သာပေါင်းမြို့နယ် သာယာကုန်းကျေးရွာ ၌ VRFPစီမံကိန်း လုပ်ငန်းများစစ်ဆေး

သာပေါင်းမြို့နယ် သာယာကုန်းကျေးရွာ ၌ VRFPစီမံကိန်း လုပ်ငန်းများစစ်ဆေး

Ministry of Cooperatives and Rural Development/ Naypyitaw / March 26, 2026
image_latest

သာပေါင်းမြို့နယ် သာယာကုန်းကျေးရွာ ၌ VRFPစီမံကိန်း လုပ်ငန်းများစစ်ဆေး

သာပေါင်း၊မတ် ၂၆

     ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  သာယာကုန်းကျေးရွာ ၌ VRFP (ကျေးရွာမတည်ရန်ပုံငွေ) စီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်နေမှုအခြေအနေများကိုယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
   ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင်  သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူး ဒေါ်တင်တင်နွယ်နှင့် စီမံကိန်းတာဝန်ခံဝန်ထမ်းများကကျေးရွာစီမံကိန်းကော်မတီဝင်များနှင့်အတူသာယာကုန်းကျေးရွာ ၌ VRFPစီမံကိန်းလုပ်ငန်းများအကောင်အထည်ဖော်ဆောင် ရွက်နေမှု၊လစဉ်ဖြည့်သွင်းရမည့်ငွေစာရင်းဇယားများစနစ်တကျဖြည့်သွင်းထားရှိမှုနှင့်စီမံကိန်းဆိုင်ရာညွှန်ကြားချက်များအတိုင်းဆောင်ရွက်ထားရှိမှု အခြေအနေများကိုကြည့်ရှု စစ်ဆေးပြီးလိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့သည်။

     အဆိုပါ  သာယာကုန်းကျေးရွာ၌ ယခုအခါတွင်စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ  ၅၀ဦး၊မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၂၈ဦး၊ရေလုပ်ငန်းလုပ်ကိုင်သူ လေးဦး၊အရောင်အဝယ်လုပ်ငန်းလုပ်ကိုင်သူ ရှစ်ဦး၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းလုပ်ကိုင်သူ ဆယ်ဦး၊စုစုပေါင်းအသင်းသား၊အသင်းသူ ၁၀၀ဦးအတွက် ငွေကျပ် ၄၂၀သိန်းထိထုတ်ချေးပေးထားကြောင်း သာပေါင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဒေါ်တင်တင်နွယ်က ပြောပြ၍ သိရသည်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၉ ရက် ၊ မတ် ၂၆ ရက်၊ ကြာသပတေးနေ့။

Posted on Mar 26, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၈ ရက် ၊ မတ် ၂၅ ရက်၊ ဗုဒ္ဓဟူးနေ့။

Posted on Mar 25, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၇ ရက် ၊ မတ် ၂၄ ရက်၊ အင်္ဂါနေ့။

Posted on Mar 23, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၆ ရက် ၊ မတ် ၂၃ ရက်၊ တနင်္လာနေ့

Posted on Mar 23, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၅ ရက် ၊ မတ် ၂၂ ရက်၊ တနင်္ဂ​နွေနေ့။

Posted on Mar 22, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၄ ရက် ၊ မတ် ၂၁ ရက်၊ စ​နေနေ့။

Posted on Mar 21, 2026
AnnouncementsExplore more >

ငလျင်ဘေးကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

Posted on Mar 26, 2026

၁။ မြန်မာနိုင်ငံသည် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေး၊ မိုးကြိုးဘေးနှင့် လေပြင်းဘေးစသည့် သဘာဝဘေးများ ဖြစ်ပွားလေ့ရှိသော နိုင်ငံဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် ငလျင်ဖြစ်ပေါ်နိုင်သည့် အဓိကပြတ်ရွေ့ကြော ၄ ခုအနက် စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်မှစတင်ကာ မြန်မာနိုင်ငံအလယ်ပိုင်းကို တောင်မြောက်ဖြတ်သန်းလျက် မုတ္တမပင်လယ်ကွေ့နှင့် ကပ္ပလီပင်လယ်ပြင်အထိ ကီလိုမီတာ ၁၂၀၀ ကျော် ရှည်လျားပါသည်။

၂၀၂၆ ခုနှစ် မတ်လ ၂၄ ရက်နေ့ ရန်ကုန်မြို့၏ ဝန်းကျင်လေထုအရည်အသွေး လေ့လာဆန်းစစ်ခြင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ချက်

Posted on Mar 26, 2026

ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအနေဖြင့် ရန်ကုန်မြို့အတွင်း အောက်ဖော်ပြပါ တိုင်းတာမှတ် (၃) နေရာတွင် Ambient Air Quality Monitoring Station with Mobile Car- (AQMS Mobile Car)၊ Compact Air Quality Monitoring Station- (AQM 65) စက်များကို အသုံးပြု၍ Particulate Matter 2.5 (PM2.5)၊ Particulate Matter 10 (PM10) ၊ Sulphur Dioxide (SO2)၊ Nitro-gen Dioxide (NO2)၊ Ozone (O3) နှင့် Carbon Monoxide (CO) စသည့်အဓိက Parameter (၆)မျိုးကို (၂၄)နာရီ ပုံမှန်တိုင်းတာပြီး လေ့လာဆန်းစစ်လျက်ရှိပါသည်။