 6, 2026မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

အကောက်ခွန်ဦးစီးဌာနက မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း လုပ်ငန်းများအဆင်ပြေချောမွေ့အောင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အသိပေးကြေညာချက်
Posted on Apr 6, 2026အကောက်ခွန်ဦးစီးဌာနသည် မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်းအကောက်ခွန်လုပ်ငန်းများ လွယ်ကူလျင်မြန်စေရေး အလေးထားဆောင်ရွက်လျက်ရှိပါသည်။