ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တွင် အမှတ် (၃) အဆန်/ အမှတ် (၄) အစုန်လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားနှင့် သာစည် - နေပြည်တော် - သာစည်၊ နေပြည်တော် - တောင်ငူ -နေပြည်တော်နှင့် တောင်ငူ - ပဲခူး - တောင်ငူခရီးစဉ်အဖြစ် RBE ခရီးတိုရထားများ စတင်ပြေးဆွဲမည်
ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တွင် အမှတ် (၃) အဆန်/ အမှတ် (၄) အစုန်လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားနှင့် သာစည် - နေပြည်တော် - သာစည်၊ နေပြည်တော် - တောင်ငူ -နေပြည်တော်နှင့် တောင်ငူ - ပဲခူး - တောင်ငူခရီးစဉ်အဖြစ် RBE ခရီးတိုရထားများ စတင်ပြေးဆွဲမည်
Ministry of Information/ Naypyitaw / May 13, 2026
နေပြည်တော် မေ ၁၂
နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်အရ ပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားသည် ခရီးသွားပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးအတွက် ရန်ကုန် - မန္တလေး - ရန်ကုန် ရထားခရီးစဉ်အဖြစ် အမှတ် (၅) အဆန်/ အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ၂၀၂၆ ခုနှစ်၊ မေ ၁ ရက်မှ စတင်ပြေးဆွဲပေးခဲ့ပြီး ခရီးသည်များ ကြိုက်နှစ်သက်၍ စီးနင်းမှုများသောကြောင့် အမှတ် (၃) အဆန်/ အမှတ် (၄) အစုန် လေအေးပေးစက်ပါ ခေတ်မီ DEMU လူစီးအမြန်ရထားအား မေ ၁၅ ရက်မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း တိုးချဲ့ပြေးဆွဲပေးသွားမည်ဖြစ်သည်။
ထို့အတူ ရန်ကုန်နှင့် မန္တလေး ခရီးစဘူတာတို့မှ နံနက် ၆ နာရီအချိန်ထွက်ခွာပြေးဆွဲနေသည့် အမှတ် (၅) အဆန်/အမှတ် (၆) အစုန် လေအေးပေးစက်ပါခေတ်မီ DEMU လူစီးအမြန်ရထားအား ခရီးစဘူတာများမှ နံနက် ၇ နာရီတွင် အောက်ပါအချိန်ဇယားအတိုင်း ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်သည်။
ထို့အပြင် ရန်ကုန် - မန္တလေးလမ်းပိုင်းအတွင်း သာစည် - နေပြည်တော် - သာစည် ခရီးစဉ်အဖြစ် အမှတ် (သ-၄၀၁) အဆန်/ (သ-၄၀၂) အစုန် RBE ခရီးတိုရထား၊ နေပြည်တော် - တောင်ငူ -နေပြည်တော်ခရီးစဉ်အဖြစ် အမှတ် (သ-၅၀၁) အဆန်/ (သ-၅၀၂) အစုန် RBE ခရီးတိုရထားနှင့် တောင်ငူ - ပဲခူး - တောင်ငူခရီးစဉ်အဖြစ် အမှတ် (သ-၆၀၁) အဆန်/ (သ-၆၀၂) အစုန် RBE ခရီးတိုရထားများအား မေ ၁၅ ရက်မှစတင်၍ အောက်ပါအချိန်ဇယားအတိုင်း ပြေးဆွဲပေးသွားမည်ဖြစ်သည်။
အထက်ပါ တိုးချဲ့ပြေးဆွဲမည့် RBE ခရီးတိုရထားများ၏ နေပြည်တော် - သာစည်၊ သာစည် -နေပြည်တော်နှင့် နေပြည်တော် - တောင်ငူ၊ တောင်ငူ - နေပြည်တော်တို့အတွက် လက်မှတ်ခနှုန်းထားများမှာ ခရီးစဉ်အစအဆုံး ငွေကျပ် (၅၀၀၀)၊ ခရီးစဉ်တစ်ဝက်ငွေကျပ် (၂၅၀၀) ဖြစ်ကြောင်းနှင့် တောင်ငူ - ပဲခူး၊ ပဲခူး - တောင်ငူအတွက် လက်မှတ်ခနှုန်းထားမှာ ခရီးစဉ်အစအဆုံး ငွေကျပ် (၈၀၀၀) ခရီးစဉ်တစ်ဝက် ငွေကျပ် (၄၀၀၀) ဖြစ်ပြီး လမ်းခရီး၌ ဘူတာစဉ်ရပ်တန့်ပေးမည်ဖြစ်သည်။
တိုးချဲ့ပြေးဆွဲမည့်ရထားများ၏အချိန်စာရင်းအရ ရန်ကုန် - မန္တလေးရထားလမ်းပိုင်းအတွင်းရှိ အမှတ် (၁၁) အဆန်/ အမှတ် (၁၂) အစုန်ရထား၊ အမှတ် (၁) အဆန်/ အမှတ် (၂) အစုန်ရထားနှင့် ရန်ကုန် - မော်လမြိုင်လမ်းပိုင်းအတွင်းရှိ အမှတ် (၈၁) အဆန်/ (၈၂) အစုန်ရထားများ၏ အချိန်စာရင်းအား မေ ၁၅ ရက်မှစ၍ အောက်ပါအချိန်ဇယားအတိုင်း ပြောင်းလဲပြေးဆွဲပေးသွားမည်ဖြစ်ပြီး လက်ရှိ AAR (ရိုးရိုး) တွဲဆိုင်းဖြင့် ပြေးဆွဲနေသော အမှတ် (၁၁) အဆန်/ အမှတ် (၁၂) အစုန်ရထားအား လေအေးပေးစက်ပါ အထက်တန်းလူစီးတွဲ (၂) တွဲပါရှိသော လေအိတ်ရထားတွဲဆိုင်းဖြင့် မေ ၁၅ ရက်မှစတင်၍ ပြောင်းလဲပြေးဆွဲသွားမည်ဖြစ်သည်။
ရန်ကုန် - မန္တလေး - ရန်ကုန်ခရီးစဉ်တွင် ပြေးဆွဲမည့် လေအေးပေးစက်ပါ DEMU လူစီးအမြန်ရထားများဖြစ်သော အမှတ် (၃) အဆန်/ အမှတ် (၄) အစုန် နှင့် အမှတ် (၅) အဆန်/အမှတ်(၆) အစုန်ရထားများ၏ ထိုင်ခုံလက်မှတ်များအား Online Railways Ticketing and payment (ORTP) စနစ်ဖြင့် ခရီးစဉ်အစအဆုံးအတွက် (၇) ရက်နှင့် လမ်းဘူတာများအတွက် (၃) ရက် ကြိုတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
NOTICE TO FILE INCOME TAX RETURN, ANNUAL SALARY STATEMENT AND ANNUAL COMMERCIAL TAX RETURN
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
Posted on May 12, 2026အခွန်အယူခံခုံအဖွဲ့က (၁၉-၅-၂၀၂၆)ရက်နေ့တွင် စီရင်ချက်အမိန့်ချမှတ်မည့် အမှုများစာရင်း
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
Posted on May 11, 2026ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း(သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်း ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၀-၄-၂၀၂၆)
