ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီး(တောင်ပိုင်း)ရပ်ကွက်၊ အမှတ်(၂)လမ်းရှိ ဂိုဒေါင်အဆောက်အဦ မီးလောင်မှု
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီး(တောင်ပိုင်း)ရပ်ကွက်၊ အမှတ်(၂)လမ်းရှိ ဂိုဒေါင်အဆောက်အဦ မီးလောင်မှု
ပြည်ထဲရေးဝန်ကြီးဌာန/ နေပြည်တော် / February 09, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် ညနေ ၄ နာရီ ၃၀ မိနစ်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ ရှမ်းတဲကြီး(တောင်ပိုင်း)ရပ်ကွက်၊ အမှတ်(၂)လမ်းရှိ ပိုင်ရှင် ဦးကျော်ထွန်း၏ အမှတ်(၂၄၇)၊ ၂၅ x ၄၀ ပေ၊ သွပ်မိုး၊ မြေစိုက်၊ ကွန်ကရစ်ခင်း တစ်ထပ် ဂိုဒေါင်အဆောက်အဦတွင် ဓာတ်ဆီထည့်ထားသော ငါးဂါလန်သံပုံးအား ဂွဖြင့်လှည့်ဖွင့်ရာမှ မီးပွားထွက်၍ ဓာတ်ဆီပုံးသို့ မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မီးသတ်စခန်းများမှ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးသတ်ယာဉ် ၃၂ စီးဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၄ မိနစ်တွင် မီးငြိမ်းခဲ့ပါသည်။
အဆိုပါမီးလောင်မှုကြောင့် ၂၅ x ၄၀ ပေ၊ သွပ်မိုး၊ မြေစိုက်၊ ကွန်ကရစ်ခင်း တစ်ထပ် ဂိုဒေါင် အဆောက်အဦ တစ်လုံးနှင့် ဒီဇယ်ပီပါ ၁၂ လုံးတို့ မီးလောင်ဆုံးရှုံးခဲ့ပြီး ပိုင်ရှင် ဦးကျော်ထွန်းအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
Posted on May 9, 2025သံတမန်ရေးရာ ဘွဲ့လွန်ဒီပလိုမာသင်တန်း (Diploma in Diplomacy- DID) သင်တန်း အပတ်စဉ် (၁) ခေါ်ယူခြင်း
သမဝါယမနှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)၏ ကျောင်းသား/သူများ ဝင်ရောက်ပါဝင်ယှဉ်ပြိုင်နိုင်ရန် အသိပေးနှိုးဆော်ခြင်း
Posted on May 6, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။
Posted on May 3, 2025မြန်မာ့ရိုးရာပန်းပညာ(၁၀)မျိုး အထိမ်းအမှတ် Block stamp အထူးထုတ် (၂၀၀၀ ကျပ်တန်) စာပို့တံဆိပ်ခေါင်းသစ် (၁) မျိုးအားရောင်းချပေးမည်။