အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂၃၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း

အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှုသင်တန်းအမှတ်စဉ်(၂၃၈) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပခြင်း


Office of the Auditor General of the Union/ NPT / May 11, 2026


ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အဆင့်မြင့်စာရင်းကိုင်နှင့်စာရင်းစစ်သင်တန်းကျောင်း နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး(ရန်ကုန်၊ မကွေး၊ မန္တလေး၊ကရင်၊ မွန်)တို့တွင် တစ်ပြိုင်တည်းဖွင့်လှစ်ခဲ့သည့် အခြေခံစာရင်းကိုင်နှင့်ရုံးလုပ်ငန်းကျွမ်းကျင်မှု သင်တန်းအမှတ်စဉ်(၂၃၈) သင်တန်းဆင်းပွဲအခမ်းအနားကို ၂၀၂၆ ခုနှစ် ၊ မေလ ၅ ရက်နေ့ မွန်းလွဲ ၃:၀၀ နာရီတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး ၊ နဝရတ်ခန်းမ၌ Hybrid စနစ်ဖြင့် ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲ အခမ်းအနားတွင် ဒုတိယစာရင်းစစ်ချုပ် ဒေါ်ခိုင်ခိုင်အောင် က အမှာစကားပြောကြားရာတွင် သင်တန်းသား/သင်တန်းသူများသည် နိုင်ငံ့ဝန်ထမ်းများဖြစ် သည့်အတွက် ပြည်သူ့အကျိုးစီးပွားကိုဖော်ဆောင်ရာတွင်ထိရောက်မှုရှိစေရန်၊ လူသားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ အလုပ်တာဝန်များကို လုပ်ရည်ကိုင်ရည်ပြည့်ဝစွာ ဆောင်ရွက် နိုင်ရန်၊ နိုင်ငံတော်၏ မူဝါဒများအကောင်အထည်ဖော်ရာတွင် အထောက်အကူပြုစေရန်နှင့် လုပ်ငန်းခွင်တွင် လက်တွေ့အသုံးချနိုင်ရန် ရည်ရွယ်၍ သင်တန်းကိုဖွင့်လှစ်သင်ကြားပို့ချ ပေးခဲ့ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းကို တက်ရောက်ခြင်းဖြင့် ဝန်ထမ်းတစ်ဦးချင်းစီ၏ အရည်အသွေးတိုးတက်လာစေခြင်း၊ ဌာနဆိုင်ရာလုပ်ငန်းတာဝန်များကို စွမ်းဆောင်ရည် ပြည့်ဝစွာဆောင်ရွက်နိုင်ခြင်း၊ ပြည်သူ့ဘဏ္ဍာငွေကြေးကိုင်တွယ် သုံးစွဲစီမံရာတွင် စနစ်တကျ ဆောင်ရွက်နိုင်ခြင်း၊ စာရင်းပညာနားလည်တတ်ကျွမ်းပြီး စည်းမျဉ်းစည်းကမ်းနှင့်အညီ စာရင်းများရေးဆွဲနိုင်ခြင်း၊ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရန် တားဆီးနိုင်ခြင်းတို့ကြောင့်လုပ်ငန်း ခွင်တွင်အထောက်အကူပြုမည်ဖြစ်ကြောင်း၊ သင်တန်းမှရရှိခဲ့သည့်အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတများကို လုပ်ငန်းခွင်တွင် ထိရောက်အကျိုးရှိစွာ ပြည်လည်အသုံးချဆောင်ရွက်ကြ ရန်၊ စာရင်းပညာပိုမိုပြန့်ပွားစေရေး ပြန်လည်မျှဝေကြရန်မှာကြားလိုကြောင်း၊ ယခုအခြေခံ မှတစ်ဆင့် အလယ်အလတ်အဆင့်နှင့်အဆင့်မြင့် စာရင်းကိုင်သင်တန်းများကို ဆက်လက် တက်ရောက်ကြပြီး ကိုယ်ပိုင်အရည်အချင်းများ ပိုမိုတိုးတက်အောင်လုပ်ဆောင်ခြင်းဖြင့် ဌာန၊ အဖွဲ့အစည်းမှတစ်ဆင့် နိုင်ငံတော် အကျိုးစီးပွားများ ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်ကြပါ စေကြောင်း ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသားများကိုယ်စား ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ယွန်းဝေဖြာဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့သည်။

အဆိုပါသင်တန်းတွင် ဌာနအဖွဲ့အစည်း ( ၃၄ ) ခုမှ နေပြည်တော်တွင် သင်တန်းသား (၃၄၇) ဦး နှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်ရုံး(ရန်ကုန်၊ မကွေး၊ မန္တလေး၊ကရင်၊ မွန်) တို့တွင် သင်တန်းသား (၃၁၈) ဦး စုစုပေါင်း သင်တန်းသား (၆၆၅) ဦး တက်ရောက် ပြီးမြောက်ခဲ့ပြီး အရည်အချင်းစစ်စာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မေလ ၈ ရက်နေ့ မှ ၁၅ ရက်နေ့အထိ တစ်ပြိုင်တည်း ကျင်းပသွားမည်ဖြစ်သည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ချုပ်များနှင့်တာဝန်ရှိသူများ၊ သစ်တောဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ သင်တန်း ကထိကများနှင့်သင်တန်းသားများက နဝရတ်ခန်းမတွင်လည်းကောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ၊ သင်တန်းကထိကများ နှင့်သင်တန်းသားများက Online ဖြင့်လည်းကောင်း တက်ရောက်ခဲ့ကြသည်။

Newspapers Explore more >

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၁၁ ရက်၊ တနင်္လာနေ့။


Posted on May 11, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၁၀ ရက်၊ တနင်္ဂနွေနေ့။


Posted on May 10, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၉ ရက်၊ စနေနေ့။


Posted on May 09, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၈ ရက်၊ သောကြာနေ့။


Posted on May 08, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၇ ရက်၊ ကြာသပတေးနေ့။


Posted on May 07, 2026

၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on May 06, 2026