ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၌ ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Ministry of Information/ Naypyitaw / January 02, 2026
နေပြည်တော် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ညနေပိုင်းတွင် မိုင်းတုံမြို့ရှိ နယ်မြေခံတပ်ရင်းဌာနချုပ် အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်နှင့် တာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ဌာနေပြည်သူ့စစ်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မြို့နယ် ၃ ခု၌ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ ကျင်းပခဲ့သည့် ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၁) ၏ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး အပိုင်း (၂) တွင် ပါဝင်သည့် မိုင်းတုံမြို့နယ်၌ ရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုအခြေအနေများအား အသီးသီး ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းမှူးက ရွေးကောက်ပွဲအပိုင်း (၂) ကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများ လွတ်လပ်အေးချမ်းစွာနှင့် အဆင်ပြေချောမွေ့ဆန္ဒမဲပေးနိုင်ရေး၊ တိုင်းရင်းသားများဒေသဖြစ်၍ ဘာသာစကားအခက်အခဲမရှိစေရန် ကြိုတင်ဆောင်ရွက်ထားရှိရေး၊ ဆန္ဒမဲပေးရန်စောင့်ဆိုင်းစဉ် နားနေရန်ယာယီတဲနှင့်ထိုင်ခုံများ၊ သောက်ရေများ စီစဉ်ထားရှိရေး၊ တောင်ပေါ်ကျေးရွာများအတွက် ကြို/ပို့ မော်တော်ယာဉ်များ အဆင်သင့်စီစဉ်ထားရှိရေး၊ ကျန်းမာရေးကဏ္ဍအတွက် ဆေးအဖွဲ့များနှင့် လုံခြုံရေးပိုင်းဆိုင်ရာများကို အသေးစိတ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြိုတင်ဆန္ဒမဲပေးခြင်းနှင့်စပ်လျဉ်း၍ အသိပေးထုတ်ပြန်ကြေညာခြင်း
Posted on Jan 2, 2026၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့၌ စတင်ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်တွင်း ပြည်ပရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအနေဖြင့် နိုင်ငံသားတစ်ဦး၏အခွင့်အရေးဖြစ်သည့် မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
Posted on Jan 2, 2026ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်း ကြေညာခြင်း
အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာခြင်း
Posted on Jan 2, 2026အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် အမည်စာရင်းကြေညာခြင်း
