ရွှေဘိုမြို့တွင် ဒေသခံလူငယ် ၃ ဦး ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ
ရွှေဘိုမြို့တွင် ဒေသခံလူငယ် ၃ ဦး ဖမ်းဆီးခံရကြောင်း သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိ
Ministry of Information/ Naypyitaw / June 15, 2024
နေပြည်တော် ဇွန် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အမှတ်(၁၀)ရပ်ကွက်၌ ဇွန်လ ၁၄ ရက်နေ့တွင် တပ်မတော်က လူဦးရေစာရင်းကောက်ယူပြီး လူငယ်အမျိုးသား ၃ ဦးကို ဖမ်းဆီးသွားကြောင်း မှန်ကန်မှုမရှိသော သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာနယ်မြေ လုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ ဇွန် ၁၄ ရက်နေ့တွင် တပ်မတော်အနေဖြင့် ရွှေဘိုမြို့နယ်အတွင်း ပုံမှန်လုံခြုံရေးတာဝန်များ ထမ်းဆောင်လျက်ရှိပြီး လူဦးရေစာရင်းကောက်ယူခြင်းနှင့် လူငယ်များကို ဖမ်းဆီးခြင်းများ လုပ်ဆောင်နေသည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။ ရွှေဘိုမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးတာဝန်များကို တည်ဆဲဥပဒေများနှင့်အညီ ထမ်းဆောင်လျက်ရှိပြီး ပြည်သူများအပေါ် ဥပဒေမဲ့ ဖမ်းဆီးအရေးယူခြင်းများ လုပ်ဆောင်မှုမရှိကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားလိုက်နာဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ဂမ်ဘီယာနှင့် မြန်မာတို့၏အမှုနှင့်ပတ်သက်၍ ကြားနာပွဲ ဆက်လက်ပြုလုပ် မြန်မာ၏ ဒုတိယအကျော့ လျှောက်လဲမှုများစတင် https://www.moi.gov.mm/news/79613...
Posted on Jan 29, 2026စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ / ၂၀၂၆
Posted on Jan 29, 2026စစ်အုပ်ချုပ်ရေးအမိန့်အမှတ်၊ ၁ / ၂၀၂၆
Posted on Jan 29, 2026
