လူငယ်ငြိမ်းချမ်းရေးဖိုရမ်အား ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည့်လူငယ်များ စုပေါင်းပါဝင်ဆွေးနွေးသည့်ပုံစံမျိုးဖြင့် ဆောင်ရွက်သွားမည်

လူငယ်ငြိမ်းချမ်းရေးဖိုရမ်အား ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည့်လူငယ်များ စုပေါင်းပါဝင်ဆွေးနွေးသည့်ပုံစံမျိုးဖြင့် ဆောင်ရွက်သွားမည်


Ministry of Information/ Naypyitaw / December 24, 2025
image_latest


နေပြည်တော် ဒီဇင်ဘာ ၂၃

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေးဦးစီးကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် M Gallery ဟိုတယ်၌ ကျင်းပရာ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်နှင့် ကော်မတီဝင်များ၊ ဦးစီးကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက Video Conferencing ဖြင့် တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က အခမ်းအနားအား ငြိမ်းချမ်းရေးကို စိတ်ဝင်စားသည့် လူငယ်များ စုပေါင်းပါဝင်ဆွေးနွေးသည့်ပုံစံမျိုးဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူငယ်များ၏ အသံစုံလင်စွာရရှိရန် စီစဉ်ထားကြောင်း၊ ဖိုရမ်အတွက် လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီများအား ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း၊ သက်ဆိုင်ရာကော်မတီအလိုက် မိမိတို့လုပ်ငန်းတာဝန်များတွင် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အသေးစိတ်ကို ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဦးစီးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်က ဖိုရမ်တွင် လူငယ်များ၏ အသံစုံလင်စွာရရှိရန် စီစဉ်ထားမှု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများအနေဖြင့် ပါဝင်ဆွေးနွေးမည့် လူငယ်ကိုယ်စားလှယ်များအား သတ်မှတ်ချက်အလိုက် ရွေးချယ်ပေးစေလိုမှု၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ် ကျင်းပရေးလုပ်ငန်းကိစ္စရပ်များ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုအခြေအနေများ၊ ပူးပေါင်းညှိနှိုင်းရေး လုပ်ငန်းကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြား ရေးမှူးချုပ်များနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူမှုရေးရာဝန်ကြီးများက လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာကြသူများက လိုအပ်သည်များ အကြံပြုဆွေးနွေးကြသည်။

ဆက်လက်၍ ကျင်းပရေးဦးစီးကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးမောင်မောင်အုန်းက လူငယ်နှင့် ငြိမ်းချမ်းရေးကဏ္ဍ၏ အရေးပါမှုအခြေအနေ၊ ငြိမ်းချမ်းရေးသည် အရေးကြီးသည့်အတွက် အစိုးရအဆက်ဆက် ထာဝရငြိမ်းချမ်းရေးရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့မှု၊ လက်ရှိ နိုင်ငံ၏ပကတိ ဖြစ်ပေါ်တိုးတက်မှုနှင့် လူငယ်များ၏ အခန်းကဏ္ဍအရေးပါမှုနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးသည်။

ထို့နောက် ဦးစီးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ်အား ငြိမ်းချမ်းရေးနှင့် လူမှုအသိုက်အဝန်းတည်ငြိမ်ရေးတွင် လူငယ်များ၏ ဆောင်ရွက်ချက်များ အရေးကြီးသည်ကို ပေါ်လွင်စေရန်၊ အပြုသဘောဆောင်သော ပတ်ဝန်းကျင်တစ်ရပ်တွင် နိုင်ငံသားအားလုံးနှင့် သက်ဆိုင်သောကိစ္စရပ်များ၊ စိတ်သဘောထားများနှင့်ပတ်သက်၍ ဆွေးနွေးအဖြေရှာရန်နှင့် လူငယ်များအတွက် အခွင့်အလမ်း များဖန်တီးပေးရန်၊ ငြိမ်းချမ်းသော အသိုက်အဝန်းများ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုကို အထောက် အပံ့ဖြစ်စေရန်နှင့် ရွေးကောက်ပွဲလွန်ကာလ၌ လူငယ်များ၏ လက်တွေ့ကျသော အခန်းကဏ္ဍကို ဖော်ထုတ်ရန်၊ တွေ့ဆုံဆွေးနွေးခြင်း၊ ကြားဝင်ဖျန်ဖြေခြင်းနှင့် တာဝန်ယူမှုရှိသော ဆက်သွယ်ဆောင်ရွက်ခြင်းတို့တွင် လူငယ်များ၏ စွမ်းရည်များ ပိုမိုခိုင်မာလာစေရန်၊ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ လူမှုရေးလုပ်ငန်းဆိုင်ရာ အနာဂတ် စီမံချက်တစ်ရပ်ရေးဆွဲနိုင်ရေး အထောက်အပံ့ဖြစ်စေမည့် လူငယ်များ၏ အကြံပြုချက်များ ပေါ်ထွက်လာ စေရန်နှင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှ ပေါ်ထွက်လာသည့် အကြံပြုချက်များကို စုစည်း၍ အနာဂတ်နိုင်ငံတော်တည်ဆောက်ရေးအတွက် လူငယ်မူဝါဒဆိုင်ရာ စာတမ်းတစ်ရပ် ရေးဆွဲတင်ပြနိုင်ရန်တို့ကို ရည်ရွယ်၍ ကျင်းပဆောင်ရွက်မည်ဖြစ်သည်။

လူငယ်ငြိမ်းချမ်းရေးဖိုရမ်တွင် ဆွေးနွေးပွဲကဏ္ဍများအတွက် သီးခြားရွေးချယ်ထားသည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ နယ်ပယ်အသီးသီးမှ ကျွမ်းကျင်လူငယ်ပညာရှင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ မသန်စွမ်းလူငယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ စေတနာ့ဝန်ထမ်းလူငယ်များ၊ ပရဟိတအသင်းအဖွဲ့များနှင့် NGO လူငယ်ကွန်ရက်အဖွဲ့များမှ လူငယ်များ၊ နယ်စပ်‌ဒေသများမှ တိုင်းရင်းသားလူငယ်များနှင့် IDP စခန်းများမှ လူငယ်များကို ဖိတ်ကြားနိုင်ရေး စီစဉ်လျက်ရှိပြီး အုပ်စုအသီးသီးမှ လူငယ်ကိုယ်စားလှယ်များအနေဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်အတွင်းရှိသည့် လူငယ်ကိုယ်စားလှယ်များကို ဖိတ်ကြားသွားရန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၆ ရက် ၊ ဒီဇင်ဘာ ၂၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Dec 24, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၅ ရက် ၊ ဒီဇင်ဘာ ၂၃ ရက်၊ အင်္ဂါနေ့။


Posted on Dec 23, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၄ ရက် ၊ ဒီဇင်ဘာ ၂၂ ရက်၊ တနင်္လာနေ့။


Posted on Dec 22, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၃ ရက် ၊ ဒီဇင်ဘာ ၂၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Dec 21, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၂ ရက် ၊ ဒီဇင်ဘာ ၂၀ ရက်၊ စ​နေနေ့။


Posted on Dec 20, 2025

၁၃၈၇ ခုနှစ်၊ ပြာသိုလဆန်း ၁ ရက် ၊ ဒီဇင်ဘာ ၁၉ ရက်၊ သောကြာနေ့။


Posted on Dec 19, 2025
HOT NEWS
January 4,