ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေး

ရေကြီးရေလျှံမှုကြောင့် ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး ကြည့်ရှုစစ်ဆေး


Kayin State Government/ ကရင်ပြည်နယ်အစိုးရအဖွဲ့ / August 13, 2024


ဘားအံ ဩဂုတ် ၁၃

ကရင်ပြည်နယ်အတွင်း ဇူလိုင်လ တတိယပတ်ခန့်မှစ၍ မိုးအဆက်မပြတ်ရွာသွန်းပြီး မြစ်ရေချောင်းရေများ စံချိန်တင်မြင့်တက်၍ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ရာ စိုက်ပျိုးပြီးမိုးစပါးသီးနှံစိုက်ခင်းများ ရေကြီးနစ်မြုပ်ခဲ့သည့် အတွက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဩဂုတ်လ ၁၃ ရက်နေ့ နံနက်ပိုင်းက ထိခိုက်ပျက်စီးသွားသော မိုးစပါးစိုက်ခင်းများ အချိန်မီပြန်လည်ကုစားထွန်ယက်စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ထောင်ဝိကွင်းရှိ ရေကြီးနစ်မြုပ် မိုးစပါး(၉၁)ဧက၊ ဘားအံမြို့နယ်၊ ရဲသာ(ကမော့ကစင်)ကျေးရွာ ရဲသာကွင်းရှိ ရေကြီးနစ်မြုပ်မိုးစပါး ၆၈ ဧကတို့အနက် ထိခိုက်ပျက်စီးလယ်မြေများအား တောင်သူများပြန်လည်ထွန်ယက်စိုက်ပျိုးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး ပြီး တောင်သူများအား ရက်(၉၀)မျိုးစပါးများထောက်ပံ့ပေးနိုင်ရေး၊ အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးလိုအပ် သည့်လယ်ယာသုံးစက်ကိရိယာများ ကူညီဖြည့်ဆည်းပေးနိုင်ရေး၊ ထိခိုက်လယ်မြေများတွင် ပြန်လည်ဖာထေး စိုက်ပျိုးနိုင်ရေးနှင့်သွင်းအားစုများကူညီထောက်ပံ့ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။

ရေကြီးရေလျှံမှုကြောင့် ပြည်နယ်အတွင်း ကျေးရွာအုပ်စု ၁၇၀ အုပ်စု၊ ကွင်းပေါင်း ၆၂၉ ကွင်းရှိ စိုက်ပျိုးပြီး မိုးစပါး ၃၂၃၅၁ ဧက ရေကြီးနစ်မြုပ်ခဲ့သည့်အနက် ၂၄၃၆၆ ဧက ထိခိုက်ခဲ့ပြီး ၁၃၁၄၆ ဧကပျက်စီးခဲ့ရာ ပြည်နယ်အစိုးရ အဖွဲ့နှင့် စိုက်ပျိုးရေးဦးစီးဌာနတို့မှ တောင်သူများအား မျိုးစပါး၊ သွင်းအားစုများနှင့် လိုအပ်သည့်ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပြီး ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ရေကျပြီးအပင်ပြုစုစောင့်ရှောက်နည်း၊ ပိုးမွှား ရောဂါကာကွယ်နှိမ်နှင်းနည်း၊ စပါးအစေ့ချကိရိယာဖြင့်တိုက်ရိုက်မျိုးစေ့ချနည်း၊ ပျိုးထောင်နည်းများနှင့် အသိပညာ ပေးဆွေးနွေးပွဲများကိုကျင်းပ၍ ထိခိုက်ပျက်စီးမိုးစပါးစိုက်ခင်းများ ပြန်လည်ထူထောင်စိုက်ပျိုးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမှတ်(၂)တပ်မတော်ဆေးရုံ ကုတင်(၁၀၀)သို့ သွားရောက် ပြီး ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများနှင့်မိသားစုဝင်များအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားပြီး အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ပေးအပ်ခဲ့ကြသည်။

အမှတ်(၂) တပ်မတော်ဆေးရုံကုတင်(၁၀၀)သည် ပြည်နယ်အတွင်းရှိ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သား မိသားစုဝင်များနှင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိ သော ဆေးရုံတစ်ရုံဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော် သား၊ ရဲမေ၊ မိသားစု ဝင်များနှင့်ပတ်ဝန်းကျင်ဒေသများမှ တက်ရောက်ဆေးကုသမှုခံယူနေသူများအား တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို ရင်းနှီးနွေးထွေးစွာ မေးမြန်း အားပေး၍ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူအား အာဟာရဖြည့်စွက်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် အမှတ်(၂)တပ်မတော်ဆေးရုံကုတင်(၁၀၀)တွင် တာဝန်ထမ်းဆောင် လျက်ရှိသော တပ်မတော်သားပါရဂူများ၊ ဆရာဝန်များ၊ ဆေးမှူး၊ သူနာပြု၊ အကူဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဆေးရုံ၏လိုအပ်ချက်များမေးမြန်းဖြည့်ဆည်းပေးကာ အထွေထွေအသုံးစရိတ် ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၇ ရက် ၊ ဧပြီ ၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 08, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၆ ရက် ၊ ဧပြီ ၇ ရက်၊ အင်္ဂါနေ့။


Posted on Apr 07, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၅ ရက် ၊ ဧပြီ ၆ ရက်၊ တနင်္လာနေ့။


Posted on Apr 06, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၄ ရက် ၊ ဧပြီ ၅ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 05, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၃ ရက် ၊ ဧပြီ ၄ ရက်၊ စ​နေနေ့။


Posted on Apr 04, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၂ ရက် ၊ ဧပြီ ၃ ရက်၊ သောကြာနေ့။


Posted on Apr 03, 2026
AnnouncementsExplore more >

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery...

Posted on Apr 3, 2026

မော်တော်ယာဉ်အမျိုးအစားနှင့် ဘက်ထရီစွမ်းဆောင်ရည်(Battery Capcity)အလိုက်မူလတန်ဖိုးFOBဈေးနှုန်းအပေါ်ပြည်ပတင်သွင်းယာဉ်မှတ်ပုံတင်ခအား၂၀၂၆ခုနှစ်၊ဧပြီလ(၁)ရက်မှစတင်၍အောက်ပါအတိုင်းသတ်မှတ်ကောက်ခံသွားမည်ဖြစ်ပါကြောင်းအသိပေးကြေညာအပ်ပါသည်

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-

မွေးမြူရေးတိရစ္ဆာန်များ အပူရှိန်ပြင်းထန်လွန်ကဲမှုဒဏ်မှ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်

Posted on Apr 6, 2026

မွေးမြူရေးတိရစ္ဆာန်များ ရာသီဥတုအပူရှိန် ပြင်းထန်လွန်ကဲချိန်တွင် အပူဒဏ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန် အသိပေးနှိုးဆော်အပ်ပါသည်-