ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊  (၆၈) ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင်  နေအိမ်မီးလောင်မှု

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊  (၆၈) ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင်  နေအိမ်မီးလောင်မှု


Ministry of Home Affairs/ နေပြည်တော် / August 13, 2024


     ၂၀၂၄ ခုနှစ်၊ ဩဂုတ် ၁၁ ရက် နံနက် ၉ နာရီ ၄၄ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ (၆၈) ရပ်ကွက်၊ ပေါ်ဆန်းမွှေးလမ်းတွင် ပိုင်ရှင် ဒေါ်သီသီဦး၏ ၁၀x၆၀ ပေ၊ Steel Structure သွပ်မိုး နှစ်ထပ်နေအိမ်၌ ရေမော်တာမောင်းနေစဉ် ဝိုင်ယာကြိုးအပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်မီးသတ်စခန်းမှ  မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် နှစ်စီးဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။

     အဆိုပါမီးလောင်မှုကြောင့် Itel အမျိုးအစား TV တစ်လုံးနှင့် ဆိုဖာထိုင်ခုံ နှစ်လုံး မီးလောင်ဆုံးရှုံးပြီး အမျိုးသား တစ်ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသမီး နှစ်ဦး မီးဟပ်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်သီသီဦးအား ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။ 

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၉ ရက် ၊ ဇန်နဝါရီ ၂၆ ရက်၊ တနင်္လာနေ့။


Posted on Jan 26, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၈ ရက် ၊ ဇန်နဝါရီ ၂၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 25, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၇ ရက် ၊ ဇန်နဝါရီ ၂၄ ရက်၊ စ​နေနေ့။


Posted on Jan 24, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၆ ရက် ၊ ဇန်နဝါရီ ၂၃ ရက်၊ သောကြာနေ့။


Posted on Jan 23, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၅ ရက် ၊ ဇန်နဝါရီ ၂၂ ရက်၊ ကြာသပတေးနေ့။


Posted on Jan 22, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၄ ရက် ၊ ဇန်နဝါရီ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 21, 2026