ရေကြည်မြို့နယ် သပြေကွင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ရေကြည်မြို့နယ် သပြေကွင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
Ministry of Cooperatives and Rural Development/ Naypyitaw / December 10, 2025
ရေကြည်မြို့နယ် သပြေကွင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
ရေကြည် ဒီဇင်ဘာလ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုဖြည့်စွက်ခွင့်ပြုရန်ပုံငွေဖြင့် သပြေကွင်းကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှုအခြေအနေများကို ဒီဇင်ဘာလ ၉ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဌေးလှိုင်၊ ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးလှိုင်အေး၊ ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေနှင့် ခရိုင်၊ မြို့နယ်တာဝန်ခံအင်ဂျင်နီယာများမှ သပြေကွင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးပြီး ဒုတိယညွှန်ကြားရေးမှူး(နည်းပညာ) ဦးလှိုင်အေးက သတ်မှတ်စံချိန် စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေး အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေကြည် မြို့နယ် သပြေကွင်းကျေးရွာ၌ လမ်းအရှည် ၅ ဒသမ ၃ ၊ အကျယ် ၁၆ပေ၊ အမြင့် ၁ ပေ ၉ လက်မ ရှိ ကျောက်ရောမြေခင်းခြင်းလုပ်ငန်းကို ပြည်ထောင်စုဖြည့်စွက်ခွင့်ပြုရန်ပုံငွေမှ ကျပ် ၂၃၈ဒသမ ၃၈၈ သန်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အင်ဂျင်နီယာဝန်ထမ်းများက တာဝန်ယူ၍ ယခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်၍တာဝန်ယူ ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းဆောင်ရွက်မှုမှာ ၂၅ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း ရေကြည်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေထံမှ သိရသည်။
AnnouncementsExplore more >
(၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ မြန်မာအားကစားအဖွဲ့ နေ့ရက်အလိုက် ပြိုင်ပွဲရလဒ်များနှင့် ပွဲစဉ်များ (၉/၁၀-၁၂-၂၀၂၅)
Posted on Dec 10, 2025Myanmar National Human Rights Commission Statement No. (17/ 2025)
Posted on Dec 10, 2025မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၇/၂၀၂၅)
Posted on Dec 10, 2025
