ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်

ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်း အမှတ်စဉ်(၁၇) သင်တန်းဖွင့်


Ministry of Information/ Naypyitaw / September 16, 2025
image_latest


နေပြည်တော် စက်တင်ဘာ ၁၅

ဝန်ထမ်းအဖွဲ့အစည်း အကြီးအမှူးသင်တန်းအမှတ်စဉ် (၁၇) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) နဝရတ်ခန်းမ၌ကျင်းပရာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦး၊ အဖွဲ့ဝင်ဦးကျော်မျိုးထွဋ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ရုံး ညွှန်ကြားရေးမှူးချုပ်၊ နိုင်ငံ့ဝန်ထမ်း တက္ကသိုလ် (အထက်မြန်မာပြည်) ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ တက္ကသိုလ်သင်ကြား/ စီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းဦးက နိုင်ငံတော်၏ စီမံအုပ်ချုပ်မှုယန္တရားအတွင်း ဦးဆောင်သူအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေရသော အဆင့်မြင့် အရာရှိကြီးများအနေဖြင့် မိမိတို့နိုင်ငံ၊ မိမိတို့အဖွဲ့အစည်း၏ ရည်မှန်းချက်ကိုပျက်ပြားစေမည့် အတားအဆီး၊ ဆူးငြောင့်ခလုတ်များကို သတိပြုဆင်ခြင် သုံးသပ်ပြီး အမှန်နှင့်အမှား၊ အကြောင်းနှင့် အကျိုး၊ အကောင်းနှင့်အဆိုးကို မှန်ကန်စွာခွဲခြားစိစစ်ကာ လုပ်ဖော်ကိုင်ဖက်များကို ရင်ဆိုင်ဖြေရှင်းတတ်စေရန် လမ်းပြကြရမည်ဖြစ်ပါကြောင်း၊ ကျင့်ဝတ်သိက္ခာကို လေးစားလိုက်နာစောင့်ထိန်းပြီး တတ်သိကျွမ်းကျင်ရမည့် ပညာရပ်များကို အမြဲလေ့လာဆည်းပူးကာ နိုင်ငံနှင့် ပြည်သူ့အကျိုးစီးပွားကို တာဝန်အရမဟုတ်ဘဲ စိတ်ရင်းစေတနာအရင်းခံဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှုအရည်အသွေးတိုးတက်မြင့်မားပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ တိကျမြန်ဆန်သွက်လက်စွာ ဝန်ဆောင်မှုပေးကြရန်နှင့် မိမိဌာနအဖွဲ့အစည်း၏လုပ်ငန်းများကို ခေတ်မီဆန်းသစ်သည့် တီထွင်ကြံဆမှုများ၊ ဖန်တီးနိုင်မှုစွမ်းအားများနှင့်ပေါင်းစပ်ကာ အကောင်းဆုံးလုပ်ကိုင်ကြရန် တိုက်တွန်းမှာကြားသည်။

အဆိုပါသင်တန်းသို့ သင်တန်းသား ၁၉ ဦး၊ သင်တန်းသူရှစ်ဦး စုစုပေါင်း ၂၇ ဦး တက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာ ၁၅ ရက်မှ နိုဝင် ဘာ ၁၂ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် တက္ကသိုလ်မှတာဝန်ရှိသူများနှင့်အတူ သင်တန်းအလိုက် သင်ခန်းစာပို့ချနေမှု၊ တက္ကသိုလ်စက်ပစ်ကွင်း ပြင်ဆင်ထားရှိမှုနှင့် တက္ကသိုလ် (၂၅)ခုတင်ဆံ့ ဆေးရုံနှင့် ရဲဝန်ထမ်းအိမ်ရာများကို ကြည့်ရှုစစ်ဆေးကာ တက္ကသိုလ်ပင်မရုံးအစည်းအဝေးခန်းမ၌ တက္ကသိုလ်တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး တက္ကသိုလ်၏ စီမံခန့်ခွဲရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ တင်ပြမှုများအပေါ် လိုအပ်သည်များ မှာကြားသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်၊ စက်တင်ဘာ ၁၆ ရက်၊ အင်္ဂါနေ့။


Posted on Sep 16, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၉ ရက်၊ စက်တင်ဘာ ၁၅ ရက်၊ တနင်္လာနေ့။


Posted on Sep 15, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၈ ရက်၊ စက်တင်ဘာ ၁၄ ရက်၊ တနင်္ဂနွေနေ့။


Posted on Sep 14, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၇ ရက်၊ စက်တင်ဘာ ၁၃ ရက်၊ စနေနေ့။


Posted on Sep 13, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၆ ရက်၊ စက်တင်ဘာ ၁၂ ရက်၊ သောကြာနေ့။


Posted on Sep 12, 2025

၁၃၈၇ ခုနှစ်၊ တော်သလင်းလပြည့်ကျော် ၅ ရက်၊ စက်တင်ဘာ ၁၁ ရက်၊ ကြာသပတေးနေ့။


Posted on Sep 11, 2025
AnnouncementsExplore more >

ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း

Posted on Sep 15, 2025

ဆက်သွယ်ရေးနှင့်စက်ကိရိယာပစ္စည်းများ ရောင်းဝယ်ခွင့်လိုင်စင်၊ စမ်းသပ်ပြသခွင့်လိုင်စင်နှင့် ပြင်ဆင်ခွင့်လိုင်စင်တို့အတွက် အသိပေးကြေညာခြင်း

တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း

Posted on Sep 15, 2025

တင်ဒါအောင်မြင်သူအား ထုတ်ပြန်ကြေညာခြင်း

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ ပြင်ဆင်သတ်မှတ်ကြေညာ

Posted on Sep 15, 2025

လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်းတို့နှင့်စပ်လျဉ်းသည့် နေ့ရက်များ ပြင်ဆင်သတ်မှတ်ကြေညာ