ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ်ပစ္စည်းများအား ဒေသတွင်းမီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်၌ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ်ပစ္စည်းများအား ဒေသတွင်းမီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားကျင်းပ


Ministry of Information/ Naypyitaw / November 10, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၀

နိုင်ငံတော်အစိုးရအနေဖြင့် တစ်မျိုးသားလုံးကို လူညွန့်တုံးစေနိုင်သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သည့် ဓာတုဆေးဝါးများတိုက်ဖျက်ရေးကို ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့အစည်းအသီးသီးတို့၏ စုပေါင်းအားဖြင့် စစ်ဆင်ရေးတစ်ရပ်သဖွယ် အစဉ်အဆက် တိုက်ဖျက်ဆောင်ရွက်လျက်ရှိပြီး ဖော်ထုတ်ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကိုလည်း နိုင်ငံတော်အဆင့်အခမ်းအနားများ၊ ဒေသတွင်းအဆင့်အခမ်းအနားများဖြင့် ဖျက်ဆီးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ်ပစ္စည်းများအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့မှူးရုံး၏ ညွှန်ကြားချက်အရ ဒေသတွင်းမီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြှုပ်ဖျက်ဆီးခြင်း အခမ်းအနားကို နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၌ ကျင်းပပြုလုပ်ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ မူဆယ်ခရိုင်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးက မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ် ဓာတုဆက်စပ်ပစ္စည်းများကို မီးရှို့/မြေမြှုပ်ဖျက်ဆီးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် တက်ရောက်လာကြသူများက မီးရှို့/မြေမြှုပ်ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများနှင့် ထိန်းချုပ်ဓာတုပစ္စည်းများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် မူဆယ်မြို့မရဲစခန်း၌ အမှုဖွင့်လှစ်ထားရှိသည့် မူးယစ်ဆေးဝါးမှု ၁၉ မှု၊ ဓာတုဆက်စပ်ပစ္စည်းအမှု ၁၀ မှု၊ စုစုပေါင်း ၂၉ မှု တို့မှ သက်သေခံပစ္စည်းများဖြစ်သည့် စိတ်ကြွရူးသွပ်ဆေးပြား ၉၃၇၅ ပြား၊ ကတ်တမင်း ၀.၁၁၇၉ ကီလို၊ HAPPY WATER ၀.၇၅၁ ကီလို၊ ဘိန်းဖြူ၊ ၁.၄၁ ကီလို၊ ခတ်ခူး ၀.၀၀၆ ကီလို၊ ဘိန်းဆီခဲ ၀.၃၄၄၀၄ ကီလို၊ ဆေးခြောက် ၁.၃၇၅ ကီလို၊ METHYLAMINE ၅၂၀ လီတာ၊ THIONYL CHLORIDE ၁၂၀၀ လီတာ၊ BENZENE ၁၀၀ လီတာ၊ အရိုးမီးသွေး ၁၈၆၂.၇၉၇၅၊ SODIUM ETHOXIDE ၂၄၁၉.၈၇၉၊ CAUSTIC SODA ၅၅၄၉.၇၇၈ ကီလို၊ SODIUM BISULFITE ၇၃၅.၂၉ ကီလို၊ POTASSIUM CHLORIDE ၄၁၈.၅၉ ကီလို၊ SODIUM CHLORIDE ၃၂၉.၀၄ ကီလို စုစုပေါင်းတန်ဖိုးငွေ ၁၃၂,၁၃၂,၂၇၄.၄ ကျပ်ကို မီးရှို့ဖျက်ဆီးခြင်း၊ မြေမြှုပ်ဖျက်ဆီးခြင်းများကို ဆောင်ရွက်ကြသည်။

ထို့နောက် အခမ်းအနားတက်ရောက်လာကြသူများသည် မူးယစ်ဆေးဝါးများ၊ ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဓာတုဆက်စပ်ပစ္စည်းများအား မီးရှို့ဖျက်ဆီးခြင်းနှင့် မြေမြှုပ်ဖျက်ဆီးခြင်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန်ဦးစီးဌာနနှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့တို့က အရှိန်အဟုန်မြှင့်တင်ကြိုးပမ်းဆောင်ရွက်မှုကြောင့် မူးယစ်ဆေးဝါးနှင့်ဓာတုပစ္စည်းအများအပြားကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ပြီး မီးရှို့ဖျက်ဆီးခြင်းများကိုလည်း ဆောင်ရွက်နိုင်ခဲ့ခြင်းဖြစ်ကြောင်းနှင့်ဆက်လက်၍ ဓာတုဆေးဝါးများလည်း မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေတတ်သည့် တိုက်ဖျက်ရေး လုပ်ငန်းများကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၇ ရက်၊ ဒီဇင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၆ ရက်၊ ဒီဇင်ဘာ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 11, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက် ၊ ဒီဇင်ဘာ ၉ ရက်၊ အင်္ဂါနေ့။


Posted on Dec 09, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၄ ရက် ၊ ဒီဇင်ဘာ ၈ ရက်၊ တနင်္လာနေ့။


Posted on Dec 08, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက် ၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့။


Posted on Dec 07, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လပြည့်ကျော် ၂ ရက်၊ ဒီဇင်ဘာ ၆ ရက်၊ စနေနေ့


Posted on Dec 06, 2025
HOT NEWS
January 4,