ရန်ကုန်မြို့ပတ် RBE ရထားအား ခဲဖြင့်ပေါက်သူများဖမ်းဆီးရမိပြီး အလားတူ ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်ကို ခဲဖြင့်ပစ်ပေါက်မှုဖြစ်ပွား

ရန်ကုန်မြို့ပတ် RBE ရထားအား ခဲဖြင့်ပေါက်သူများဖမ်းဆီးရမိပြီး အလားတူ ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ ပြေးဆွဲပေးလျက်ရှိသည့် ခေတ်မီလေအေးပေးစက်ပါ DEMU ရထားတွဲဆိုင်းသစ်ကို ခဲဖြင့်ပစ်ပေါက်မှုဖြစ်ပွား


Ministry of Information/ Naypyitaw / February 04, 2026
image_latest


နေပြည်တော် ဖေဖော်ဝါရီ ၃

မြန်မာ့မီးရထားအနေဖြင့် ရထားစီးခရီးသွားပြည်သူများ ပိုမိုစိတ်ချမ်းမြေ့စွာသွားလာနိုင်စေရေးအတွက် ရန်ကုန်-နေပြည်တော်လမ်းပိုင်း၌ခေတ်မီ လေအေးပေးစက်ပါ DEMU တွဲဆိုင်းသစ်များဖြင့် ပြေးဆွဲပေးလျက်ရှိပြီး ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင်လည်း ရထားလမ်းအဆင့်မြှင့်တင်ပြုပြင်ပြီးဖြစ်၍ DEMU ရထားနှင့် RBE ရထားများဖြင့် ပြေးဆွဲပေးလျက်ရှိသည်။

ထိုသို့ပြေးဆွဲပေးလျက်ရှိရာတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၀ ရက်က ရန်ကုန်မြို့ပတ်လမ်းပိုင်းအတွင်း အင်းစိန်-လှော်ကား ပြေးဆွဲပေးလျက်ရှိသည့် RBE (ခ-၇) အဆန်ရထားသည် တညင်းကုန်းဘူတာနှင့် လှော်ကားဘူတာအကြား မိုင်တိုင်အမှတ် ၁၅/၁၁-၁၂ အရောက်ညနေ ၆ နာရီ ၃၅ မိနစ်တွင် အမည်မသိသူတစ်ဦးက ရထားကိုခဲဖြင့် ပစ်ပေါက် ခဲ့ရာ ခရီးသည်မှန်ပြတင်းပေါက် အလျား ၃ ပေ ၇ လက်မ၊ အနံ ၁ ပေ ၆ လက်မရှိသော ပြတင်းပေါက်မှန် ကွဲကြေပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် လှော်ကားနယ်မြေရဲစခန်းတွင် အမှုအမှတ် (ပ) ၃၃/၂၀၂၆၊ ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ ဖြင့် အမှုဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်ပွားရာသို့ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင် လုံခြုံရေးအဖွဲ့များဖြင့် သွားရောက်စုံစမ်းစစ်ဆေးခဲ့ရာ ထပ်မံ၍ခဲဖြင့် ပစ်ပေါက်ခဲ့သူတရားခံလေးဦးဖြစ်သော ရွှေပြည်သာမြို့နယ်နေ ထိန်းလင်းအောင်၊ ပြည်ဖြိုးအောင်၊ ချမ်းမြေ့အောင်နှင့် ကောင်းမြတ်မင်းတို့အား ဖမ်းဆီးရရှိမိခဲ့သည်။

