လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သာကေတဓာတ်အားပေးစက်ရုံရှိဝန်ထမ်းများနှင့် တွေ့ဆုံ

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း သာကေတဓာတ်အားပေးစက်ရုံရှိဝန်ထမ်းများနှင့် တွေ့ဆုံ


Ministry of Information/ Naypyitaw / September 01, 2025
image_latest


နေပြည်တော် ဩဂုတ် ၃၁

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းသည် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် သာကေတမြို့နယ်ရှိ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း သာကေတသဘာဝဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ယခုနှစ်ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်၍ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများအားလုံး စနစ်တကျမဲပေးနိုင်ရေး စီမံဆောင်ရွက်သွားရန်နှင့် မိမိဒေသ၊ မိမိမြို့နယ်အကျိုးကို ဆောင်ရွက်နိုင်မည့်သူအား ရွေးချယ်မဲပေးသွားရန်၊ ဝန်ထမ်းများ ဝန်ထမ်းအိမ်ရာ လိုင်းခန်းများတွင် နေထိုင်ရာတွင်လည်း စည်းလုံးညီညွတ်စွာဖြင့် မိသားစုသဖွယ်နေထိုင်သွားကြရန်နှင့် မိမိတို့နေထိုင်ရာဝန်ထမ်းအိမ်ရာများ ပျက်စီးမှုမရှိစေရေး စနစ်တကျထိန်းသိမ်းပြုပြင်ဆောင်ရွက်သွားရန်၊ ဓာတ်အားပေးစက်ရုံဝင်းအတွင်း မြေလွတ်မြေရိုင်းများရှိပါက သီးပင်စားပင်များ စိုက်ပျိုးသွားရန်၊ ဝန်ထမ်းများ ငွေကြေးသုံးစွဲမှုကို ခြိုးခြံချွေတာ၍ လျှပ်စစ်မီးနှင့် ရေသုံးစွဲမှုကိုလည်း ချွေတာသုံးစွဲသွားရန် မှာကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၃ ရက် ၊ စက်တင်ဘာ ၄ ရက်၊ ကြာသပတေးနေ့။


Posted on Sep 04, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၂ ရက် ၊ စက်တင်ဘာ ၃ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Sep 03, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၁ ရက် ၊ စက်တင်ဘာ ၂ ရက်၊ အင်္ဂါနေ့။


Posted on Sep 02, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၁၀ ရက် ၊ စက်တင်ဘာ ၁ ရက်၊ တနင်္လာနေ့။


Posted on Sep 01, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၉ ရက် ၊ သြဂုတ် ၃၁ ရက်၊ တနင်္ဂနွေနေ့။


Posted on Aug 31, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလဆန်း ၈ ရက် ၊ သြဂုတ် ၃၀ ရက်၊ စနေနေ့။


Posted on Aug 30, 2025
HOT NEWS
January 4,