လူငယ်တွေအနေနဲ့လည်း အသက်ငယ်ရွယ်စဉ်မှာ ပညာတွေ ကြိုးစားသင်ကြားကြပြီး နိုင်ငံရဲ့သားကောင်းရတနာတွေဖြစ်အောင် ဆောင်ရွက်စေလိုပါတယ်

လူငယ်တွေအနေနဲ့လည်း အသက်ငယ်ရွယ်စဉ်မှာ ပညာတွေ ကြိုးစားသင်ကြားကြပြီး နိုင်ငံရဲ့သားကောင်းရတနာတွေဖြစ်အောင် ဆောင်ရွက်စေလိုပါတယ်


Ministry of Information/ Naypyitaw / August 13, 2024
image_latest


မဖူးပွင့်အောင်(ကယားပြည်နယ်လူငယ်ကိုယ်စားလှယ်)

နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ၏ အရေးပါသောအခန်းကဏ္ဍကို အသိအမှတ်ပြုသည့်အနေဖြင့်လည်းကောင်း၊ လူငယ်များ၏အခွင့်အရေးများ အပြည့်အဝဖော်ဆောင်ပေးနိုင်ရေးအတွက်လည်းကောင်း ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အခမ်းအနားကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ၌ နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ လူငယ်ကိုယ်စားလှယ်များ၊ တက္ကသိုလ်၊ကောလိပ်နှင့် အခြေခံပညာကျောင်းများမှ လူငယ်ကိုယ်စားလှယ်များနှင့် နယ်ပယ်ပေါင်းစုံမှ လူငယ်ကိုယ်စားလှယ်များ စိတ်ပါဝင်စားစွာ တက်ရောက်ခဲ့ကြရာ ၎င်းတို့နှင့် တွေ့ဆုံ၍ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်အများအပြား မွေးထုတ်ပေးစေလိုသည့် အခြေအနေများ၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးလိုသည့် လူငယ်များ၏ သဘောထားအမြင်များကို တွေ့ဆုံမေးမြန်းမျှဝေ ပေးလိုက်ရပါသည်။

မဖူးပွင့်အောင်(ကယားပြည်နယ်လူငယ်ကိုယ်စားလှယ်)

ကျွန်မကတော့ လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှာ ပညာသင်ယူနေပါတယ်။ အခုလို လူငယ်တွေကို အသိအမှတ်ပြုပေးပြီး နိုင်ငံတော်အဆင့် အခမ်းအနားနဲ့ ဆောင်ရွက်ပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲတွေကို ကျေးဇူးတင်ရှိပါတယ်။ ဒီလိုအပြည်ပြည်ဆိုင်ရာ လူငယ်များနေ့မှာ လူငယ်ဖိုရမ်ကိုလည်း ထည့်သွင်းထားပါတယ်။ ဒီဖိုရမ်မှာ ကျွန်မတို့လူငယ်တွေ အနာဂတ်ဖွံ့ဖြိုးတိုးတက်စေမယ့် အကြောင်းအရာတွေကို တင်ပြဆွေးနွေးသွားမှာလည်း ဖြစ်ပါတယ်။ နောက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တိုင်းရင်းသားညီအစ်ကို မောင်နှမလူငယ်တွေကိုလည်း တစ်စုတစ်စည်းတည်း တွေ့ရတဲ့အတွက်လည်း ဝမ်းသာမိပါတယ်။ သူတို့ရဲ့ ဓလေ့ထုံးစံတွေ လေ့လာခွင့်ရတဲ့အတွက် ဗဟုသုတများစွာ ရရှိစေပါတယ်။ ဒီဗဟုသုတတွေကိုလည်း ကျွန်မတို့ကျောင်းမှာ ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း တစ်ထောင့်တစ်နေရာက ကြိုးစားဆောင်ရွက်သွားမယ်လို့ ရည်ရွယ်ထားပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့လည်း အသက်ငယ်ရွယ်တုန်းမှာ ပညာတွေကြိုးစားသင်ကြားကြပြီး နိုင်ငံရဲ့သားကောင်းရတနာတွေဖြစ်အောင် ဆောင်ရွက်စေလိုပါတယ်။

မဇင်မေထက်(ဆုရထူးချွန်လူငယ်)