အလားတူ ယနေ့နံနက် ၁၀ နာရီ ၃၆ မိနစ်တွင် ရန်ကုန်-နေပြည်တော် လမ်းပိုင်းအတွင်း ပြေးဆွဲပေးလျက်ရှိသည့် အမှတ်(၃၁)အဆန် DEMU ရထားသည် ရေတာရှည်မြို့နယ်၊ မြို့လှနှင့် ရေနီဘူတာအကြား မိုင်တိုင်အမှတ် ၂၀၃/၁၅-၁၆ ကြားရထားပြေးဆွဲဖြတ်သန်း နေစဉ်အမည်မသိသူတစ်ဦးက ရထားကိုခဲဖြင့် ပစ်ပေါက်ခဲ့ရာ စက်ခေါင်းနောက် ၃ တွဲမြောက် DEMU-U-2004 အထက်တန်းတွဲ(၂)၏ ညာဘက်ခြမ်း ခရီးသည်ထိုင်ခုံနေရာ A-4 ပြတင်းပေါက် အပေါ်မှန် ၆ လက်မခန့်ပေါက်၍ ကွဲကြေပျက်စီးမှုဖြစ်ပွားခဲ့သဖြင့် ရေနီဘူတာတွင် ၈ မိနစ်ခန့် ရထားရပ်တန့်ခဲ့ပြီး သက်ဆိုင်ရာ နယ်မြေရဲစခန်းတွင်အမှုဖွင့်လှစ် ဆောင်ရွက်လျက်ရှိသည်။

ယခင် ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် အမှတ် (၇) အဆန် DEMU ရထားကို ဖြူးနှင့်ဇေယျဝတီဘူတာအကြား ခဲဖြင့်ပစ်ပေါက်ခဲ့သူ တရားခံထက်ဦးလွင်(ခ) ငထော်နီအား တောင်ငူခရိုင်တရားရုံးမှ ရာဇသတ်ကြီးမှုအမှတ် ၁၂၅/၂၀၂၅ ဖြင့် ဒီဇင်ဘာ ၅ ရက်တွင် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေပုဒ်မ ၈၄ အရ အလုပ်နှင့်ထောင်ဒဏ် ၁၅ နှစ် ချမှတ်အရေးယူဆောင်ရွက်ခဲ့ပြီးဖြစ်သည်။

၂၀၁၆ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် ထုတ်ပြန်ပြီးဖြစ်သည့် ရထားပို့ဆောင်ရေးလုပ်ငန်း ဥပဒေ၊ အခန်း ၁၈၊ ပုဒ်မ ၇၉ (ခ)အရ ရထားကို တစ်စုံတစ်ရာဖြင့် ပစ်ပေါက်ခြင်း (သို့မဟုတ်) တစ်စုံတစ်ရာပြုလုပ်ခြင်း အတွက် ပြစ်ဒဏ်အနေဖြင့် ပုဒ်မ (၈၄)အရ ထိုသူကို အနည်းဆုံး ၅ နှစ် မှ အများဆုံး နှစ် ၂၀ ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်းသိရှိရပြီး ယခုဖြစ်စဉ်များနှင့်ပတ်သက်၍ ဥပဒေနှင့်အညီ ဆက်လက်အရေးယူသွားမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အစိုးရအနေဖြင့် အများပြည်သူများ အဆင်ပြေကောင်းမွန်စွာ ခရီးသွားလာနိုင်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများအနေဖြင့် ဝိုင်းဝန်းပူးပေါင်းထိန်းသိမ်းသွားရန် လိုအပ်ကြောင်း သိရသည်။       

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၃ ရက် ၊ ဖေဖော်ဝါရီ ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 04, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၂ ရက် ၊ ဖေဖော်ဝါရီ ၃ ရက်၊ အင်္ဂါနေ့။


Posted on Feb 03, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်ကျော် ၁ ရက် ၊ ဖေဖော်ဝါရီ ၂ ရက်၊ တနင်္လာနေ့။


Posted on Feb 02, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလပြည့်နေ့ ၊ ဖေဖော်ဝါရီ ၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 01, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၄ ရက် ၊ ဇန်နဝါရီ ၃၁ ရက်၊ စ​နေနေ့။


Posted on Jan 31, 2026

၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက် ၊ ဇန်နဝါရီ ၃၀ ရက်၊ သောကြာနေ့။


Posted on Jan 30, 2026
AnnouncementsExplore more >

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း

Posted on Feb 4, 2026

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးလွှတ်တော်ကိုယ်စားလှယ်လောင်းများရရှိသည့် ဆန္ဒမဲစာရင်း

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Posted on Feb 4, 2026

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ် (၄) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ

Posted on Feb 4, 2026

တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်(အချိုးကျကိုယ်စားပြုစနစ်)၊ ဧရာဝတီတိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်(၃) နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်လောင်းရရှိမှုအခြေအနေ