လေပြင်းဘေး ထိခိုက်ပျက်စီးမှုအန္တရာယ် လျော့ပါးသက်သာရန် ကြိုတင်ပြင်ဆင်

လေပြင်းဘေး ထိခိုက်ပျက်စီးမှုအန္တရာယ် လျော့ပါးသက်သာရန် ကြိုတင်ပြင်ဆင်


Ministry of Information/ Naypyitaw / February 26, 2026
image_latest


ဆောင်းတစ်ဝက် နွေတစ်ဝက် တပေါင်းလလွန်သော် နွေရာသီသို့ မကြာမီရောက်တော့မည်ဖြစ်သည်။ နွေကြိုကာလ၊ နွေကာလနှင့် မိုးကြိုကာလတို့မှာ သတိထားကြရမည့် သဘာဝဘေးတစ်ခုမှာ လေပြင်းဘေးအန္တရာယ်ဖြစ်သည်။ နွေကြိုကာလနှင့် နွေကာလတို့တွင် နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ အပူပျံတက်တိမ်များ ဖြစ်ထွန်းပြီး မွန်းလွဲပိုင်းနှင့် ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ပေါ်နိုင်သည်။ အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာ တစ် လျှောက်တွင် စိုက်ဆင်းလေပြင်းများတိုက်ခတ်ခြင်း၊ လေပြင်းနှင့်အတူ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာခြင်းစသည့် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရန် လိုသည်။

ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ်နှင့် ဒက္ခိဏသီရိမြို့နယ်တို့အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ ပြိုကျခြင်း၊ အမိုးလန်ခြင်းတို့ ဖြစ်ပွားခဲ့ကြောင်း သတင်းများအရ သိရှိရသည်။ နွေကြို၊ နွေနှင့် မိုးကြိုကာလ လေပြင်းတိုက်ခတ်မှုများကြောင့် နိုင်ငံတစ်ဝန်းတွင် လူနေအိမ်များ အမိုးလန်၊ ယိုင်လဲ၊ ပြိုကျခြင်းတို့ နှစ်စဉ်ဖြစ်ပေါ်လေ့ရှိရာ လေပြင်းဘေး ကြိုတင်ကာကွယ်ရေး အလေးဂရုပြု ကြရန်လိုသည်။ လေပြင်းတိုက်ခတ်မှုများကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် နေအိမ် ၁၄ဝဝဝ ကျော်၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် နေအိမ် ၂၀၀၀၀ ကျော်၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ( ၂၀၁၄ ခုနှစ် ဧပြီလမှ နိုဝင်ဘာလအထိ) နေအိမ် ၇၉၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ပြီး လူ သေဆုံး၊ ထိခိုက်၊ ဒဏ်ရာရမှုများလည်း ရှိခဲ့သည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် လေပြင်းတိုက်ခတ်မှုများကြောင့် ရပ်ရွာလူထု၏နေအိမ်များ ထိခိုက်ပျက်စီးမှု လျော့နည်းသက်သာစေရန် လေပြင်းဒဏ် ပိုမိုခံနိုင်ရည်ရှိ သော အိုးအိမ်များဖြစ်စေရေး အားဖြည့်၊ မွမ်းမံ၊ ပြင်ဆင်ခြင်းတို့ကို ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုတို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် နွေကြိုကာလ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် ကိုးခုတို့တွင် နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်း လုပ်ငန်းစီမံချက်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ဆောင်ရွက်နေပြီဖြစ်သည်။

ပြည်သူများ မိမိတို့၏ နေအိမ်များ လေပြင်းဒဏ်ခံနိုင်စေရန်အတွက် အိမ်၏ကြံ့ခိုင်မှုကို ပုံမှန်စစ်ဆေးပြီး တောင့်တင်းခိုင်မာအောင် ပြုလုပ်ထားရန်၊ အိမ်နံရံများတွင် လေဒဏ်ခံနိုင်ရန် ချုပ်တန်းများနှင့် လိုအပ်သည့်နေရာများတွင် ထောက်တန်းများ/ ထောက်တိုင်များ ထပ်မံအားဖြည့်တပ်ဆင်ရန်၊ သွပ်အမိုးဖြစ်ပါက အစွန်ကျသောနေရာ များတွင် သွပ်သံစိပ်စိပ်ရိုက်ရန်၊ ဓနိ / သက်ကယ်အမိုးဖြစ်ပါက ဝါးကြက်နင်း ခိုင်ခံ့စွာအုပ်ပြီး သွပ်နန်းကြိုး ခိုင်မြဲစွာ ချည်နှောင်ရန်၊ အိမ်အနီးရှိ ကျိုးကျနိုင်သည့် သစ်ပင်/သစ်ကိုင်းများကို ခုတ်ထွင်ရှင်းလင်းထားရန် အသိပေးနှိုးဆော်ထားသည်။

