ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)ခန်းမ၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း (နမ့်စန်)ခန်းမ၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ
Ministry of Home Affairs/ နေပြည်တော် / February 09, 2025
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီတွင် ရှမ်းပြည်နယ်၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့၊ အမှတ်(၂)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)ခန်းမ၌ (၇၈)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ တိုင်းရင်းသား ရိုးရာအကအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ စုစုပေါင်း အင်အား ၃၅၀ ဦး တက်ရောက်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားတွင် ခရိုင်အုပ်ချုပ်ရေးမှူးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သော သဝဏ်လွှာအား ဖတ်ကြားခြင်း၊ ရာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် သဘာဝဘေးဖြစ်ပွားမှုများတွင် လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည့် ဌာနများနှင့် လူမှုကူညီရေးအသင်းများအား ပြည်နယ်အစိုးရအဖွဲ့မှပေးအပ်သော ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်းနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များက ကပြဖျော်ဖြေခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် (၅ /၂၀၂၆)
Posted on May 1, 2026၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့၊ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့ တွင် ကျရောက်သည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေ ရန်အတွက်လည်းကောင်း၊ နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက်ဆက်ဆံရေးကို ရှေးရှု၍လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံး အမိန့်အမှတ် (၅၀/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်အမိန့်ဖြင့် အကျဉ်းသား/ သူတို့ ကျခံရန် ကျန်ရှိသောပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခဲ့ပြီး အမိန့်အမှတ် (၅၁/၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် အကျဉ်းသား/သူ ၁၅၀၈ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသောပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့သည့်အပြင် အမိန့်အမှတ် (၅၂/ ၂၀၂၆) ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် နိုင်ငံခြားသား အကျဉ်းသား/သူ ၁၁ ဦးကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြု၍ ပြည်နှင်ဒဏ်ပေးခဲ့ပါသည်။
Myanmar National Human Rights Commission Statement No. (5/2026)
Posted on Apr 30, 2026မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက် အမှတ် ( ၅ /၂၀၂၆)
Posted on Apr 30, 2026