ကျွန်မကတော့ CAHYA MATA Malaysian Open Athietic Championships 2024 ပြိုင်ပွဲ ၂၀ ကီလိုမီတာလမ်းလျှောက်ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ ဒီလိုလူငယ်တွေအတွက် ဆောင်ရွက်ပေးတဲ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့မှာ ထူးချွန်လူငယ်တစ်ဦးအနေနဲ့ ဆုချီးမြှင့်ခဲ့ရတဲ့အတွက်လည်း အတိုင်းမသိဝမ်းသာမိပါတယ်။ နောက်ပြီး ဒီအခမ်းအနားမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက လူငယ်တွေကို စုစုစည်းစည်းတွေ့ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ကိုယ်တိုင်ကလည်း လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်တွေ အခွင့်အလမ်းတွေပိုမိုရရှိစေပြီး အားတက်စေမယ့် ဒီလိုအခမ်းအနားတွေအများကြီး ရှိစေချင်ပါတယ်။ လူငယ်တွေအတွက် အသိပညာ၊ အတတ်ပညာရပ်တွေ သင်ကြားပို့ချပေးသွားမယ့် လူငယ်ဖိုရမ်လည်း ရှိတဲ့အတွက် သေချာဂရုတစိုက်နဲ့ သင်ယူစေလိုပါတယ်။ ကိုယ်သိသမျှအရင်းခံပြီးတော့လည်း နိုင်ငံနဲ့ လူမျိုးအတွက် ဆောင်ရွက်စေလိုပါတယ်။

မောင်ယိန်းတိန့်(ကချင်ပြည်နယ်လူငယ်ကိုယ်စားလှယ်)

ကျွန်တော်ကိုယ်တိုင် လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် အခုလို နိုင်ငံတော်အဆင့်ကျင်းပပေးပြီး လူငယ်တွေအတွက် ပြုလုပ်ပေးတဲ့ အပြည်ပြည်ဆိုင်ရာလူငယ်ပွဲတော် အခမ်းအနားနဲ့ လူငယ်ဖိုရမ်ကို တက်ရောက်ခွင့်ရတဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီပွဲတော်ဟာ ကျွန်တော်အတွက် ပထမဆုံးအကြိမ်ဖြစ်တဲ့အပြင် လူငယ်တွေအတွက် အခွင့်အလမ်းတစ်ခုရရှိမယ်လို့ မျှော်လင့်မိပါတယ်။ လူငယ်ဖိုရမ်မှာလည်း တခြားတိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်တွေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်စေမယ့် အကြောင်းအရာတွေကို ဆွေးနွေးဖလှယ်သွားမှာဖြစ်ပါတယ်။ ဖိုရမ်ကနေရရှိလာမယ့် အသိပညာတွေကို တခြားလူငယ်တွေသိရှိအောင် မျှဝေသွားမယ့်အပြင် နိုင်ငံတော်အတွက်လည်း အကျိုးရှိအောင် ဆောင်ရွက်သွားမှာပါ။

မကြယ်စင်လင်းလက်(ဆုရထူးချွန်လူငယ်)

ကျွန်မကတော့ ဆေးတက္ကသိုလ် (တောင်ကြီး)ကနေ လူငယ်ဖိုရမ်ပွဲတော်ကို တက်ရောက်ဖို့အတွက် ဖိတ်ကြားခြင်းခံရတာဖြစ်ပါတယ်။ ကျွန်မတို့အဖွဲ့အနေနဲ့ ဆေးတက္ကသိုလ်(တောင်ကြီး)ကနေ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့မှာကျင်းပတဲ့ International Medical Biochemist Competition ပြိုင်ပွဲမှာ အဖွဲ့အလိုက်အနေနဲ့ ဒုတိယဆုရရှိခဲ့ပြီးတော့ တစ်ဦးချင်းအနေနဲ့ ရွှေတံဆိပ်ဆုရရှိခဲ့ပါတယ်။ အခုလိုနိုင်ငံတော်အဆင့် လူငယ်ပွဲတော်ကြီးမှာ ဆုချီးမြှင့်ခံရတဲ့အတွက်လည်း ဝမ်းသာဂုဏ်ယူမိပါတယ်။ နောက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ပညာတတ်လူငယ်တွေကို တွေ့ဆုံခွင့်ရတဲ့အတွက်လည်း ပျော်ရွှင်မိပါတယ်။ ကျွန်မတို့နိုင်ငံမှာ လူငယ်တွေအတွက် အခွင့်အလမ်းတွေအများကြီး ဖန်တီးပေးမယ်ဆိုရင် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားတစ်ခုဖြစ်လာမှာပါ။ ဒါကြောင့် လူငယ်တွေနဲ့ သက်ဆိုင်တဲ့ပွဲတော်တွေ အများအပြားကျင်းပပေးစေလိုပါတယ်။

တွေ့ဆုံမေးမြန်း - တက်သစ်စ

ဓာတ်ပုံ - လုလင်ငယ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁ ရက် ၊ ဧပြီ ၂ ရက်၊ ကြာသပတေးနေ့။


Posted on Apr 02, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။