လေပြင်းတိုက်ခတ်နေစဉ်အတွင်း အန္တရာယ်ရှိခြင်းကြောင့် မလိုအပ်ဘဲ အပြင်သို့မထွက်ရန်၊တံခါးများနှင့်ပြတင်းပေါက်များကို မြဲမြံစွာ ပိတ်ထားရန်၊ မှန်ပြတင်းများကို တိပ်ပြားကြီးများဖြင့် ကန့်လန့်ဖြတ် ကပ်ထားရန်၊ မှန်ပြတင်းပေါက်များနှင့် ဝေးရာတွင် နေထိုင်ရန်၊ လေတိုက်ခတ်မှု အလွန်ပြင်းထန်ပါက ခိုင်ခံ့သောစားပွဲ သို့မဟုတ် ခိုင်ခံ့သောအရာဝတ္ထု တစ်ခုခုအောက်တွင် အကာအကွယ်ယူနေရန်၊ လျှပ်စစ်နှင့်ဆိုင်သော ပစ္စည်းများကို ခလုတ်ပိတ်၍ ပလပ်ဖြုတ်ထားရန်ဟူသောအချက်များမှာ လေပြင်းတိုက်ခတ်နေစဉ် လိုက်နာကြရမည့် အချက်များဖြစ်သည်။

လေပြင်းတိုက်ခတ်ပြီးနောက် ကူညီကယ်ဆယ်ရေးနှင့် အပျက်အစီးရှင်းလင်းရေးတို့တွင် ပူးပေါင်းပါဝင်ကြရန်လိုသည်။ ကျိုးကျ၊ ယိုင်လဲနေသည့် ဓာတ်တိုင်၊ ဓာတ်ကြိုးများ၊ သစ်ပင်သစ်ကိုင်းများ၊ အဆောက်အအုံများနှင့်ဝေးရာတွင် နေကြရမည်လည်းဖြစ်သည်။ ထိခိုက်ဒဏ်ရာရသူများ နီးစပ်ရာကျန်းမာရေးဌာနများတွင် ကုသမှုခံယူရန်၊ ကာကွယ်စောင့်ရှောက်မှုပေးရန်လိုအပ်သည့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်နှင့် သားသည်မိခင်များ၊ မသန်စွမ်းသူများ၊ သက်ကြီးရွယ်အိုများစသည့် အကူအညီလိုအပ်သူများကို တတ်စွမ်းသရွေ့ ပေါင်းစပ်ကူညီပေးရန်တို့ကိုလည်း ဆောင်ရွက်ကြရန်သတိပြု ကြဖို့လိုသည်။

ဆိုခဲ့ပါအတိုင်း နေအိမ်များ အားဖြည့်မွမ်းမံပြင်ဆင်ခြင်း၊ လေပြင်းဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ကြရမည့် အချက်များကို အလေးထားဆောင်ရွက်ကြခြင်းအားဖြင့် ရာသီကာလအလိုက် ကျရောက်လာဖွယ်ရှိသည့် လေပြင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများမှ လျော့ပါးသက်သာကြမည်ဖြစ်သည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၁ ရက် ၊ ဖေဖော်ဝါရီ ၂၆ ရက်၊ ကြာသပတေးနေ့။


Posted on Feb 26, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၁၀ ရက် ၊ ဖေဖော်ဝါရီ ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Feb 25, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၉ ရက် ၊ ဖေဖော်ဝါရီ ၂၄ ရက်၊ အင်္ဂါနေ့။


Posted on Feb 24, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၈ ရက် ၊ ဖေဖော်ဝါရီ ၂၃ ရက်၊ တနင်္လာနေ့။


Posted on Feb 23, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၇ ရက် ၊ ဖေဖော်ဝါရီ ၂၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Feb 22, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလဆန်း ၆ ရက် ၊ ဖေဖော်ဝါရီ ၂၁ ရက်၊ စ​နေနေ့။


Posted on Feb 21, 2026
AnnouncementsExplore more >

“ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းမှ Grade-5 နှင့် Grade-9 ကျောင်းသား ကျောင်းသူများ စာမေးပွဲဖြေဆိုခွင့်နှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်

Posted on Feb 24, 2026

ဖေဖော်ဝါရီ ၂၃ ရက်က စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသား၊ ကျောင်းသူ(၈၉)ဦး စုစုပေါင်း(၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့ သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သော ဖြစ်စဉ်ဖြစ်ပွားခဲ့ပါသည်။

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

Posted on Feb 24, 2026

အခွန်အယူခံခုံအဖွဲ့၌ ကြားနာရန်ချိန်းဆိုထားသည့် (၁၀-၂-၂၀၂၆)ရက်နေ့မှ (၅-၃-၂၀၂၆)ရက်နေ့သို့ ပြောင်းရွှေ့ချိန်းဆိုသည့် အမှုစာရင်း

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Feb 24, 2026

မြန်မာ့လက်ဖက်ခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။