လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဆင်း

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သက်မွေးပညာကာလတိုသင်တန်းများဆင်း


Kayin State Government/ ကရင်ပြည်နယ်အစိုးအဖွဲ့ / May 31, 2025


ဘားအံ မေ ၃၁

ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ် ငန်းကော်မတီနှင့် ပညာရေးနှင့်သက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီတို့မှကြီးမှူး၍ နွေရာသီကျောင်း အား လပ်ရက်များတွင်ဖွင့်လှစ်သည့် သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲကို မေလ ၃၁ ရက်နေ့ နံနက် ၈ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သက်မွေးပညာကာလတိုသင်တန်းများအဖြစ် အခြေခံကွန်ပျူတာသင်တန်း(၂/၂၀၂၅)၊(၃/၂၀၂၅)၊ အခြေခံစက် ချုပ်သင်တန်း(၂/၂၀၂၅)၊ အိမ်တွင်းလျှပ်စစ်ဝါယာသွယ်တန်းခြင်းသင်တန်းအခြေခံနှင့်ဆိုလာတပ်ဆင်ခြင်းသင်တန်း (၂/၂၀၂၅)သင်တန်းတို့မှ သင်တန်းသား၊သင်တန်းသူစုစုပေါင်း ၁၁၉ ဦးသင်တန်းဆင်းခဲ့ကြခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ကာလတိုသင်တန်းဖြစ်သော်လည်း သင်ကြားပို့ချပေးလိုက်သည့် စာတွေ့၊လက်တွေ့သင်ခန်းစာ များကို ကြိုးကြိုးစားစားလေ့လာသင်ယူမှတ်သားခဲ့မည်ဆိုပါက ခိုင်မာသည့်အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို လုပ်ကိုင်နိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ တတ်မြောက်ထားသည့် ပညာရပ်များကိုမိမိတို့၏စိတ်ကူးစိတ်သန်း အကြံ ဉာဏ်များဖြည့်စွက်ပြီး တီထွင်ကြံဆလုပ်ကိုင်နိုင်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများမလွဲမသွေရရှိလာမည်ဖြစ် ကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစက်ချုပ်သင်တန်းတွင် အထူးဆုရရှိသူအား အပ်ချုပ်စက်တစ်လုံး နှင့်ဆက်စပ်ပစ္စည်းများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က သင်တန်းများအလိုက် သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများ ကိုဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ သယံဇာတရေးရာဝန်ကြီးက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့် ရာ သင်တန်းဆင်းသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းဆင်း သင်တန်းသား၊သင်တန်းသူများ အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားပြီး သင်တန်းသား၊သင်တန်းသူများကိုယ် တိုင် ဆောင်ရွက်ထားသော သင်တန်းဆင်းလက်ရာများအား လှည့်လည်ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံပညာအထက်တန်း ကျောင်းတွင် တွဲဖက်ဖွင့်လှစ်ထားသော ဒုံရင်းအခြေခံပညာနှင့်စက်မှု၊စိုက်ပျိုး၊မွေးမြူရေးအထက်တန်းကျောင်းသို့သွား ရောက်ပြီး ကျောင်းဖွင့်ရာသီအမီ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှု၊ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂနှင့် စာတွေ့လက်တွေ့ သင်ကြားရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန် သင်ထောက်ကူပစ္စည်းများ ပြည့်စုံလုံလောက်မှုရှိ/မရှိ၊ ကျောင်းသား၊ကျောင်းသူအိပ်ဆောင်၊ ရေ၊ မီး၊ မိလ္လာနှင့် နေထိုင် စားသောက်ရေးအဆင်ပြေစေရန် ကြိုတင်စီမံဆောင်ရွက်ထားရှိမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လို အပ်သည်များမှာကြားကာ သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ ပါသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၇ ရက်၊ ဇွန် ၂ ရက်၊ တနင်္လာနေ့။


Posted on Jun 02, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၆ ရက်၊ ဇွန် ၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Jun 01, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၅ ရက်၊ မေ ၃၁ ရက်၊ စနေနေ့။


Posted on May 31, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၄ ရက်၊ မေ ၃၀ ရက်၊ သောကြာနေ့။


Posted on May 30, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၃ ရက်၊ မေ ၂၉ ရက်၊ ကြာသပတေးနေ့။


Posted on May 29, 2025

၁၃၈၇ ခုနှစ်၊ နယုန်လဆန်း ၂ ရက်၊ မေ ၂၈ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 28, 2025
AnnouncementsExplore more >

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

Posted on Jun 2, 2025

အဂတိလိုက်စားမှုတိုက်ဖျက်ရေး အသိပညာပေးဆိုင်ရာ ပိုစတာ၊ ပန်းချီနှင့် ဗီဒီယိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဖိတ်ခေါ်ခြင်း

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

Posted on May 30, 2025

ရာထူးတိုးမြှင့်ရေးဆိုင်ရာအဆိုပြုတင်ပြလာမှုများအပေါ်စိစစ်သဘောတူညီချက် ပြန်ကြားဆောင်ရွက်ခြင်း(၁၈/၂၀၂၅)

HOT NEWS
January 4,